Home

Gmail တွင် ပြီးပြည့်စုံသော Signature များ Auto ထည့်ပေးနိုင်သော WiseStamp

                                         Gmail တစ်စောင် ပို့တိုင်း Text body ၏အောက်ဆုံးတွင် နာမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာများ၊ ဓာတ်ပုံများ ၊ အခြား Information များစသည့် Signature များကို သီးခြား ရေးပေးစရာမလိုပဲ၊ ကြိုတင်ဖန်တီး၊ သတ်မှတ်ထားသော Signature ကို Auto ထည်ပေးနိုင်သည့် WiseStamp ပါ။ Signature အနေနှင့် Personal နှင့် Business ဟူ၍ ၂ မျိုးခွဲခြား သတ်မှတ်ပေးထားနိုင်ပြီး၊ Text များ၊ ကိုယ်ပိုင် Logo နှင့် ဓာတ်ပုံများ၊ သတ်မှတ်ထားသော Facebook, Twitter, Gtalk, Blogger, RSS, Picasa, Youtube အစရှိသော Soicial Media Account များသို့ တိုက်ရိုက် Access လုပ်နိုင်သည့် Icon များကိုပါ ဖန်တီးထား နိုင်ပါတယ်။ ၎င်းအပြင် အနုစိပ် ဖန်တီးလိုပါက HTML ကိုပါအသုံးပြုနိုင်ပါသေးတယ်။
                                           လက်ရှိအနေနဲ့ WiseStamp ကို FireFox နှင့် Google Chrome Browser များမှာ Gmail ,Yahoo Mail ,AOL, Hotmail, Google Apps အတွက် အသုံးပြုနိုင်ပါတယ်။ WiseStamp ကို အသုံးပြုရန် WiseStamp Home page သို့သွား၍ အသုံးပြုမည့် Browser ပေါ်မူတည်ခါ Download လုပ်ရပါမယ်။ အသုံးများသည့် FireFox Browser မှာ Install လုပ်ပုံကို ဖေါ်ပြပေးသွားပါမယ်။ ပထမဆုံး WiseStamp Home page သို့သွားပါ။ ပြီးလျှင် Download Now Button ကို Click နှိပ်ခါ Download လုပ်ရပါမယ်။ ထို့နောက် (FireFox Prevented this site (www.wisestamp.com) from asking you to install software on your computer) ဟူ၍ ပေါ်လာလျှင် Allow ကို နှိပ်ပေးပြီး၊ Install လုပ်ပေးလိုက်ပါ။ ပြီးလျှင် FireFox Browser ကို ပိတ်၍ ပြန်ဖွင့်ပေးလိုက်လျှင် WiseStamp Signature ကိုအသုံးပြုရန် အဆင်သင့် ဖြစ်ပါပြီ။
                                            Signature တစ်ခုကိုစတင်ဖန်တီးရန် FireFox Browser ၏ ညာဘက်အောက်ဆုံး ထောင့်ရှိ WiseStamp Icon ပေါ်တွင် Right Click နှိပ်၍ Edit Signature ကို နှိပ်ပါ။ ထို့နောက် Your Details အောက်ရှိ ကွပ်လပ်တွင် ရေးလိုသည့် စာများ ကိုရေးပါ။ ၎င်းစာများ၏ Font နှင့် Text Style များ၊ Color များကို သတ်မှတ်ပေးပါ။ ထို့နောက် ကိုယ်ပိုင် Logo နှင့် Photo များကိုထည့်သွင်းရန် Add an image ကိုနှိပ်ပြီး၊ Image URL လိပ်စာကို ထည့်ပေးပါ။ (ထည့်သွင်းလိုသော ပုံများကို အရင်ဆုံး Site တစ်ခုခုတွင်သွား၍ Host ထားရပါမယ်။)
                                             Social Media Icon များကို ထည့်သွင်ရန် Add Your Social Profiles ကွပ်လပ်တွင် Add new profile ကို Click နှိပ်ပါ။ ထို့နောက် အသုံးပြုလိုသည့် Social Media Site (ဥပမာ- Facebook) ကိုရွေးပေးပါ။ ပြီးလျှင် Facebook Account Profile ID URL ကို ဘေးမှ ကွက်လပ်တွင် ထည့်ပါ။ (Facebook Account Profile ID URL ကို ရယူရန် သင်၏ Facebook တွင် log in လုပ်၍ Profile Tab ကိုနှိပ်ပြီး၊ Browser Address box အတွင်းမှ URL ကို Copy ကူးနိုင်ပါတယ်။ ဥပမာ- http://www.facebook.com/profile.php?id=1234567890 ) အခြား Twitter (http://twitter.com/your twitter user name), Gtalk, Blogger, Youtube (http://youtube.com/your youtube user name) စသော Icon များနှင့် ၎င်း Profile URL များကိုလည်း ၎င်းနည်းအတိုင်းပင် ထပ်၍ ထည့်ပါ။ Add new profiles ၏ဘေးရှိ Edit Setting ဝင်၍ Show services as icon only/ text only/ icon and text ကိုရွေးချယ်နိုင်ပြီး၊ Contact us စာသားကိုပါ ပြောင်းလဲနိုင်ပါတယ်။
                                        ပြီးလျှင် Preview Button ကို Click နှိပ်၍ ဖန်တီးထားသော Signature ကိုကြည့်ပါ။ စာသားများနှင့် ပုံများကို Space Bar နှင့် Enter ကိုအသုံးပြု၍ စိတ်ကြိုက် နေရာညှိုပေးပါ။ Default အတိုင်းဆိုလျှင် WiseStamp Promotion Link ဟာ သင်ဖန်တီးထားသော Signature ၏အောက်တွင် ပါနေပါလိမ့်မယ်။ ၎င်း Text Link ကိုဖယ်ရှားလိုလျှင် အထက်ပါပုံတွင် ပြထားသည့်အတိုင်း Setting သို့ဝင်၍ Support and Promote အောက်ရှိ Promote WiseStamp Project ရှေ့ရှိ Tick ကိုဖျောက်ထား လိုက်ပါ။ Personal နှင့် Business ဟူ၍ ၂ မျိုးခွဲခြား ဖန်တီးထားနိုင်ပြီး၊ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ ထို့နောက် Apply နှင့် OK ကိုနှိပ်၍ ထွက်ပါ။
                                               ပြီးလျှင် Gmail ကိုဖွင့်၍ Compose Mail ကိုနှိပ်လိုက်လျှင် Text Body နေရာတွင် သင်ဖန်တီးထားသော Signature ကအသုံးပြုရန် အဆင်သင့် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ Personal နှင့် Business Signature ကို Icon ပေါ်တွင် Right Click နှိပ်၍ ရွေးချယ် အသုံးပြုနိုင်ပြီး၊ မည်သည့် Signature မျှအသုံးမပြုလိုပါက None ကိုရွေးပေးနိုင်ပါတယ်။

3 comments:

  1. ကျေးဇူးပါ ခင်ဗျား ...

    So Thanks MR.STAMEDIA ...

    ဆောရီးပါ ... နာမည် မသိလို့ ခင်ဗျ ... :D

    ReplyDelete
  2. Reply for thaingarra
    ကျေးဇူးပါ အစ်ကိုရေ.. အဆင်ပြေတယ်ဆို ပျော်ပါတယ်ဗျာ.... :)

    ReplyDelete
  3. IE မှာ မရဘူးလား၊

    ReplyDelete