Home

Official Gmail Signature ကို ပုံများ၊ စာများ စုံလင်စွာ ထည့်နိုင်ပါပြီ

                                        Official Gmail Site မှ ယခင်က Signature ကိုမူရင်း Gmail Setting ကပဲသုံးမယ်ဆိုရင် Text တစ်မျိုးထဲကိုပဲ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ပုံများ၊ စာများ၊ Format များ၊ Link များ စသည်တို့ကို ထည့်သွင်းအသုံးပြုလိုပါက Greasemonkey scripts, Wise Stamp ကဲ့သို့သော  Third Party Plug in များ ကိုတွဲဖက် အသုံးပြုရပါတယ်။ ယခုအခါ Gmail Team မှ Gmail Signature ကို Rich Text Format အဖြစ် Text, Link, Format, Color, Picture စသည်တို့ကို ထည့်သွင်းအသုံးပြုနိုင်ရန် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။
                                          Gmail ၏ Signature ကိုအသုံးပြုလိုပါက Gmail Window ၏ညာဘက်အပေါ်ထောင့်ရှိ Setting သို့သွားပြီး၊ General အောက်မှ Signature ကို မိမိနှစ်သက်သလို ပုံများ၊ စာများ၊ Link များ ထည့်သွင်းခါ Save Changes ကို နှိပ်ပေးရပါမယ်။ From Address Email Account တစ်ခုစီအတွက်ပါ Gmail Signature များကို သီးခြား သတ်မှတ် အသုံးပြုနိုင်ပါတယ်။

0 comments: