Home

Facebook အသုံးပြုသူများအတွက် Silverlight 4 Facebook Desktop Client free download


(ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်)
                               ပုံမှန်အတိုင်းဆိုလျှင် Facebook ကိုအသုံးပြုလိုပါက သင်၏ browser ကိုဖွင့်၍ Facebook.com သို့သွားခါ login လုပ်ရပါတယ်။ ယခု Microsoft Silverlight 4 support ဖြင့် ပြုလုပ်ထားသော Facebook desktop client ကိုအသုံးပြုပါက မည်သည့် browser ကိုမျှအသုံးပြုစရာမလိုတော့ပဲ သင်၏ desktop ပေါ်မှာတင် Facebook မှ photos, feeds, events, friend’s walls နှင့် Inbox mail စသော function များအားလုံးနီးပါးကို အသုံးပြုနိုင်ပါတယ်။

                                Silverlight 4 Facebook desktop client ကိုအဆင်ပြေစွာအသုံးပြုနိုင်ရန် သင့် ကွန်ပျူတာမှာ Silverlight 4 ကို install လုပ်ထားရပါမယ်။ Silverlight 4 Facebook desktop client ရဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ Facebook chat IM service ကိုအသုံးပြု၍ မရခြင်းပါပဲ။ အားသာချက်များကတော့  browser အသုံးပြုရန်မလိုခြင်း၊ HTML content များကိုအသုံးပြုနိုင်ခြင်း၊ Webcam ကဲသို့သော interactively Local Device များကိုအသုံးပြုနိုင်ခြင်း၊ Youtube ကဲသို့သော video များကို embed code အသုံးပြု၍ ထည့်သွင်းနိုင်ခြင်း၊ Animation enable ဖြစ်ခြင်း၊ Right click နှင့် Drag and Drop function များ အသုံးပြုနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးလျှင် သင်၏ Facebook account နှင့် access ပြုလုပ်၍ အသုံးပြုနိုင်ပါပြီ။ Microsoft Silverlight 4 ကို install ပြုလုပ်ထားသော window များအားလုံးမှာ Silverlight 4 Facebook desktop client ကိုအသုံးပြုနိုင်ပါတယ်။

0 comments: