Home

Youtube Webpage တစ်ခုလုံးမှ Video များကို တပြိုင်တည်း Download လုပ်နိုင်မည့် BYTubeD

                                                   Youtube တွင် လက်ရှိ ကြည့်နေသော Video အပြင် Related Video များ၊ Search Results Video များ၊ အခြား Play list Video များ စသော Youtube Webpage တစ်ခုလုံးတွင်ပါဝင်သည့် Video များအားလုံးကို တပြိုင်နက်တည်း၊ လွယ်ကူလျှင်မြန်စွာ Multiple Download လုပ်နိုင် သော BYTubeD FireFox Add-on တစ်ခုပါ။ Download လုပ်နိုင်သော Video Format များကတော့ အသုံးပြုများသည့် FLV နှင့် MP4 Format များအပြင် HQ Version ကိုပါ ရယူနိုင်ပါတယ်။
                                                   FireFox Add-on တစ်ခုဖြစ်သော BYTubeD ကို Install လုပ်ရန် အောက်တွင်ပေးထားသော Add-on Page သို့သွား၍ Add to FireFox Button ကို Click နှိပ်ပါ။ ပြီးလျှင် Install Button ကို Click နှိပ်၍ FireFox Browser ကို Restart ပြန်လုပ်ပေးလိုက်လျှင် BYTubeD ကို အသုံးပြုနိုင်ပါပြီ။ အသုံးပြုပုံမှာ Youtube Video Site သို့သွား၍ နှစ်သက်ရာ Video တစ်ခုကို ကြည့်နေစဉ်တွင်၊ ၎င်း Video (သို့မဟုတ်) ၎င်း Webpage ရှိ Video များကို Download လုပ်ရန်၊ လွတ်ရာနေရာတစ်ခုတွင် Right Click နှိပ်၍ BYTubeD ကို Click နှိပ်ပေးပါ။ ပြီးလျှင် အထက်ပါပုံတွင် ပြထားသည့်အတိုင်း Download လုပ်လိုသည့် Video များကို ရွေးချယ်ပါ။ ထို့နောက် Download လုပ်လိုသည့် Video Out put Format ကိုရွေးချယ်ခါ၊ Start Button ကို နှိပ်၍ Download လုပ်နိုင်ပါတယ်။

0 comments: