Home

မြန်မာ Internet User များအတွက် သင့်တော်သော RSS Owl News Feed Reader

                                            မိမိနှစ်သက်ရာ Website များ၊ Blog များမှ နေ့စဉ် Update News များကို ရယူပေးနိုင်သော Feed Reader များထဲမှ အင်တာနက်လိုင်းနှေးကွေးပြီး၊ အမြဲတမ်း အင်တာနက်ချိန်ဆက်ထားရန် အခက်အခဲရှိနိုင်သော မြန်မာ အင်တာနက် User များအတွက် RSS Owl Feed Reader ကသင့်တော်ပါလိမ့်မယ်။ အခြား Feed Reader Software များဖြစ်သော FeedDemon, RSS Bandit, Omea Reader, Newz Crawler, Sharp Reader စသည်တို့ထက် အဓိကအားသာသည့်အချက်များမှာ User Interface ပိုမိုကောင်းမွန်ခြင်း၊ Software စတင် Run စဉ်တွင် Loading ပြုလုပ်ချိန်နည်းခြင်း၊ Offline ကို အဆင်ပြေစွာ ဖတ်ရှုနိုင်ခြင်း၊ Google Reader နှင့် Synchronization ပြုလုပ်ပေးနိုင်ခြင်း၊ Recomanded Feed List များပါရှိခြင်း၊ မိမိနှစ်သက်ရာ Website, Blog လိပ်စာသိရုံနှင့် Feed လိပ်စာကိုရှာဖွေပေးနိုင်ခြင်း၊ Feed အမျိုးအစားများအလိုက်၊ Category ခွဲခြားထားပေးနိုင်ခြင်း၊ Label များသတ်မှတ်ပေးနိုင်ခြင်း၊ Tool bar တွင် Minimize လုပ်ထားစဉ်တွင် Auto Update ပြုလုပ်ပေးနေပြီး၊ Update News များဝင်ရောက်လာပါက၊ Notify ပြုလုပ်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပြီး၊ အသုံးအဝင်ဆုံး Function မှာ Feed Update များကို Full Content ရယူပေးနိုင်ခြင်းဖြစ်ပါတယ်။

                                          Website/Blog အများစုတွင် Feed Content ကို အပြည့်ဖေါ်ပြပေးခြင်း မရှိပဲ၊ စာမြည်းသဘောလောက်သာ ဖေါ်ပြပေးထားတတ်ပါတယ်။ RSS Owl တွင် Full Content Button ကို Click နှိပ်ပေးရုံမျှဖြင့်၊ Feed ၏ Full Content ကို Auto Download ဆက်လက်ပြုလုပ်ပေးပါတယ်။ Feed View ကို Classic, Wide Screen, Lists, Newspaper, Headlines စသည်ဖြင့် ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ အခြား Function များလည်း စုံလင်စွာ ပါရှိပါတယ်။ Window Installer Version မှာ  4 MB ခန့် နှင့် Portable Version မှာ 15 MB ခန့်ရှိပြီး၊ Free Full Download ရယူနိုင်ပါတယ်။

0 comments: