Apple မှ Smart Pen ခေါ် စမတ် ကွန်ပျူတာ ဘောပင် ထုတ်မည်
![]() |
photo: cdn.psfk.com |
ဒါ့အပြင် accelerometers ခေါ် လှုပ်ရှားမှုအလိုက် ဘာသာပြန်ပေးသည့် စနစ်ပါဝင်သောကြောင့် လက်ရေးမှတစ်ဆင့် computer text အဖြစ်သို့ ပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ- အီးမေးတစ်စောင်ပို့လိုပါက ရေးသားလိုသော စာများကို အဆင်ပြေရာ မျက်နှာပြင်ပေါ်တွင် ဘောပင်နှင့်ချရေးခါ ၄င်းစာသားများကို ဘောပင်တွင်ထည့်သွင်းထားသော accelerometers နှင့် CPU မှတစ်ဆင့် handwriting to text ပြောင်းလဲပေးပြီး၊ အီးမေးပေးပို့နိုင်မှာဖြစ်ပါတယ်။ microphone နှင့် speaker ပါပါဝင်ပြီး speech-to-text နှင့် text-to-speech စနစ်၂ မျိုးလုံးပါဝင်ခါ အသံဖြင့်ရော စာရေးခြင်းဖြင့်ပါ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ Input command ပေးစရာ keyboard မပါဝင် သည့်အပြင်၊ touchscreen display မှာလည်း သေးငယ်နေမည်ဖြစ်သောကြောင့် အထက်ပါ text-to-speech စနစ်များမှာ အဓိက input command ပေးစရာ စနစ်များဖြစ်နေပါတယ်။
အားပြန်လည်ဖြည့်သွင်းနိုင်သော rechargable battery ပါဝင်သည့် Smart Pen ကို portable computer device အဖြစ် သီးသန့်သုံးနိုင်ရုံမကပဲ ကွန်ပျူတာ သို့မဟုတ် tablet နှင့် မိုဘိုင်းဖုန်းများဖြင့်ပါ input device တစ်ခုအဖြစ် တွဲဖက်အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ GPS စနစ်ပါဝင်သောကြောင့် တွဲဖက်ထားသော ကွန်ပျုတာသို့မဟုတ် mobile device များ၏ location tracking စနစ်များနှင့် အခြား location ဆိုင်ရာ အချက်အလက်များကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။
0 comments: