Home

Webpage တစ်ခုမှ text များ (သို့) Webpage တစ်ခုလုံးကို Gmail ဖြင့် One Click Access ပို့လိုလျှင်


                               Webpage တစ်ခု၏ စာမျက်နှာပါ အကြောင်းအရာအချို့ကို ဖြစ်စေ၊ Webpage တစ်ခုလုံးကိုဖြစ်စေ၊ Gmail ဖြင့်ပို့လိုပါက လွယ်ကူစွာ One click access ဖြင့် ပို့နိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုလျှင် ပို့လိုသော စာများ (သို့မဟုတ်) Webpage တစ်ခု၏ URL လိပ်စာကို copy ကူး၍ Gmail ကိုဖွင့်ရပါမယ်။ ပြီးလျှင် copy ကူးလာသော စာများနှင့် လိပ်စာများကို Gmail message body တွင် paste လုပ်ပြီးပို့ရပါတယ်။
                               GmailThis java script Bookmark ကိုအသုံးပြုလျှင် သင်ပို့လိုသော Webpage မှ စာများကို high light လုပ်၍ Bookmark bar မှ GmailThis Bookmark ကိုနှိပ်လိုက်ရုံနှင့် Pop-up window တစ်ခုပေါ်လာပြီး သင် high light လုပ်ထားသော စာများဟာ ပို့ရန်အဆင်သင့် ဖြစ်နေပါလိမ့်မယ်။ Webpage တစ်ခုလုံးကို ပို့လိုပါက မည်သည့် စာကိုမျှ highl light လုပ်စရာမလိုပဲ၊ GmailThis ကိုနှိပ်လိုက်ရုံနှင့် ၎င်း Webpage URL လိပ်စာဟာ Gmail နှင့် ပို့ရန် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

>>>>>>>GmailThis!<<<<<<<
                              GmailThis java script Bookmark ကို အသုံးပြုလိုပါက အထက်တွင်ပြထားသော GmailThis! link ကို drag ဆွဲ၍ သင်၏ Browser bookmark bar ပေါ်တွင် release လုပ်၍ တင်ပေးလိုက်ရုံပါပဲ။

မှတ်ချက်။ ။ သင်အသုံးပြုသော Browser မှာ သင့် Gmail Account ကို stay signed in လုပ်ထားဖို့လိုပါမယ်။ ထိုသို့မဟုတ်ပါက Pop-up Window ပေါ်လာပြီးလျှင် Sign in ထပ်လုပ်ဖို့လိုပါမယ်။

0 comments: