Home

Rapidshare, Megaupload စသော File Sharing Site များမှ File များကို လျှင်မြန်စွာ download လုပ်နိုင်မည့် SkipScreen



(ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံကိုကြည့်နိုင်ပါသည်)
                                 Firefox browser အသုံးပြုသူများအတွက် Rapidshare, megauplaod, mediafire, 4shared, hotfiles, Zshare အစရှိတဲ့ file hosting/sharing site များမှ file များကို download လုပ်ရာတွင် ကြော်ငြာ၊ countdown time အစရှိသည့် window screen များကိုသွားစရာမလိုပဲ၊ ကျော်နိုင်သလောက် ကျော်၍ (သို့မဟုတ်) တိုက်ရိုက်  download လုပ်ပေးမည့် SkipScreen လို့ခေါ်တဲ့ Firefox Add-on ပါ။ Download လုပ်ပြီး၊ install လုပ်ခါ Firefox browser ကို restart ပြန်လုပ်ပေးလိုက်တာနဲ့ အသုံးပြုဖို့ရာအဆင်သင့်ဖြစ်နေမှာပါ။




                                  ၎င်း site များမှ download လုပ်ရန် free account ကို ရွေးချယ်လိုက်သည်နှင့် SkipScreen တက်လာပြီး၊ အချို့ hosting site များကို အချိန်အနည်းငယ်သာ ကျော်ပေး၍၊ အချို့ site များကို ချက်ချင်း download လုပ်လို့ရအောင် ကျော်ပေးနိုင်ပါတယ်။ ကျော်လို့ရတဲ site များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
* Rapidshare.com
* zShare.net
* MediaFire.com
* Megaupload.com
* Sharebee.com
* Depositfiles.com
* Sendspace.com
* Divshare.com
* Linkbucks.com
* Uploaded.to
* Hotfiles.com
* 4shared.com
* Limelinx.com
* Link-Protector.com

0 comments: