Audio format သီချင်းမျိုးစုံကို ပေါ့ပေါ့ပါးပါးနှင့် လွယ်ကူစွာ install ပြုလုပ်ခါ Free download နှင့် Update ပါပြုလုပ်နိုင်သော AIMP3 Player ဖြစ်ပါတယ်။ အခြား Audio Player များထက် ထူးထူးခြားခြား အားသာသည့် အချက်များကတော့ Audio format များစွာကို Support လုပ်နိုင်ခြင်း၊ loading time မြန်ဆန်ခြင်း၊ Player Skin ပေါင်းများစွာကို မိမိနှစ်သက်သလောက် Free download ရယူနိုင်သည့် အပြင် Skin Editor ပါ support လုပ်ပေးထားသည့်အတွက် မိမိနှစ်သက်ရာ Skin ကို ကိုယ်တိုင် Create လုပ်နိုင်ခြင်း၊ Audio Converter နှင့် Recorder ကိုပါအသုံးပြုနိုင်ခြင်း၊ Plug-in များ ကို Free download ပြုလုပ်ခါ အသုံးပြုနိုင်ခြင်း၊ Unicode ကို Support ပြုလုပ်သည့်အတွက် မြန်မာ font များအသုံးပြုနိုင်ခြင်း၊ Tag များ၊ Playlist များကို လွယ်ကူစွာအသုံးပြုနိုင်ခြင်း၊ Lyric များ Edit လုပ်ရာတွင် လွယ်ကူခြင်း၊ Auto Shut-down timer ပါဝင်သည့်အတွက် နားဆင်လိုသည့်သီချင်းကို ဖွင့်ထားပြီး၊ သတ်မှတ်ထားတဲ့အချိန်မှာ Computer ကို Shut-down ချနိုင်ခြင်း စသည်တို့ဖြစ်ပြီး၊ အခြား Function များလည်းပါဝင်ပါတယ်။

Support လုပ်တဲ့ Audio format များကတော့ MP1, MP2, MP3, MPC / MP+, AAC, AC3, Ogg, FLAC,APE, WavPack, Speex, WAV, CDA, WMA, S3M, XM, MOD, IT, MO3, MTM, UMX တို့ပဲဖြစ်ပြီး၊ Advanced Equlizer ကိုလည်း အသုံးပြုနိုင်ပါတယ်။ Audio Converter ကို အသုံးပြုပြီး အခြား Audio format များမှ wma, mp3, wav, ogg format များသို့ ပြောင်းလဲပေးနိုင်သည့်အပြင်၊ Audio CD များမှ သီချင်းများကို လည်း wma, mp3, wav, ogg format များဖြင့် grab ပြုလုပ်ပေးနိုင်ပါတယ်။ Internet connection ကောင်းမွန်သောနေရာများမှာ Online radio ကိုပါနားဆင်နိုင်မှာ ဖြစ်ပါတယ်။
0 comments: