Home

Web Page တစ်ခုလုံးမှ Picture file များကိုလျှင်မြန်စွာ download လုပ်နိုင်မည့် Mihov Picture Downloader


                              Webpage တစ်ခုလုံးမှ picture file များကို မူရင်း Site သို့သွားရန်မလိုပဲ Site URL လိပ်စာထည့်ပေးရုံနှင့် လျှင်မြန်၊ လွယ်ကူစွာ download လုပ်ပေးနိုင်မည့် software ပါ။ Download လုပ်လိုသည့် picture file အမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။ ပထမဆုံး download လုပ်လိုသည့် Site URL လိပ်စာကို ပုံတွင်ပြထားသည့် အတိုင်းထည့်ပါ။ ပြီးလျှင် download လုပ်လိုသည့် picture file အမျိုးအစားများကို ရွေး၍ Load Page ကိုနှိပ်ပါ။

                             ၎င်း Site တွင်ပါဝင်သော Picture file list များကျလာပါလိမ့်မယ်။ ထို့နောက် selection tools များကိုအသုံးပြု၍သော်လည်းကောင်း၊ Control + click ကို အသုံးပြု၍သော်လည်းကောင်း download လုပ်လိုသည့် လိပ်စာများကို ရွေးပါ။ ပြီးလျှင် Save Pictures ကိုနှိပ်လျှင် select လုပ်ထားသော list များကို download လုပ်ပေးပါလိမ့်မယ်။ ၎င်း program ကို တစ်ခုထက်ပို၍ run နိုင်ပြီး ၊ Users နှင့် Password ကိုပါ Setting menu မှာသတ်မှတ်ပေးထားနိုင်ပါတယ်။ 377 KB သာရှိပြီး၊ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။



0 comments: