မြန်မာနိုင်ငံ၏ အင်တာနက် စနစ်နှင့် ကမ္ဘာ့ ထိပ်သီး နည်းပညာကုမ္ပဏီ Google
![]() |
Photo credit: elevenmyanmar.com |
အဓိကအနေနှင့် Google Search Engine, Google translation (အွန်လိုင်း ဘာသာပြန်စနစ်) နှင့် Google Map ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကို ရည်ရွယ်တယ်လို့သိရပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လူဦးရေတစ်ရာလျှင် တစ်ယောက်သာ အင်တာနက်အသုံးပြုနိုင်ပြီး၊ ၁၀ ယောက်မှာ မိုဘိုင်းဖုန်းများကို အသုံးပြုလျှက်ရှိနေရတဲ့အကြောင်းအရင်းဟာ အင်တာနက်အသုံးပြုခနှုန်းထားများ ကြီးနေသေးတာလည်း တစ်ချက်အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဝါရှင်တန်အခြေစိုက် CSIS (Center for Strategic and International Studies) မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ "ဒါဟာ အမေရိကန်ကုမ္ပဏီအတွက် သေချာပေါက် အကျိုးမရှိစေမယ့် အလုပ်တစ်ခုပဲ၊ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ အခုလိုမျိုး လုပ်ပိုင်ခွင့်တွေမပေးသင့်သေးဘူး၊ ဒါမှမဟုတ်ရင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းတစ်မျိုးပဲ" လို့ပြောကြားသွားတာကို npr.org မှာဖေါ်ပြထားပါတယ်။ လက်ရှိအနေအထားမှာ Google မှ online service များအသုံးပြုခွင့်တားမြစ်ထားခြင်းကို စမ်းသပ်အနေအထားဖြင့် လျှော့ချနေသော်လည်း Google Adsense ကဲ့သို့သော အွန်လိုင်းပေါ်မှ တိုက်ရိုက်ပိုက်ဆံရှာနိုင်သည့် service များကို တော့ ပိတ်ပင်တားမြစ်ထားနေဆဲပင်ဖြစ်ပါတယ်။
0 comments: