Home

Facebook for Android 2.3 နှင့် Facebook for iOS 5.6 download


                      Facebook 2.3 for Android နှင့် Facebook 5.6 for iOS update မှာ Android device များနှင့် အိုင်ဖုန်းအသုံးပြုသူများအတွက် Profile cover photo ကိုအလွယ်တကူ ပြောင်းလဲတင်ပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Profile view ကနေ Cover photo ပေါ်မှာ တစ်ချက်ထောက်ပြီး Cover photo update လုပ်တဲ့ Option မှ တစ်ဆင့် ဓါတ်ပုံများကို တိုက်ရိုက်တင်နိုင်ပါတယ်။ ဒါ့အပြင် Android ရော iOS version မှာပါ group မတ်ဆေ့ပို့ရတာ ပိုမိုလွယ်ကူလာစေပြီး၊ group conversation များပြန်လည်ရှာဖွေနိုင်ရန် လည်း Update ပြုလုပ်ပေးထားပါတယ်။ Android version 2.3 မှာ News feed မှာ Hide stories နှင့် Report spam option များထပ်မံထည့်သွင်းပေးထားတဲ့အတွက် report ပြုလုပ်လိုတဲ့အချိန်မှာ အဆင်ပြေစေပါတယ်။ အခြား improvement နှင့် bug fixes များလည်းပါဝင်ပါတယ်။

Notification မှတစ်ဆင့် function အသစ်များပြုလုပ်နိုင်သော Gmail for Android 4.3 APK

                      Android mobile ဖုန်းများအတွက် Official Gmail application အသစ်ထွက် 4.3 ပါ။ ယခု Version အသစ်မှာ Notification အသိပေးစနစ် အတွက် ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်ပေးထားပြီး၊ notification drawer မှတစ်ဆင့် reply, archive, delete စသည်တို့ကို တိုက်ရိုက်ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Email တစ်စောင်ဝင်လာတိုင်း Gmail application ဖွင့်ပြီး အထက်ပါ function လုပ်ဆောင်ချက်များကို သီးသန့် ဆောင်ရွက်စရာမလိုပဲ notification bar မှတိုက်ရိုက် ပြုလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် Memory စားသက်သာခြင်း၊ အချိန်မြန်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေတဲ့အတွက် update ပြုလုပ်ထားသင့်ပါတယ်။

ကမ္ဘာ့တန်ဘိုးကြီးဖုန်း စာရင်းဝင် နောက်ဆုံးထွက် Vertu Ti မိုဘိုင်းဖုန်း

                       ပြောင်းလဲတိုးတက်လာတဲ့ မိုဘိုင်းဖုန်း ခေတ်ထဲမှာ luxury branded မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံ Vertu ကုမ္ပဏီမှ တန်ဘိုးကြီး hardware များနဲ့ပြုလုပ်ထားတဲ့ Vertu Ti အမည်ရှိ Android 4.0 (Ice Cream Sandwich) စနစ်ဖုန်းတစ်လုံး ထုပ်လုပ်လိုက်ပါတယ်။ Vertu Ti မှာ ၄င်းကုမ္ပဏီ၏ ဒုတိယမြောက် Touch screen phone တစ်လုံးဖြစ်ပြီး ပထမ မျိုးဆက် Vertu Constellation touch screen ဖုန်းကိုတော့ Symbian စနစ်ကို အသုံးပြုထားခါ အခြားဖုန်းများကတော့ java စနစ် key pad ဖုန်းများဖြစ်ပါတယ်။ ဖုန်းများကို လက်လုပ် (hand-made) စနစ်ဖြင့်တိကျသေသပ်စွာ ပြုလုပ်ပေးခြင်း၊ အသုံးပြုထားသော ဖုန်းကိုယ်ထည်များ၊ ကင်မရာများ၊ ခလုပ်များ၊ screen များ၊ စသည်တို့ကို တန်ဖိုးကြီး ရတနာများ၊ သားရေအစစ်များ၊ တန်ဖိုးကြီး သတ္ထုများဖြင့် ပြုလုပ် ထားခြင်း စသည်တို့ကြောင့် Vertu ကုမ္ပဏီထုတ်ဖုန်းများမှာ တန်ဖိုးအလွန်အမင်းမြင့်မားပြီး၊ လက်ဝတ်ရတနာတစ်ခုကဲ့သို့ တန်ဖိုးထား ကိုင်ဆောင်ကြပါတယ်။   

Samsung, HTC, Motorola, Sony, LG ဖုန်းများအတွက် လျှို့ဝှက် code များ

                              လက်ရှိ update ဖြစ်တဲ့  Samsung, HTC, Motorola, Sony, LG ဖုန်းများအတွက် လျှို့ဝှက် code များကို ရှာဖွေတွေ့ရသလောက် ပြန်လည် မျှဝေလိုက်ပါတယ်။ အချို့ဖုန်းများမှာ အဆင်မပြေနိုင်ပေမယ့် ဖုန်းတော်တော်များများမှာ အဆင်ပြေပါတယ်။ သေချာနားမလည်သည့် လျှို့ဝှက်ကုဒ်များကို စမ်းသပ်မသုံးမပြုမှီ မိမိ၏ဖုန်းရှိ data များအား အရင်ဆုံး backup လုပ်ထားသင့်ပါတယ်။

ဖုန်းရော tablet ပါသုံးနိုင်မည့် Asus PadFone infinity (2 in 1) smart device

                      လွန်ခဲ့တဲ့ ရက်အနဲငယ်ကပဲ Asus ကုမ္ပဏီဟာ PadFone infinity လို့ခေါ်တဲ့ Tablet အဖြစ်ရော၊ စမတ်ဖုန်းတစ်လုံး အဖြစ်ပါ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Smart device မျိုးဆက် နောက်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းကို tablet dock ထည့်သွင်းတပ်ဆင်ရုံဖြင့် ၁၀.၁ လက္မ မျက်နှာပြင်ကျယ် Tablet တစ်လုံးကို စမတ်ဖုန်းတွင်ပါဝင်သည့် စွမ်းဆောင်ချက်များအတိုင်း ကိုင်ဆောင်ခွင့်ရရှိနိုင်မှာဖြစ်ပြီး၊ ဖုန်းသီးသန့်အသုံးပြုလိုချိန်တွင် tablet dock မှပြန်ဖြုတ်ခါ ပေါ့ပါးစွာအသုံးပြုနိုင်အုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကတည်းက PadFone နှင့် PadFone 2 ဟူ၍ နှစ်မျိုးထုပ်လုပ်ခဲ့ပြီး၊ ယခု PadFone infinity မှာတော့ ပိုမိုထူးခြားကောင်းမွန် အောင် update ပြုလုပ်ပေးထားပါတယ်။

အနက်ရောင် နောက်ခံ Facebook Application နှင့် Facebook Messenger Application (modified versions)


                          Android ဖုန်းများအတွက် နောက်ဆုံးထွက် Official facebook Application 2.2.1 နှင့် Facebook Messenger 2.2.5 ကို မသုံးပဲ ပိုမိုထူးခြားသည့် နောက်ခံ ဒီဇိုင်းဖြင့် အသုံးပြုလိုသူများအတွက် အနက်ရောင် နောက်ခံဒီဇိုင်းများဖြင့် ပိုမိုထူးခြားသည့် modified version များဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ feature များကတော့ နောက်ဆုံး official ထွက် version ကဲသို့ပင်ဖြစ်ပြီး နောက်ခံ ဒီဇီုင်းလေးတစ်ခု သာ ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ Facebook application အတွက် အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားနှင့် အပြာရောင်စာသားများဖြင့် နှစ်မျိုးရရှိနိုင်ပြီး Facebook Messenger အတွက် တော့ အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားဖြင့် ရယူနိုင်ပါတယ်။ ယခင် official version များကို Uninstall ပြုလုပ်ပြီးမှသာ ယခု Modified version များကို install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Android ဖုန်းများအတွက် Dropbox 2.3.2 modified version များ

               
                            Android ဖုန်းများအတွက် Dropbox application ကို ဆန်းသစ်တဲ့ နောက်ခံ background များနဲ့ အသုံးပြုလိုသူများအတွက် Black Dropbox (အနက်ရောင်နောက်ခံ) နှင့်
Xparent Dropbox (Transformer design) များကို ပြန်လည်မျှဝေ လိုက်ပါတယ်။ နောက်ဆုံးထွက် Version 2.3.2 ကိုပြန်လည် modified ပြုလုပ်ထားခြင်းဖြစ်ပြီး၊ install ပြုလုပ်ရန် အတွက် ယခင် ရှိပြီးသား official dropbox version ကို ပြန်လည် uninstall ပြုလုပ်ပြီးမှသာ install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Sign in ပြုလုပ်ရာတွင် ယခင်ရှိပြီးသား အကောင့်ကိုအသုံးပြုပြီး၊ ပုံမှန် sign in ဝင်နေကြအတိုင်း ဝင်ပေးရမှာဖြစ်ပါတယ်။ 5 MB ခန့်ရှိပြီး Android Version 2.2 နှင့် အထက်မှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကြိုးမဲ့စနစ်ဖြင့် မျှဝေအသုံးပြုနိုင်မည့် Adata ၏ DashDrive Air AE400 (Wireless card reader)

                            စမတ်ဖုန်း များနှင့် tablet ကွန်ပျူတာများမှ desktop ကွန်ပျူတာခေတ်ကို တဖြည်းဖြည်း အစားထိုးနေရာယူ လာသည့်အနေအထားတွင် တိုင်ဝမ် အခြေစိုက် flash memory device များထုပ်လုပ်သည့် နည်းပညာကုမ္ပဏီ ADATA Technology မှ ကြိုးမဲ့ Card reader တစ်ခုကဲ့သို့ အသုံးပြုနိုင်မည့် DashDrive Air AE 400 ကို စတင်မိတ်ဆက်လိုက်ပါတယ်။ USB flash drive, SD card, External Hard disk ကဲ့သို့သော portable device များကို ယခု AE 400 တွင်ချိတ်ဆက်ခါ ၄င်း portable device များတွင်ထည့်သွင်းထားသော သီချင်းများ၊ ဗွီဒီယိုများ နှင့် အခြား file များကို mobile device များမှ အင်တာနက် လိုင်းမလိုပဲ ကြိုးမဲ့ စနစ်ဖြင့် မျှဝေ သုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။ AE 400 မှာ 802.11 b/g/n wireless hotspot စနစ်ကို အသုံးပြုထားပြီး၊ internet ချိတ်ဆက်ခါ ၄င်း device မှတစ်ဆင့် အခြား device ၁၀ ခုအထိ internet connection ကို တပြိုင်တည်း ဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Android ဖုန်းများတွင် Free voice call, video call, message ပေးပို့နိုင်သော Tango (update 2.6.3)


                                   နိုင်ငံတကာသို့ အခမဲ့ SMS , Voice နှင့် Video call ခေါ်ဆိုနိုင်မယ့် Android application တစ်ခုပါ။ 3G သို့မဟုတ် Wifi အင်တာနက်လိုင်းတစ်ခုခု ကိုအသုံးပြုပြီး မိမိ၏ ဖုန်းနံပါတ်ဖြင့် register လုပ်ပေးခါ အသုံးပြုရမှာဖြစ်ပါတယ်။ Message ပို့ဆောင်ရာမှာ Animation ရုပ်ပုံများ၊ Avatar များ၊ Emotion ရုပ်ပုံလေးများကိုပါ ထည့်သွင်း ပေးပို့နိုင်ပါတယ်။ ယခုနောက်ဆုံးထွက်လာတဲ့ update 2.6.37045 မှာ Tango Chat အတွင်းမှာ အသုံးပြုခဲ့တဲ့ Picture များနှင့် video များကို Central Gallery မှာ အလွယ်တကူပြန်လည်ရှာဖွေ နိုင်အောင် စီစဉ်ပေးထားပါတယ်။

လေးလံနှေးကွေးသော Android ဖုန်းများအတွက်ရှိထားသင့်သည့် Advaned Mobile Care 2.01

                           လေးလံနှေးကွေးနေသော Android device များအတွက် အသုံးဝင်သည့် Application တစ်ခုပါ။ Antivirus application, System booster application များစွာရှိသည့်အနက် ယခု iObit မှထုတ်လုပ်သည့် Advanced Mobile Care application ကတော့ Antivirus, နောက်ခံ background တွင်ပွင့်နေသော application များကို သတ်ပေးနိုင်သည့် Task Killer, Game ကစားရာတွင် ပိုမိုလျှင်မြန်စေမည့် Game booster, System repair, ဖုန်းနံပါတ်များ ကို သိမ်းဆည်းထားပေးနိုင်မည့် Cloud backup နှင့် ဖုန်းအတွင်းပါဝင်သည့် photo, video အပြင် အခြား file များကိုပါ encrypt လုပ်ခါ password ဖြင့် lock ချပေးထားနိုင်သော Privacy locker, Battery သက်တမ်းကို ကြာရှည်ခံစေနိုင်သည့် Battery saver စသည့်အလုံးစုံပါဝင်သော  all-in-one application တစ်ခုဖြစ်ပါတယ်။

iOS, Android နှင့် Window 8 OS များကို ယှဉ်ပြိုင်မည့် Blackberry 10 (BB10) mobile operating system

                              
                                     Apple ရဲ့ iOS သုံး iDevice များ, Google ၏ Android နှင့် Microsoft ရဲ့ Window 8 OS သုံး နာမည်စုံ mobile device များအကြားမှာ ယခင်က နာမည်ကျော်လူကြိုက်များခဲ့တဲ့ ကနေဒါနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ RIM (Research In Motion ltd) ဟာ ဒီကနေ့တော့ သူ့ရဲ့ မူပိုင် Operating system အသစ် တစ်ခုဖြစ်တဲ့ Blackberry 10 ကို စတင်မိတ်ဆက်ခဲ့ပါပြီ။ လက်ရှိ Blackberry ဖုန်းများမှာ အသုံးပြုနေတဲ့ Blackberry operating system နဲ့ လုံးဝမတူတဲ့ ထူးခြားဆန်းသစ်တဲ့ feature များအပြင်၊ ရုပ်ရှင်များ၊ တီဗွီရှိုးများ၊ သီချင်းများ၊ ဂိမ်းများ နှင့် အသုံးဝင် ဆော့ဖ်ဝဲများ ပါဝင်သည့် Application ပေါင်း ၇၀၀၀၀ ကျော်ကိုလည်း Blackberry 10 OS မှာ support လုပ်သွားမှာဖြစ်ပါတယ်။

Android ဖုန်းများအတွက် iTunes ကဲ့သို့ လုပ်ဆောင်ပေးနိုင်သော SnapPea

                            
                              Apple mobile device များအားလုံး ကို iTunes အသုံးပြုခါ သီချင်းများ၊ ဗွီဒီယိုများ၊ ဂိမ်းများ ထည့်သွင်း သကဲ့သို့ Android device များအတွက် media file များ၊ application များကို ထည့်သွင်း စီစဉ်ပေးနိုင်မယ့် SnapPea လို့ခေါ်တဲ့ window software ပါ။ မိမိ၏ Android ဖုန်းကို USB connection ဖြင့်သော်လည်းကောင်း Wifi network တစ်ခုတည်းတွင် ချိတ်ဆက်​​ ၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုသော application များကို Google play store တွင် သွားရောက် download လုပ်စရာမလိုပဲ SnapPea မှတိုက်ရိုက် download ပြုလုပ်ခါ Install ပြုလုပ်နိုင်သည့်အပြင် ဖုန်းအတွင်းယခင်ကရှိပြီးသား application များကိုလည်း ကွန်ပျူတာတွင် backup လုပ်ထားနိုင်ပါတယ်။

Firefox နှင့် Google Chrome သုံးသူများအတွက် မြန်မာစာအဆင်ပြေစွာ ဖတ်ရှုနိုင်သည့် Tagu တန်ခူး Addon


                           ကွန်ပျူတာ စနစ်တစ်ခုလုံးအတွက် မြန်မာ ဇော်ဂျီ font နှင့် အခြား ယူနီကုဒ် တစ်မျိုးမျိုး ထည့်သွင်းထားသော်လည်း Browser များ၏ ရံဖန်ရံခါ update ပြုလုပ်မှုများကြောင့်နှင့် အသုံးပြုသူများ၏ မှားယွင်းမှုများကြောင့် မြန်မာစာ အသုံးပြုထားသော webpage များကို ဖတ်ရှုရာမှာ လေးထောင့်တုံးများ ပေါ်နေတတ်ပြီး၊ အဆင်မပြေမှုများ ကြုံတွေ့ကြရပါတယ်။ Firefox နှင့် Google Chrome အသုံးပြုသူများအတွက်တော့ မြန်မာ developer တစ်ယောက်ဖန်တီးထားသော Tagu တန်ခူးဟုခေါ်သည့် Browser Addon တစ်ခုကို ထည့်သွင်းအသုံးပြုခြင်းဖြင့် အထက်ပါ Browser များမှာ Facebook အပါအဝင်၊ မြန်မာစာပါဝင်သော Webpage များမှာ အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ၄င်း Tagu Addon ကိုထည့်သွင်းထားခြင်းဖြင့် မိမိ၏ကွန်ပျူတာတွင် အခြားမည်သည့် မြန်မာစာစနစ်များကိုမှ ထည့်သွင်းထားစရာမလိုပဲ ဇော်ဂျီစနစ်ရော အခြား ယူနီကုဒ်စနစ်များကိုပါ အလိုအလျှောက် ခွဲခြားပြီး၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Android mobile device များအတွက် Temple Run 2 ထွက်ရှိ



                           ပြီးခဲ့တဲ့ အပါတ်က Apple mobile device များအတွက် စတင်မိတ်ဆက်ခဲ့တဲ့ နာမည်ကြီးလူကြိုက်များတဲ့ Temple run 2 ဂိမ်းဟာ Android OS သုံး mobile device များအတွက်လည်း ထွက်ရှိလာပါပြီ။ ယခင် Temple run ဂိမ်း ထက် ပိုမိုကောင်းမွန်တဲ့ Graphic design များနှင့် ပြေးလမ်းများ ၊ power-up function များ၊ Achievement များ၊ Character များကို ယခင် Temple run ထက်ပိုမိုကောင်းမွန်အောင် ဖန်တီးပေးထားပြီး၊ ယခင်ဂိမ်းနှင့်မတူသည့်အချက်ကတော့ လမ်းကြောင်းမှားလျှင်ဖြစ်စေ၊ ခလုပ်တိုက်၍ဖြစ်စေ မိမိ၏ character သေဆုံးသွားပါက "Save me" ဟူသည့် function ကိုအသုံးပြုပြီး၊ ရောက်ရာနေရာမှ ဆက်ပြေးနိုင်ခြင်းပဲဖြစ်ပါတယ်။

Voice message ပေးပို့နိုင်သော Android Facebook application 2.1

                         Android System သုံး Mobile ဖုန်း အသုံးပြုသူများအတွက် Official Facebook application version 2.1 အသစ် ထွက်ရှိလာပြီဖြစ်ပါတယ်။ Version အသစ်မှာ iOS facebook messenger application မှာ ကဲ့သို့ Voice message ပေးပို့နိုင်မယ့် feature ကိုထည့်သွင်းပေးထားပါတယ်။ ဓါတ်ပုံများကို loading ပြုလုပ်ချိန် ပိုမိုမြန်ဆန်လာပြီး၊ Sharing ကိုလည်း မိမိ၏ Timeline တွင်သာမကပဲ Group နှင့် Page များမှာပါ တိုက်ရိုက် ပြန်လည် Share ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

Galaxy S2 နှင့်မကွာလှတဲ့ Samsung Galaxy S2 Plus မိတ်ဆက်

                         Samsung ရဲ့ S2 series ဖုန်းအသစ်တစ်မျိုး ဖြစ်လာမယ့် Galaxy S2 Plus ပါ။ မျက်နှာပြင် အကျယ် 4.3 လက်မရှိပြီး၊ Resolution ကတော့ (800 x 480 Pixels) ရှိပါတယ်။ Super AMOLED Plus capacitive touch screen display ကိုအသုံးပြုထားပြီး၊ 1.2 GHz dual-core processor အသုံးပြုထားတဲ့အတွက် ယခင် Samsung Galaxy S2 နှင့် သိပ်မကွာတဲ့ hardwares များ ကိုအသုံးပြုထားပါတယ်။   1GB RAM နှင့် Android 4.1.2 (Jelly Bean) System အသုံးပြုထားပြီး၊ Built-in memory storage ကတော့ 8 GB ပါဝင်ပါတယ်။ 64 GB ထိအောင်အသုံးပြုနိုင်တဲ့ External microSD memory slot ပါဝင်ပြီး၊ ကင်မရာမှာလည်း ယခင် Galaxy S2 အတိုင်း အရှေ့ကင်မရာ 2 Megapixel နှင့် 1080P အရည်အသွေးရှိ Video များကို ရိုက်ကုးနိုင်သော Main Camera 8 Megapixel တို့ပါဝင်ပါတယ်။

မေ့တတ်သူများအတွက် Stick 'N' Find bluetooth စတစ်ကာလေးများ

                
                               သတိမေ့တတ်သူများအတွက် အသုံးဝင်နိုင်မယ့် mobile gadget တစ်ခုပါ။  မိမိသုံးနေကြ ဖုန်းကို တစ်နေရာရာတွင် ချခဲ့ပြီး၊ နောက်တစ်ခါ ပြန်အသုံးပြုချင်လျှင် ထားခဲ့သောနေရာကို မမှတ်မိတော့ ပါက အခြားဖုန်းတစ်လုံးလုံးနှင့် ခေါ်ဆိုကြည့်လျှင် ဖုန်း Ring သံကို နားထောင်ပြီး၊ ပြန်လည်ရှာတွေ့နိုင်ပါတယ်။ အလားတူ အရေးကြီးသော့တွဲများ၊ တီဗွီရီမုများ၊ အိမ်မွေးတိရိစ္ဆာန် ကလေးများ  ပျောက်ဆုံးပါက အထက်ပါအတိုင်း ခေါ်ဆို၍ မဖြစ်နိုင်တော့ပါဘူး။ ဆယ်ပြားစေ့အရွယ်သာရှိပြီး၊ bluetooth 4.0 system အသုံးပြုထားတဲ့ Stick 'N' Find စတေကာလေးများကို အထက်ပါ ပစ္စည်းများမှာ ကပ်ပေးလိုက်ပြီး၊ မိမိအသုံးပြုနေကျ ဖုန်းမှတစ်ဆင့် ရှာဖွေနိုင်ပါတယ်။

                     အသုံးပြုဖို့ကတော့ Stick 'N' Find sticker ကို ရှာဖွေလိုသော ပစ္စည်းများပေါ်မှာ ကပ်ပေးထားပြီး၊ iPhone 4s, iPhone 5, New Ipad, iPad mini, New iPod touch နဲ့ Android 4.1 system သုံး device တစ်ခုခုမှာ Stick 'N' Find Application ကို install လုပ်ပေးထားရပါမယ်။ ပြီးလျှင် sticker နာမည် များကို configure လုပ်ပေးထားပြီး၊ ရှာဖွေလိုသော အချိန်မှာ Stick 'N' Find application ကိုဖွင့်ခါ ပေ ၁၀၀ အတွင်း ရှာဖွေပေးနိုင်ပါတယ်။ လဲလှယ်ပေးနိုင်တဲ့ CR2016 ဘက်ထရီ ပါဝင်ပြီး၊ သက်တမ်းကတော့ တစ်ရက်ကို ၃၀ မိနစ်အသုံးပြုပါက တစ်နှစ်ခံမယ်လို့ ဆိုပါတယ်။ လောလောဆယ် အားနဲချက်ကတော့ sticker ရဲ့ တည်နေရာ အရပ်မျက်နှာနှင့် အကွာ အဝေး ကိုအတိအကျ ဖေါ်ပြပေးနိုင်ခြင်းမရှိသေးပဲ၊ application radar မှာ sticker တစ်ခုပေါ်လာသည်နှင့် ရှေ့တိုးနောက်ဆုတ်လုပ်ခါ ချဉ်းကပ်ရှာဖွေရမှာဖြစ်ပါတယ်။ အသေးစိတ်ကို http://www.sticknfind.com/ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။