Home

Nokia Phone တွင်ထည့်သွင်းထားသော ဓါတ်ပုံ၊ ဗွီဒီယို စသည်များကို Lock ချပေးထားနိုင်သော GalleryLocker


                                     Nokia Mobile Phone အသုံးပြုသူများ အတွက် ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ ဓါတ်ပုံများ၊ ဗွီဒီယိုများ၊ သီချင်းများစတဲ့ Multi-media File များကို ကြည့်ရှုနိုင်သော Gallery ကို Password ပေးပြီး၊ Lock ချပေးထားနိုင်သော GalleryLocker Application ပါ။ Gallery တစ်ခုတည်းကိုသာမကပဲ၊ ဖုန်းတစ်ခုလုံးကိုပါ Lock ချပေးထားနိုင်ပြီး၊ Imcoming Call ပြန်ဖြေနိုင်ရုံမှ လွဲ၍ ကျန် Function များကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

0 comments:

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း

                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

0 comments:

မြန်မာ Internet User များအတွက် သင့်တော်သော RSS Owl News Feed Reader

                                            မိမိနှစ်သက်ရာ Website များ၊ Blog များမှ နေ့စဉ် Update News များကို ရယူပေးနိုင်သော Feed Reader များထဲမှ အင်တာနက်လိုင်းနှေးကွေးပြီး၊ အမြဲတမ်း အင်တာနက်ချိန်ဆက်ထားရန် အခက်အခဲရှိနိုင်သော မြန်မာ အင်တာနက် User များအတွက် RSS Owl Feed Reader ကသင့်တော်ပါလိမ့်မယ်။ အခြား Feed Reader Software များဖြစ်သော FeedDemon, RSS Bandit, Omea Reader, Newz Crawler, Sharp Reader စသည်တို့ထက် အဓိကအားသာသည့်အချက်များမှာ User Interface ပိုမိုကောင်းမွန်ခြင်း၊ Software စတင် Run စဉ်တွင် Loading ပြုလုပ်ချိန်နည်းခြင်း၊ Offline ကို အဆင်ပြေစွာ ဖတ်ရှုနိုင်ခြင်း၊ Google Reader နှင့် Synchronization ပြုလုပ်ပေးနိုင်ခြင်း၊ Recomanded Feed List များပါရှိခြင်း၊ မိမိနှစ်သက်ရာ Website, Blog လိပ်စာသိရုံနှင့် Feed လိပ်စာကိုရှာဖွေပေးနိုင်ခြင်း၊ Feed အမျိုးအစားများအလိုက်၊ Category ခွဲခြားထားပေးနိုင်ခြင်း၊ Label များသတ်မှတ်ပေးနိုင်ခြင်း၊ Tool bar တွင် Minimize လုပ်ထားစဉ်တွင် Auto Update ပြုလုပ်ပေးနေပြီး၊ Update News များဝင်ရောက်လာပါက၊ Notify ပြုလုပ်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပြီး၊ အသုံးအဝင်ဆုံး Function မှာ Feed Update များကို Full Content ရယူပေးနိုင်ခြင်းဖြစ်ပါတယ်။

0 comments:

WinX HD Video Converter Deluxe (Free Giveaway)

                             အသုံးများတဲ့ Video File အများစုကနေ၊ AVI, MP4, FLV, AVC, MPEG, WMV, MOV, HD AVI, HD MP4, HD MPEG, HD TS, HD WMV, HD MOV စတဲ့ Video File အသီးသီးကို HD Format နဲ့ Convert ပြောင်းလဲပေးနိုင်မယ့် WinX HD Video Converter Deluxe ကို 6/11/2011 နေ့အထိ Free Halloween Giveaway ပေးထားပါတယ်။ Video Format များအနေနဲ့သာမကပဲ၊ Device အမျိုးအစားအလိုက် ခွဲခြားပြီး iPhone, iPod, iPad, Apple TV, Apple TV HD, PSP, PS3, PS3 HD, Xbox, Xbox HD, Zune, Zune HD, PDA, Blackberry, ZEN စသည်တို့အတွက် တိုက်ရိုက် Convert ပြုလုပ်ပေးနိုင်ပါတယ်။

0 comments:

ဘုရားပုံတော် Animation Phone Wallpaper များ



0 comments: