Home

Gtalk chat window background မှာ သင်နှစ်သက်ရာပုံတင်ပေးမယ့် MyTheme.exe

                             သုံးနေကျ Gtalk chat window ရဲ့ နောက်ခံ ဟာအဖြူရောင် ဘာရုပ်ပုံမှမပါပါဘူး။ အခုဒီ MyTheme ဆော့(ဖ်)ဝဲ ကို download လုပ်ပြီး install လုပ်လိုက်ပါ။ သင်တင်လိုတဲ့ နောက်ခံပုံကို သင့် Gtalk chat window မှာတင်ဖို့ အဆင်ပြေသွားပါလိမ့်မယ်။ သင်တင်လိုတဲ့ ပုံကိုတော့ chat window နဲ့ကိုက်ညီစေမယ့် ပုံဖြစ်အောင် ပြုပြင်ပေးဖို့လိုပါလိမ့်မယ်။
                              MyTheme ကို install လုပ်ပြီးလျှင် အရင်ဆုံး သင်တင်လိုတဲ့ပုံကို ရွေးရန်အတွက် Start ကိုနှိပ်ပါ။ ထို့နောက် all programs ကိုသွားပြီး dash>>my theme>>change background အစဉ်အတိုင်း နှိပ်သွားပါ။ ၎င်းနောက် သင်တင်လိုတဲ့ပုံကို ရွေးပြီး double click နှိပ်လိုက်ပါ။

                             ပုံရွေးပြီးတဲ့နောက် သင့် Gtalk ကိုဖွင့်ပါ။ ထို့နောက် Gtalk ရဲ့ ညာဘက် အပေါ်ထောင့်မှာရှိတဲ့ Setting ကိုနှိပ်ပါ။ Setting မှာ Appearance ကိုထပ်သွားပါ။ အဲဒီနောက် chat theme ရဲ့အောက်က drop down tab ကိုနှိပ်ပြီး my theme ကိုရွေးပေးလိုက်ပါ။ ပြီးလျှင် OK ကိုနှိပ်ပြီး သင့် Gtalk chat window ကိုပြန်ကြည့်ပါ။ သုံးလက်စ Chat window ရှိရင် ပြန်ပိတ်ပြီး၊ ပြန်ဖွင့်ပေးပါ။ သင်ရွေးပြီးတင်လိုက်တဲ့ သင့်ရဲ့ ပုံကို နောက်ခံအနေနဲ့ တွေ့ရပါလိမ့်မယ်။ တစ်ပြိုင်နက်ထဲ smile animation ပုံလေးတွေကိုပါ install လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

0 comments: