Home

USB ကို key တစ်ခုအဖြစ်အသုံးပြု၍ သင့်ကွန်ပျူတာကို lock ချပေးမည့် Predator

                                 ရိုးရှင်းပြီး၊ အသုံးပြုရလွယ်ကူစေတဲ့ software ပါ။ သင်သတ်မှတ်ထားတဲ့ USB flash drive တစ်ခုကို သင့်ကွန်ပျူတာမှဖြုတ်လိုက်လျှင် သင့်ကွန်ပျူတာသည် lock ကျသွားမည်ဖြစ်ပြီး၊ USB ကိုပြန်တပ်လိုက်လျှင် auto lock ပြန်ပွင့်သွားနိုင်ရန် ဒီ software နှင့် control လုပ်နိုင်ပါတယ်။ USB ကို key တစ်ခုအဖြစ်ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။ သင်သတ်မှတ်ထားတဲ့ second တိုင်းမှာ သင့်ကွန်ပျူတာမှာ USB device ရှိ၊မရှိ စစ်ဆေးနေမှာပါ။ မရှိဘူးဆိုလျှင် auto lock ကျသွားမှာဖြစ်ပြီး၊ တစ်စုံတစ်ယောက်က သင့်ကွန်ပျူတာကို အသုံးပြုဖို့ကြိုးစားရင်၊ second 20 အတွင်း password ကိုတောင်းပါလိမ့်မယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မှန်ကန်တဲ့ password ကိုထည့်မပေးခဲ့လျှင် access denied ဖြစ်ပြီး၊ alarm မည်စေရန် စီစဉ်ထားနိုင်ပါတယ်။ ထို့ပြင် system log information မှာမှတ်တမ်းတင်ပေးထားမှာ ဖြစ်တဲ့အတွက် သင်နောက်တစ်ကြိမ် ကွန်ပျူတာကိုပြန်ဖွင့်လျှင် သင့်ကွန်ပျူတာကို တစ်စုံတစ်ယောက်က ဖွင့်ဖို့ကြိုးစားခဲ့တယ်ဆိုတာကို သင့်ကိုပြန်လည် အသိပေးမှာပါ။

                                   အကယ်၍သင်သတ်မှတ်ထားသော USB device ပျောက်ဆုံးသွားပါကလည်း predator preferences setting မှာ သင်သတ်မှတ်ထားတဲ့ password ကိုအသုံးပြုပြီး lock ကိုပြန်ဖွင့်နိုင်ပါတယ်။ USB device ထဲမှ auto password ဟာ သင်သတ်မှတ်ထားတဲ့ အချိန်တိုင်းမှာ ပြောင်းလည်းနေမှာ ဖြစ်တဲ့အတွက်၊ တစ်စုံတစ်ယောက်က သင့် USB မှ predator password ကို ခိုးယူအသုံးပြု၍ သင့်ကွန်ပျူတာဟာ unlock ဖြစ်မှာမဟုတ်ပါဘူး။ Predator software ကို install လုပ်ပြီးလျှင် သင်နှစ်သက်ရာ USB device တစ်ခုကို သင့်ကွန်ပျူတာမှာ တပ်ဆင်ပါ။ ပြီးလျှင် preferences setting မှာ predator မှ သင့် USB ရှိ၊မရှိ စစ်ဆေးရန်အချိန် (read interval), သင့်စိတ်ကြိုက် alarm sound, password (ပထမဆုံးအကြိမ် သင်စတင်အသုံးပြုစဉ်မှာ current password မှာမည်သည့် password မှရိုက်ထည့်စရာမလိုပါ။ new password နေရာမှာ သင်နှစ်သက်ရာ password ကိုသေချာရိုက်ထည့်ပါ။) စသည်တို့ကို သတ်မှတ်ပြီး Create key ကိုနှိပ်ပါ။ အချိန်တိုင်း သင့်ကွန်ပျူတာကို ဒီ software နဲ့ secure လုပ်ထားချင်တယ်ဆိုရင်တော့ preferences setting မှာ advanced option ကိုသွား၍ auto start with windows ကို tick လုပ်ပေးထားပါ။ Free version ဖြစ်တဲ့အတွက် advanced option က function အချို့ဟာ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ဒီဆော့(ဖ်)ဝဲကိုအသုံးမပြုချင်တော့ဘူးဆိုရင်တော့ auto start with windows တွင် tick ပြန်ဖျောက်၍ monitoring ကို pause လုပ်ပါ။ ပြီလျှင် system tray မှာရှိတဲ့ icon ပေါ်မှာ right click နှိပ်၍ exit ကိုရွေးပြီးထွက်နိုင်ပါတယ်။

0 comments: