Home

Facebook Online Friend များကို Gmail Window မှ Chat လိုလျှင်




(ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်)

                               သင်၏ Gmail Window မှနေ၍ Facebook IM Chat ကိုအသုံးပြုခါ Facebook Online တွင်ရှိနေသော သူများနှင့် တိုက်ရိုက် Chat နိုင်ပါတယ်။ ထိုသို့ပြုလုပ်နိုင်ရန် Facebook IM Chat gadget ကိုသင့် Gmail မှာထည့်သွင်းရပါမယ်။




                               ပထမဆုံး သင်၏ Gmail ကို login လုပ်ပါ။ ပြီလျှင် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ sub menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကို အရင်သွားပါ။ ထို့နောက် Labs menu အောက်တွင်ရှိသော Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က URL လိပ်စာကို copy ကူးပြီးထည့်ပါ။

http://hosting.gmodules.com/ig/gadgets/file/113335398898236269352/facebook-chat-3.xml
              
                              ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Facebook Chat window လေးက Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in လုပ်လိုက်ပါ။ Gmail window မှနေပြီး Facebook Chat Online တွင်ရှိနေသော သူငယ်ချင်းများနှင့် အလွယ်တကူ Chat နိုင်ပါပြီ။


                              Gmail window ရဲ့ ဘယ်ဘက် side bar မှာ အခြား gadget window အသေးလေးတွေနဲ့ များပြီး ရှုပ်နေတယ်ဆိုရင် chat window ကို ညာဘက်ကိုရွှေနိုင်ပါတယ်။ ဒီနေရာမှာ Chat window ကိုညာဘက်ကိုဘယ်လို ရွေ့ရမလဲဆိုတာကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

0 comments: