Digg social network status ကိုသင့် Gmail window မှာ ကြည့်လိုလျှင်
Digg social network အသုံးပြုသူများအတွက်ပါ။ မိမိရဲ့ Digg network status ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ Gmail မှာ Digg gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။
http://digg.com/goog/ig.xml
ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Digg gadget window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့်ရဲ့ Digg user account နဲ့ log in လုပ်လိုက်ပါ။ သင့် Gmail window မှနေပြီး သင့် Digg network status ကိုအလွယ်တကူ ကြည့်နိုင်ပါပြီ။
သင့် Gmail window ရဲ့ ညာဘက်မှာ window အသေးလေးတွေနဲ့ များပြီး ရှုပ်နေတယ်ဆိုရင် chat window ကို ညာဘက်ကိုရွှေနိုင်ပါတယ်။ ဒီနေရာမှာ Chat window ကိုညာဘက်ကိုဘယ်လို ရွေ့ရမလဲဆိုတာကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။
0 comments: