Home

Desktop screen ကို password နှင့် lock ချပေးမည့် Matrix Screen Locker

                            သင်အသုံးပြုလက်စ window screen ကို matrix အသွင် screen effect နှင့် lock ချထားပေးမယ့် software ပါ။ Install လုပ်ပြီးတာနဲ့ system tray ကိုရောက်သွားမှာဖြစ်ပြီး icon ပေါ်မှာ normal click တစ်ချက်နှိပ်လိုက်ရုံနဲ့ သင့် screen ကို lock ချပေးမှာပါ။ Install လုပ်ပြီးလျှင် system tray ရှိ Matrix Screen Locker icon ပေါ်တွင် right click နှိပ်၍ Set password ကိုသွားပါ။ ပြီးလျှင် သင်နှစ်သက်ရာ password ကို new password မှာ သေချာစွာရိုက်၍ OK ကိုနှိပ်ပါ။

                            ပထမဆုံးစတင်အသုံးပြုချိန်တွင် old password မှာ မည်သည့် password မျှရိုက်ထည့်စရာမလိုပါ။ နောက်တစ်ကြိမ်သင့် password ကို ပြောင်းလဲလိုမှသာ old password တွင် သင်လက်ရှိသုံးနေသည့် password ကိုရိုက်ပြီး၊ new password တွင် သင်ပြောင်းလိုသည့် password ကိုရိုက်၍ OK ကိုနှိပ်ပါ။ Password သတ်မှတ်ပြီးလျှင် system tray ရှိ icon ပေါ်တွင် normal click နှိပ်ပြီး၊ သင့် screen ကို lock ချနိုင်ပါပြီ။ Lock ပြန်ဖွင့်လိုပါက mouse မှ right click (သို့မဟုတ်) normal click ကိုနှိပ်ပြီး၊ Enter password တွင် သင့် password ကိုရိုက်၍ enter ကိုနှိပ်ပါ။ မည်သည့် password မျှမသတ်မှတ်ရသေးလျှင် click နှိပ်ရုံနှင့် screen lock ပွင့်သွားပါလိမ့်မည်။ Window run သည်နှင့် တပြိုင်တည်း အသုံးပြုလိုပါက icon ပေါ်တွင် right click နှိပ်ပြီး Start up running-Disabled တွင် click နှိပ်ပါ။


0 comments: