Home

UK, Australia, Pakistan အပါအဝင် Worldwide ကိုပါ Free SMS ပို့ပေးမည့် SMSRoaming


                               သင့်ကွန်ပျူတာမှနေ၍ UK, Australia, Pakistan စသောနိုင်ငံများအပါအဝင်  Worldwide တကမ္ဘာလုံးကို Free SMS ပို့ပေးမယ့် SMSRoaming Site ပါ။ Parkistan သို့ 500 SMS, England သို့ 50 SMS, Australia သို့ 50 SMS နှင့် အခြား သင်နှစ်သက်ရာ နိုင်ငံများသို့ 25 SMS, စုစုပေါင်း 625 SMS ကို လစဉ်လတိုင်း Free ပို့နိုင်ပါတယ်။ အထက်မှာပြထားသည့်အတိုင်း သင့်အမည်၊ သင့် Email, သင်နှစ်သက်ရာ User name ( ၅ လုံးသာ)၊ သင့်ဖုန်းနံပါတ်(Country Code နှင့် Area Code များမလိုပါ) တို့ကိုအသုံးပြု၍ Register ပြုလုပ်ပေးရပါမယ်။ 

                                       Register ပြုလုပ်ပြီးလျှင် ၎င်း SMSRoaming Site တွင် My Account မှနေ၍ Compose SMS ကိုအသုံးပြုခါ Free SMS ကို ပေးပို့နိုင်ပါတယ်။ သင်ပို့လိုသော ဖုန်းနံပါတ်ကိုရေးရာမှာ Country Code နှင့် Area Code များမလိုပါဘူး။ ပို့လိုသည့် ဖုန်းတည်ရှိရာ နိုင်ငံကို မှန်ကန်အောင်ရွေးချယ်ပြီး၊ ပို့ရုံပါပဲ။ အထက်ပါအတိုင်း သင်၏ Browser ကိုအသုံးပြု၍ ၎င်း Site မှ တိုက်ရိုက်ပို့နိုင်သလို၊ SMSRoaming Desktop client Jar file ကိုလည်း Free Download လုပ်ပြီး သင့် Desktop မှလည်း တိုက်ရိုက် ပို့နိုင်ပါသေးတယ်။ Java file ဖြစ်လို့သင့်ကွန်ပျူတာမှ Java Enable ဖြစ်ရပါမယ်။ Download လုပ်၍ Install လုပ်ရာတွင် C:/Program files/........ တွင် install ပြုလုပ်၍ မရပါက အခြားနေရာသို့ပြောင်းလဲပြီး install လုပ်နိုင်ပါတယ်။ (ဥပမာ- C:/Program1 files/.......ဟူ၍ပြောင်းပေးပါ)။ Install လုပ်ပြီး၍ run လျှင် Task bar တွင် minimize ပြုလုပ်ထားပေးပါလိမ့်မယ်။ Register လုပ်စဉ်က User name နှင့် Password တို့ကိုအသုံးပြုခါ Login လုပ်ရပါမယ်။ Free SMS ပို့လိုပါက right click နှိပ်၍ Send SMS ကိုနှိပ်ခါ၊ ပို့လိုသော ဖုန်းနံပါတ်ကို ရေးပြီး ပို့နိုင်ပါတယ်။

0 comments: