Program နှင့် Folder များကို Mouse Click တွင် စနစ်တကျ Shortcut ပြုလုပ်ထားနိုင်သည့် MouseExtender
နှစ်သက်ရာ Program များ၊ Folder များ၊ Web Site များကို Mouse click နှိပ်ပြီး၊ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်သည့် software ပါ။ Shutdown , Restart, Sleep, Hibernate စသော Command Shortcut များကိုပါ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုလျှင် Mouse Wheel (သို့မဟုတ်) သင်သတ်မှတ်ထားသည့် Mouse Click ကို Desktop ပေါ်တွင် Click နှိပ်၍ အသုံးပြုနိုင်ပြီး၊ ပြန်ဖျောက်လိုပါကလည်း ၎င်း Click ကိုနှိပ်၍ ဖျောက်ထားနိုင်ပါတယ်။
Install လုပ်ပြီးလျှင် Menu Window ပေါ်တွင် right click နှိပ်၍ Shortcut ပြုလုပ်လိုသည့် Program များ၊ Folder များနှင့် Web Address များကိုသတ်မှတ်ပေးရပါမယ်။ Shortcut များမှလည်း Drag and Drop ဆွဲ၍ MouseExtender Menu ပေါ်သို့ တင်ပေးနိုင်ပါတယ်။ Autostart, Hide on mouse click when opened, Icons in row (Icon အစီအစဉ်), Mouse button configuration function (အသုံးပြုလိုသည့် mouse click) များကို Setting menu မှာသွားရောက် သတ်မှတ်ပေးထားနိုင်ပါတယ်။ MouseExtender ကိုအသုံးပြုနိုင်ရန် Microsoft .NET Framework 3.5 SP1 ရှိရမည်ဖြစ်ပြီး၊ system requirement များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- CPU: 1.6 Ghz
- Graphics: 64 MB of video memory
- HDD: 1 MB
- RAM: 50 MB
0 comments: