Home

Facebook comment တွင် တိုက်ရိုက် reply ပြုလုပ်နိုင်ပြီ

            
                              Facebook တွင် comment တစ်ခုချင်းစီကို တိုက်ရိုက် reply ပြန်ရေးပေးနိုင်တဲ့ feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ မိမိတင်ထားသော အကြောင်းအရာ သို့မဟုတ် အခြားသူများ၏ အကြောင်းအရာများတွင် ယခင်က comment တစ်ခုကို reply လုပ်လိုပါက ပထမ comment ပေးခဲ့သူ၏ pofile link ကိုထည့်သွင်း၍ ဖြစ်စေ၊ နာမည်တိုက်ရိုက်ရေး၍ ဖြစ်စေ ယခင် comment ၏ အောက်မှ comment တစ်ခုထပ်ရေးပေးခြင်းဖြင့် reply လုပ်ပေးခဲ့ကြရပါတယ်။ Blog comment များကဲ့သို့ comment တစ်ခုကို တိုက်ရိုက် reply ပြုလုပ်နိုင်ရန် facebook မှ reply ဟူသည့် option ကို ထပ်မံထည့်သွင်းပေးပြီး၊ တိုက်ရိုက် အမေးအဖြေသဘော မျိုး ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ Reply option ကို comment ၏ အောက် Like ၏ ညာဘက်ဘေးနားတွင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Page တစ်ခုအတွက် တိုက်ရိုက် reply option ကိုအသုံးပြုနိုင်ရန် Admin panel ၏ အောက်နားတွင် ပြသပေးထားသော demo animation နေရာတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း Turn on Replies ကို click နှိပ်ပေးရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ အင်တာနက် စနစ်နှင့် ကမ္ဘာ့ ထိပ်သီး နည်းပညာကုမ္ပဏီ Google

Photo credit: elevenmyanmar.com
                  Google ၏ CEO Mr.Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်လည်ပါတ်သွားပီးတဲ့နောက်ပိုင်း Google မှ မြန်မာနိုင်ငံအပေါ် တားမြစ်ထားသည့် Online services အချို့ကို ပြန်လည် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ မြန်မာ domain အဖြစ် Google.com.mm ကို Mr.Eric Schmidt မလာခင်ရက်ပိုင်းအလို မှစတင်ခါ အသုံးပြုခွင့်ပေးခဲ့ပြီး ၄င်းနောက် အားလုံးမျှော်လင့်နေကြသည့် Google Play ကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် Google မှ ရာထူးအကြီးဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည့် Mr.Eric Schmidt က "လူငယ်တွေနဲ့ နည်းပညာပေါင်းစပ်လိုက်ရင် တိုင်းပြည်တစ်ပြည်ဟာ ပြီးပြည့်စုံသွားမှာပါ၊ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကတစ်ဆင့် လူကြီးမိဘတွေကို အင်တာနက်ကိုဘယ်လိုသုံးရတယ်ဆိုတာ ပြန်ပြောနေတဲ့ အသံစာစာလေးတွေကို ကြားရတာကို သူနှစ်သက်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူများဘက်မှလည်း အင်တာနက်ပိုင်းဆိုင်ရာ ထိမ်းချုပ်ထားတာတွေကို အသင့်အတင့် ရုပ်သိမ်းပေးနိုင်ခဲ့ရင် ပိုကောင်းလာမယ်လို့ ထင်ပြီး၊ "အစိုးရတွေအနေနဲ့ကတော့ သူတို့သတင်းကို အင်တာနက်ပေါ်မှာ ကောင်းသတင်းပဲရေးစေချင်ကြပြီး၊ မကောင်းသတင်းများကို ကြိုက်နှစ်သက်ကြမှာ မဟုတ်ဘူး" လို့ ပြောကြားသွားတာကိုလည်း elevenmyanmar.com မှာ ဖေါ်ပြထား ပါတယ်။

Google ကလည်း Motorola နှင့် ပေါင်းခါ စမတ်နာရီထုတ်မည်

                             Sony ၏ ထုတ်လုပ်ပြီး SmartWatch, Apple ၏ အတည်မပြုရသေးသော iWatch နှင့် Samsung ၏ အတည်ပြုပြီး Altius smart watch သတင်းများထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း Google မှလည်း စမတ်နာရီတစ်မျိုးကို ထုပ်လုပ်နေတယ်လို့ သတင်းများထွက်ပေါ်လာပြန်ပါတယ်။ Financial Times ဝဘ်ဆိုက်စာမျက်နှာမှာ ဖေါ်ပြထားတာကတော့ Google ပိုင် Motorola မိုဘိုင်းကုမ္ပဏီမှ ဝတ်ဆင်အသုံးပြုနိုင်သော Android စနစ်ဖြင့် ချိတ်ဆက်ထားသည့် ပစ္စည်းတစ်မျိုးကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ကလည်း Motorola ကုမ္ပဏီမှ MocotoACTV လို့ခေါ်တဲ့ အားကစားသုံး နှင့် သီချင်းနားထောင်နိုင်ရန် နာရီတစ်မျိုးကို ထုတ်လုပ်ခဲ့ဖူးတဲ့အတွက် လက်တွေ့မှာတော့ Apple, Samsung တို့နှင့်စာလျှင် Google ပိုင် Motorola မှ စမတ်ဖုန်း ထုတ်လုပ်မှုမှာ အတွေ့အကြုံရှိခဲ့ဖူးတယ်လို့ ပြောလို့ရပါတယ်။

Apple ID ကိုလည်း 2 step verification စနစ်စတင်ပြီ

                          Apple ID သို့မဟုတ် iTunes account လို့ခေါ်တဲ့ Apple device များအတွက် backup, sync, download ပြုလုပ်နိုင်ရန် လိုအပ်တဲ့ Account ကို log in လုပ်ရာမှာ 2 step verification ကို Apple မှ 22/ 4/13 မှာ စတင် တည်ဆောက်ပေးခဲ့ပါတယ်။ Apple ID ရှိပြီးသားသူများရော၊ အသစ်ပြုလုပ်မည့်သူများပါ ယခု 2 step verification စနစ်အတွက် စတင် sign up လုပ်နိုင်ပြီး မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။ အမေရိကား၊ အင်္ဂလန်၊ အိုင်ယာလန်၊ ႀသစေတ်းလ် နှင့် နယူဇီလန် နိုင်ငံများမှာ စတင် အသုံးပြုနိုင်ပြီလို့သိရပါတယ်။ အသုံးပြုပုံကတော့ အသုံးပြုနေကျ Apple ID နှင့် log in ဝင်လိုက်လျှင် Apple ID ပိုင်ရှင်မှ ထည့်သွင်းထားသော ဖုန်းနံပါတ်သို့ ဂဏန်း ၄ လုံးကို SMS မတ်ဆေ့ပို့ပေးမှာဖြစ်ပြီး၊ ၄င်း ဂဏန်း ၄ လုံးကိုမှန်ကန်စွာထည့်နိုင်မှသာ iPhone, iPod touch, iPad device အားလုံးမှာ log in ဝင်နိုင်မှာဖြစ်ပါတယ်။

အံ့ဖွယ် အစွမ်းများနဲ့ Google glass ကို Website နှင့်တကွ တရားဝင်မိတ်ဆက်ပြီ

                       လွန်ခဲ့တဲ့ လပိုင်းလောက်ထိအောင် ဒီဇိုင်နာများ၊ အိုင်တီဆိုင်ရာ ခန့်မှန်းအဖြေရှာသူများ အားလုံး မှန်းဆခဲ့ကြသည့် Google Glass project ကို အခုတော့ တရားဝင် Google website မှာ စတင်မိတ်ဆက်ဖေါ်ပြလိုက်ပါပြီ။ Google Glass ရဲ့ တကယ်တမ်းထွက်ရှိလာတဲ့ပုံကတော့ အထက်တွင်ပြထားသည့်အတိုင်း Video camera နှင့် laser projector အသေးစားလေးများကို မျက်မှန်၏ ညာဘက်ပိုင်းတွင် ပေါ့ပါး ကျစ်လစ်စွာ တပ်ဆင်ပေးထားပြီး၊ ညာဘက် နားနောက်ဘက်မှ မျက်မှန်ကိုင်း ထိပ်တွင် ဘက်ထရီ၊ CPU chips များ၊ network card များကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာ၏နောက်ဘက် တည့်တည့်တွင် photo နှင့် video များကို သိုလှောင်ထားပေးနိုင်မည့် flash memory စနစ် ပါဝင်နေနိုင်ပါတယ်။ ကင်မရာ၏ နောက်ဘက် အတွင်းဘက်တွင်တော့ အသံဖြင့် အမိန့်ပေးစေခိုင်းနိုင်မည့် microphone စနစ်တပ်ဆင်ထားပါတယ်။ မျက်မှန်ကိုင်းမှာ ကွေးနိုင်ဆန့်နိုင်အောင် ပြောင်းသော ပလက်စတစ် (သို့) material အမျိုးအစားတစ်ခုဖြင့် ပြုလုပ်ပေးထားပြီး၊ အနီ၊ အနက်၊ အပြာ၊ ခဲ စသည့် အေ၇ာင်များနှင့် ထုပ်လုပ်ထားပါတယ်။

built-in PDF reader ပါပြီး၊ လေးလံခြင်းမရှိတော့သည့် Firefox 19 update

                          လူသုံးများတဲ့ browser တစ်ခုဖြစ်တဲ့ Mozilla firefox မှ PDF file များကို မည်သည့် Third-party Plug-in မျှအသုံးပြုစရာမလိုပဲ ဖတ်နိုင်အောင် HTML5 ကိုအခြေခံထားသည့် built-in PDF reader ကိုထည့်သွင်းခါ Updated version 19 ထပ်မံထုပ်လုပ်လိုက်ပါပြီ။ နောက်ဆုံး Version 18 ထိအောင် firefox စတင်ဖွင့်လိုက်ချိန်တွင် နှေးကွေးလေးလံနေစေသော အမှားအယွင်း များကိုလည်း ပြန်လည် ပြင်ဆင်ပေးလိုက်တဲ့အတွက် ယခု version 19 မှာ Start-up time ကိုလည်း ပိုမိုလျှင်မြန်လာစေပါတယ်။ ထို့အပြင် Private browsing mode မှာ ပါဝင်နေတဲ့ bug အချို့ကိုလည်း ပြန်လည် ပြုပြင်ပေးထားတဲ့အတွက် ယခင် Version များထက် ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကြိုးမဲ့စနစ်ဖြင့် မျှဝေအသုံးပြုနိုင်မည့် Adata ၏ DashDrive Air AE400 (Wireless card reader)

                            စမတ်ဖုန်း များနှင့် tablet ကွန်ပျူတာများမှ desktop ကွန်ပျူတာခေတ်ကို တဖြည်းဖြည်း အစားထိုးနေရာယူ လာသည့်အနေအထားတွင် တိုင်ဝမ် အခြေစိုက် flash memory device များထုပ်လုပ်သည့် နည်းပညာကုမ္ပဏီ ADATA Technology မှ ကြိုးမဲ့ Card reader တစ်ခုကဲ့သို့ အသုံးပြုနိုင်မည့် DashDrive Air AE 400 ကို စတင်မိတ်ဆက်လိုက်ပါတယ်။ USB flash drive, SD card, External Hard disk ကဲ့သို့သော portable device များကို ယခု AE 400 တွင်ချိတ်ဆက်ခါ ၄င်း portable device များတွင်ထည့်သွင်းထားသော သီချင်းများ၊ ဗွီဒီယိုများ နှင့် အခြား file များကို mobile device များမှ အင်တာနက် လိုင်းမလိုပဲ ကြိုးမဲ့ စနစ်ဖြင့် မျှဝေ သုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။ AE 400 မှာ 802.11 b/g/n wireless hotspot စနစ်ကို အသုံးပြုထားပြီး၊ internet ချိတ်ဆက်ခါ ၄င်း device မှတစ်ဆင့် အခြား device ၁၀ ခုအထိ internet connection ကို တပြိုင်တည်း ဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple မှ iWatch ခေါ် Smart Watch ဖုန်းနာရီများ လာတော့မည်

                                   နာမည်ကျော် iDevice ပစ္စည်းများထုပ်လုပ်သည့် Apple ကုပ္မဏီမှ ထပ်မံ၍ iWatch ခေါ် Smart watch နာရီတစ်မျိုးကို ထုပ်လုပ်ဖို့ သတင်းများထွက်ရှိနေပါတယ်။ iWatch နာရီကို ကွေးနိုင်ဆန့်နိုင်တဲ့ မှန်တမျိုးဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ နာရီကို iOS operating system ထည့်သွင်းခါ လက်ရှိ iDevice များထက်မနဲသော လုပ်ဆောင်ချက်များဖြင့် ထွက်ရှိလာမည် (သို့မဟုတ်) iPhone, iPod touch, iPad များမှ ကြိုးမဲ့ချိတ်ဆက်ခါ ကြားခံ ပစ္စည်းတစ်ခု အဖြစ်သာ ထွက်ရှိလာမည် ကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိလူအများအသုံးပြုနေသော iPod nano ကိုလည်း နာရီတစ်လုံးကဲ့သို့ လက်တွင်ပါတ်ခါ အသုံးပြုနိုင်ပြီး၊ ယခု ထပ်မံထွက်ရှိမည့် iWatch မှာမူ ထို့ထက်ပိုမိုသည့် လုပ်ဆောင်ချက်များအပြင် ဖုန်းပြော၍ပါ ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ အောက်တွင် အချို့ဒီဇိုင်နာ ဖန်တီးရှင်များ ခန့်မှန်းပုံဖေါ်ထားသော Apple iWatch များကို ကြည့်ရှုနိုင်ပါတယ်။ iWatch အတွက် ဖြစ်လာနိုင်ဖွယ်ရှိသည့် ကွေးနိုင်ဆန့်နိုင်သည့် မှန်များကို Apple မှ စတင်ထုတ်လုပ်နေပြီဟု Times မဂ္ဂဇင်းမှာ ဖေါ်ပြထားပါတယ်။

Firefox အပါအဝင် Browser များ update ပြုလုပ်သင့်တဲ့ Adobe Flash Plug-in Security Update

                                  အွန်လိုင်း အသုံးပြုသူအများစု ကွန်ပျူတာတစ်လုံးရှေ့ရောက်လျှင် စတင်အသုံးပြုတဲ့ Program က browser တစ်ခုခု ပဲဖြစ်ပြီး၊ လက်ရှိအချိန်ထိ ပြည်တွင်းရော ပြည်ပမှာပါ Mozilla ရဲ့ Firefox ကို အသုံးများကြပါတယ်။ ၄င်း firefox အသုံးပြုသူအများစု လက်တလော ရင်ဆိုင်နေကြရသည်မှာ ရံဖန်ရံခါ crash ဖြစ်ခါ ပြုတ်ကျခြင်း၊ freeze, not responding ဖြစ်ခါ အသုံးပြု၍ မရတော့ပဲ ရပ်ဆိုင်းနေခြင်း များပဲဖြစ်ပါတယ်။ Firefox အပါအဝင် browser များတွင် video နှင့် flash ဖိုင်များကို အဆင်ပြေစွာ ကြည့်ရှုနိုင်စေသော plug-in တစ်ခုဖြစ်သည့် flash player plugin update 11.5.502.146 မှာ browser တော်တော်များများကို crash ဖြစ်စေသည့် malicious Flash SWF file များအလွယ်တကူ ဝင်ရောက်စေနိုင်တဲ့ အားနည်းချက်များရှိနေခဲ့တယ်လို့ Adobe ရဲ့ support page မှာ ဖေါ်ပြထားပါတယ်။

Evasi0n Tool ဖြင့် iOS 6 မှ 6.1 အထိ Jailbreak ပြုလုပ်ပုံ အသေးစိတ်

                            iOS 6, iOS 6.0.1, iOS 6.0.2 နှင့် iOS 6.1 သုံး iDevice များအတွက် Eavasi0n ရဲ့ Untethered Jailbreak tool ထွက်ရှိလို့လာပါပြီ။ ၄င်းတို့ကြေညာထားသည့် ရက်မှ အနည်းငယ် နောက်ကျထွက်ရှိခဲ့ပေမယ့် လောလောဆယ် iOS 6 ကနေ 6.1 အထိ untethered jailbreak လုပ်ဖို့အတွက်တော့ ပထမဦးဆုံး tools တစ်ခုဖြစ်နေပါတယ်။ Jailbreak လုပ်လို့ရမယ့် မော်ဒယ်တွေကတော့  iPhone 3GS, iPhone 4, iPhone 4S နှင့် iPhone 5, iPad 2, iPad 3, iPad 4 နှင့် iPad mini, iPod Touch 4G နှင့် iPod Touch 5G, Apple TV 2 တို့ပဲဖြစ်ပါတယ်။ 

လက်တွေ့ လက်ဆောင်ပေးနိုင်မယ့် Facebook ရဲ့ Gift Card လာတော့မည်

                                 Facebook သူငယ်ချင်းများ အတွက် မွေးနေ့လိုနေ့မျိုးတွေမှာ Facebook built-in application တွေသုံးပီး လက်ဆောင်ပေး၊ မွေးနေ့ဆုတောင်း ပြုလုပ်နေသူများအတွက် ထို့ထက်ပိုမိုလက်တွေ့ဆန်သော လက်ဆောင်ပေးခြင်း တစ်ခုကို Facebook မှ စတင်စမ်းသပ်နေပါပြီ။ Newyork မြို့မှာရှိတဲ့ Target, Jamba Juice နှင့် Olive Garden အစရှိတဲ့ အထင်ကရ ဆိုင်တွေမှာ ဝယ်ယူသုံးစွဲနိုင်မယ့် facebook gift card ကိုစတင် စမ်းသပ်သုံးစွဲမှုတွေပြုလုပ်နေပါပြီ။ လက်ဆောင်ပေးတဲ့ အပိုင်းမှာ facebook အသုံးပြုသူ သူငယ်ချင်းများအချင်းချင်း ချောကလတ်များ၊ ပန်းစည်းများ အစရှိသည့် ပစ္စည်းများကို ပေးပို့နိုင်မျာဖြစ်ပါတယ်။ နောက်တစ်ပါတ် ကြာသာပတေးနေ့ကနေစတင်ပြီးတော့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းအသုံးပြုနိုင်မယ့် facebook gift ကဒ်များကို စတင်အသုံးပြုနိုင်မယ် လို့ ကြေငြာထားပါတယ်။

iOS 6.0 မှ 6.1 iDevice များအတွက် Evasi0n ၏ Untertnered jailbreak တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၁၂ ခွဲ ထွက်မည်

                                    iOS 6.1/6.0.2/6.0.1/6.0 သုံး Apple iDevices များအားလုံးအတွက် Untethered Jailbreak software ကို Evasi0n မှ လာမယ့် တနင်္ဂနွေနေ့ (3/2/13) မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲ မှာ စတင် မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ Evasi0n iOS 6.1 untethered jailbreak tool ကိုအသုံးပြုပြီး၊ iPhone 5,iPhone 4S, iPhone 4, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4, Apple TV 2 များအားလုံး ကို jailbreak ပြုလုပ်နိုင်မှာဖြစ်ပြီး Apple TV 3 အတွက်တော့ ယခု version နှင့်မရသေးကြောင်း Evasi0n ရဲ့ blog မှာ ဖေါ်ပြထားပါတယ်။ အခြားနိုင်ငံများအတွက် Evasi0n Jailbreak tool ကို ထုတ်ဖေါ်ပြသမည့် အချိန်ကိုတော့ အထက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။

iOS, Android နှင့် Window 8 OS များကို ယှဉ်ပြိုင်မည့် Blackberry 10 (BB10) mobile operating system

                              
                                     Apple ရဲ့ iOS သုံး iDevice များ, Google ၏ Android နှင့် Microsoft ရဲ့ Window 8 OS သုံး နာမည်စုံ mobile device များအကြားမှာ ယခင်က နာမည်ကျော်လူကြိုက်များခဲ့တဲ့ ကနေဒါနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ RIM (Research In Motion ltd) ဟာ ဒီကနေ့တော့ သူ့ရဲ့ မူပိုင် Operating system အသစ် တစ်ခုဖြစ်တဲ့ Blackberry 10 ကို စတင်မိတ်ဆက်ခဲ့ပါပြီ။ လက်ရှိ Blackberry ဖုန်းများမှာ အသုံးပြုနေတဲ့ Blackberry operating system နဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းသစ်တဲ့ feature များအပြင်၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ၊ သီချင်းများ၊ ဂိမ်းများ နှင့် အသုံးဝင် ဆော့ဖ်ဝဲများ ပါဝင်သည့် Application ပေါင်း ၇၀၀၀၀ ကျော်ကိုလည်း Blackberry 10 OS မှာ support လုပ်သွားမှာဖြစ်ပါတယ်။

ရွှေသားဖြင့်ပြုလုပ်ထားသော Ammo USB flash device လေးများ



                               စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Strontium Technology မှ Ammo ဟုခေါ်သည့် ၂၄ ကာရတ် ရှိ ရွေသားအကာဖြင့်ပြုလုပ်ထားသော USB Flash Drive များကို ထုပ်လုပ်လိုက်ပါတယ်။ သိုလှောင်နိုင်မှုပမာဏ 16 GB ကနေ 64 GB ထိ ရရှိနိုင်ပြီး၊ ဈေးနှုန်းကတော့ 16 GB အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လခန့်ကျသင့်မည်ဖြစ်ပြီး၊ 64 GB အတွက်တော့ ၄၆ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ အားနဲချက်ကတော့ USB 2.0 system ကို သာ အသုံးပြုထားခြင်းပဲဖြစ်ပြီး၊ Windows PC, notebook PC များနှင့် Apple ၏ iMac နှင့်MacBook များမှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Apple mobile device များအတွက် အသစ်ထွက် iOS 6.1 Features & Download

                              Apple mobile device များဖြစ်သည့် iPad, iPhone, iPod touch များအတွက် Operating System Firmware အသစ် iOS 6.1 ကို Apple မှ တရားဝင် update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသစ်ထပ်မံထည့်သွင်းပေးလိုက်တဲ့ Feature များကတော့ နောက်ဆုံးပေါ် mobile network တစ်ခုဖြစ်တဲ့ LTE (Long Term Evolution) network ပါဝင်လာခြင်း၊ အမေရိကားတွင် အသုံးပြုသူများအတွက် ရုပ်ရှင်လက်မှတ်များကို Siri မှတစ်ဆင့် အမိန့်ပေးစေခိုင်းခါ ဝယ်ယူနိုင်ခြင်း၊ iTunes Match subscribers များအတွက် သီချင်းများကို iCloud မှတစ်ဆင့် ဝယ်ယူ download လုပ်နိုင်ခြင်း၊ ကြော်ငြာများကို ခြေရာခံသည့်စနစ်ကို လွယ်ကူစွာ reset ပြုလုပ်စေနိုင်မည့် Advertising Identifier reset button ပါဝင်ခြင်း၊ Apple TV ကို iPad, iPhone, iPod touch တစ်ခုခုမှတစ်ဆင့် Bluetooth စနစ်အသုံးပြုထားသည့် Keyboard ဖြင့် စေခိုင်းနိုင်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။

128 GB ဆံ့ Apple ရဲ့ iPad 4 လာတော့မည့်

                                လက်ရှိအသုံးပြုနေသည့် Apple ရဲ့ iPad တွေမှာ အများဆုံး 64 GB ထိအောင် data များသိုလှောင်နိုင်သည့် ပမာဏရှိနေပြီး၊ ထို့ထက်ပိုမို သိုလှောင်နိုင်မယ့် iPad ကို Apple တို့ စတင် ထုတ်လုပ်ဖို့ရန် ရည်ရွယ်နေကြပါပြီ။ ဆက်လက်ထုတ်လုပ်မယ့် iPad ရဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 128GB flash memory ရှိမှာဖြစ်ပြီး၊ အပြင်ပိုင်း ဒီဇိုင်းနှင့် အခြား function များကိုတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးကြောင်း 9to5mac.com မှာ ဖေါ်ပြထားပါတယ်။ လက်တလော အပြိုင်အဆိုင်များပြီး၊ ထင်သလောက် ဈေးကွက်မရခဲ့တဲ့ အနေအထားကို ပြန်လည် ထိမ်းသိမ်းနိုင်စေရန် ရည်ရွယ် ချက်ဖြင့် အဆောတလျင် ထုတ်လုပ်မည့် 128 GB ဆံ့ Apple iPad မှာ ယခင် iPad များကဲ့သို့ပင် အဖြူနှင့် အနက် ၂ ရောင်လာမည်ဖြစ်ပြီး၊ Wifi သီးသန့် နှင့် Wifi+ Cellularဗားရှင်း နှစ်မျိုးထွက်လာမှာ ဖြစ်ပါတယ်။ 

face-recognition ပြုလုပ်နိုင်ခြင်းမှ ကာကွယ်နိုင်သည့် မျက်မှန်


                              Face-recognition လို့ခေါ်တဲ့ ကင်မရာ အတော်များများမှာ ပါဝင်တဲ့ မျက်နှာဖတ်သည့် စနစ် ကိုကာကွယ်နိုင်ရန် ဂျပန်နိုင်ငံ မှ Isao Echizen ဆိုသူ သိပ္ပံပညာရှင် တစ်ယောက်က မျက်မှန်တစ်လက်ကို တီထွင်လိုက်ပါတယ်။ အဆိုပါမျက်မှန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော near-infrared LEDs ဟုခေါ်သည့် မီးလုံးလေးများကို face-recognition စနစ်မှ အများဆုံး ဖတ်ရှုသည့် မျက်နှာ၏ အစိတ်အပိုင်းများဖြစ်သည့် မျက်လုံး၊ မျက်ခုံးနှင့် နှာတံများအနီးတွင် တပ်ဆင်ထားပါတယ်။ ၄င်းမျက်မှန်ကိုတပ်ဆင်ထားသူအား face-recognition စနစ်ပါဝင်သည့် ကင်မရာတစ်ခုခုနှင့် ရိုက်ကူးလိုက်ပါက မျက်မှန်တွင်တပ်ဆင်ပေးထားသော မီးလုံးလေးများမှ digital noise ဟုခေါ်သည့် ပုံမှန်မဟုတ်သော မလိုလားအပ်သည့် အရောင်များကို အလိုအလျှောက်ဖန်တီးပေးခြင်းဖြင့် Auto face-recognition ပြုလုပ်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Android mobile device များအတွက် Temple Run 2 ထွက်ရှိ



                           ပြီးခဲ့တဲ့ အပါတ်က Apple mobile device များအတွက် စတင်မိတ်ဆက်ခဲ့တဲ့ နာမည်ကြီးလူကြိုက်များတဲ့ Temple run 2 ဂိမ်းဟာ Android OS သုံး mobile device များအတွက်လည်း ထွက်ရှိလာပါပြီ။ ယခင် Temple run ဂိမ်း ထက် ပိုမိုကောင်းမွန်တဲ့ Graphic design များနှင့် ပြေးလမ်းများ ၊ power-up function များ၊ Achievement များ၊ Character များကို ယခင် Temple run ထက်ပိုမိုကောင်းမွန်အောင် ဖန်တီးပေးထားပြီး၊ ယခင်ဂိမ်းနှင့်မတူသည့်အချက်ကတော့ လမ်းကြောင်းမှားလျှင်ဖြစ်စေ၊ ခလုပ်တိုက်၍ဖြစ်စေ မိမိ၏ character သေဆုံးသွားပါက "Save me" ဟူသည့် function ကိုအသုံးပြုပြီး၊ ရောက်ရာနေရာမှ ဆက်ပြေးနိုင်ခြင်းပဲဖြစ်ပါတယ်။

ရှေ့နောက်ကင်မရာများမှ တပြိုင်တည်း ရိုက်ကူးနိုင်မည့် LG Optimus G Pro ဖုန်း

LG's Optimus G Pro ဖုန်းကို ရှေ့ပိုင်းမှမြင်ရပုံ
                               LG electronic ကုမ္ပဏီကထုတ်လုပ်တဲ့ ၅ လက်မအရွယ်ရှိတဲ့ LG Optimus G Pro (L-04E) ဖုန်း ဟာ full HD 1080p အရည်အသွေးနဲ့ ထွက်ရှိလို့လာပါပြီ။ 1.7 GHz အမြန်နှုန်းရှိတဲ့ Snapdragon S4 Pro APQ8064 processor တပ်ဆင်ထားပြီး၊ RAM ကိုတော့ 2GB ထည့်သွင်းပေးထားပါတယ်။ နောက်ဆုံး ထွက် Android 4.1 Jelly Bean စနစ်ဖြစ်ခါ၊ ယခင်ထွက်ရှိပြီးသား Optimus G ဘက်ထရီထက် ပိုမိုကြာရှည်ခံအသုံးပြုနိုင်သည့် 3000mAh ဘက်ထရီ တပ်ဆင်ထားသော်လည်း 10.1 မီလီမီတာ အထူနှင့် 160 ဂရမ် သာလေးတဲ့အတွက် ဘက်ထရီ အနည်းငယ်ပိုကြီးလာသည်နှင့်စာလျှင် ဖုန်း၏ အထူနှင့် အလေးချိန်တို့မှာ မပြောပလောက်ပါဘူး။