Home

Amazing Digital Art WideScreen Full HD Wallpaper များ



                            Digital Art style Wallpaper များကိုစုပေါင်း၍ ဖေါ်ပြပေးလိုက်ပါတယ်။ Full HD 1900-1200 JPEG ပုံများဖြစ်ပြီး၊ wide screen desktop များအတွက်သင့်တော်ပါတယ်။ (19.5 MB)

0 comments:

Pronunciation ပါဝင်သော Oxford English to English Portable Dictionary



                                            Pronunciation ကိုပါ ဖေါ်ပြပေးမည့် English to English Oxford portable Dictionary 11th Edition ပါ။ Words, phrases, definitions စသည်ဖြင့် စကားလုံးပေါင်း 65000 ကျော်ပါဝင်ပါတယ်။ Back key function , Copy/print shortcut, Float on top function စသည်ဖြင့် menu option မှာရွေးချယ်နိုင်ပါသေးတယ်။ Rar file ကို download လုပ်ပြီးလျှင် Winrar နှင့် ပြန်ဖြည်ပြီး အသုံးပြုနိုင်ပါပြီ။ 171 MB ရှိပြီး၊ Window အားလုံးမှာအသုံးပြုနိုင်ပါတယ်။

0 comments:

Real Player SP ထက်ပိုမိုကောင်းမွန်သည့် RealPlayer SP Plus free download



                               RealPlayer SP ထက် ပိုမိုသာလွန်ကောင်းမွန်သည့် feature များနှင့် RealPlayer SP Plus ပါ။ RealPlayer SP ထက်ပိုကောင်းတဲ့ အချက်များကတော့ H.264 video converter ပါဝင်ခြင်း၊ HQ video များကို 120 mins ထိ VCD/DVD burn နိုင်ခြင်း၊ Advanced audio quality ပါဝင်ပြီး၊ 10 band graphics equalizer များပါဝင်ခြင်း စသည်တို့ဖြစ်ပါတယ်။

0 comments:

Online image editor Pixlr



                                Online image editor တစ်ခုဖြစ်တဲ့ flash ကိုအခြေခံထားသော Pixlr online image editor ကိုဖေါ်ပြပေးလိုက်ပါတယ်။ Offline desktop software များဖြစ်တဲ့ adobe photoshop, Paint.Net နှင့် Online editor SplashUp တို့ကဲ့သို့ editing tools, effect, filter စသည်ဖြင့် စုံလင်စွာအသုံးပြုနိုင်ပါတယ်။ အသေးစိတ် edit ပြုလုပ်နိုင်မည့် Pixlr Editor နှင့် လွယ်ကူစွာ edit ပြုလုပ်နိုင်မည့် Pixlr Express ဟူ၍ ၂ မျိုးအသုံးပြုနိုင်ပြီး၊ local / external device များမှရော၊ web address များမှပုံများကိုပါ edit လုပ်နိုင်ပါတယ်။ Edit လုပ်ပြီးလျှင် မိမိ၏ local device သို့ save လုပ်ပေးပါတယ်။ Flash ကိုအခြေခံ၍ ပြုလုပ်ထားသောကြောင့် flash player ရှိမှသာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

1 comments:

Spyware များကိုဖယ်ရှားပေးမည့် Spywareterminator 2.7



                                  Spyware လို့ခေါ်တဲ့ User's information များကို ခိုးယူတတ်သော virus များကို scan ဖတ်၍ ဖယ်ရှားပေးမည့် spyware removal tool ပါ။ သတ်မှတ်ထားသော drive ကိုသာ လျှင်မြန်စွာ scan ဖတ်ပေးမည့် Fast scan, drive အားလုံးကို scan ဖတ်ပေးမည့် full scan နှင့် သတ်မှတ်ထားသော အချိန်အတိုင်းမှာ ဖတ်ပေးမည့် schedule scan စသည်ဖြင့် အဆင်ပြေရာအသုံးပြုနိုင်ပါတယ်။ Clam AV antivirus integration ကိုပါ free update လုပ်နိုင်ပြီး၊ real time protection နှင့် internet protection များပါပါဝင်ပါတယ်။ Auto update ကိုပါ free ပြုလုပ်ပေးပါတယ်။ 649 KB သာရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။

0 comments:

Delete လုပ်ပြီးသား file များကို recover ပြန်လည်ရယူပေးမည့် Recuva 1.37


                                       Hard disk ကဲ့သို့သော local drive မှဖြစ်စေ၊ memory stick, USB flash ကဲ့သို့သော external drive များမှဖြစ်စေ၊ delete လုပ်ပြီးသား file များကို ပြန်လည်း ရှာဖွေရယူနိုင်မည့် software ပါ။ formatted ချပြီးသား disk တစ်ခုမှ data များကိုပါပြန်လည် ရယူနိုင်ပြီး၊ email, document စသည်များကိုပါ ပြန်လည် recover ပြုလုပ်နိုင်ပါတယ်။ Normal recovery wizard ကိုအသုံးပြု၍ လွယ်ကူစွာ recover ပြုလုပ်နိုင်သည့်အပြင်၊ advanced wizard ကိုအသုံးပြု၍ C; D; All drives စသည်ဖြင့် အပိုင်းများခွဲခါ၊ recover ရယူနိုင်သည့် file များကို ကြိုတင်ရှာဖွေနိုင်ပါတယ်။ 3.7 MB သာရှိပြီး၊ Window အားလုံးမှာအသုံးပြုနိုင်ပါတယ်။

3 comments:

Baghdad Central : Desert Gunner Free PC Game download

                                     Digital Fusion ကထုတ်တဲ့ Baghdad Central : Desert Gunner PC game ပါ။ 53.7 MB ရှိပြီး၊ Window 2000, ME, XP, Vista များမှာကစားနိုင်ပါတယ်။ Rar file ကို download လုပ်ပြီး၊ Winrar နှင့် ပြန်ဖြည်ရပါမယ်။ ရလာတဲ့ Exe file ကို install လုပ်၍ ကစားနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

Facebook Notifier ကဲ့သို့လုပ်ဆောင်ပေးမည့် Facebook Desktop Version1.0


                                 Facebook အသုံးပြုသူများအတွက် Browser ကိုအသုံးပြု၍ Facebook.com သို့သွားစရာမလိုပဲ၊ Desktop ပေါ်မှာတင် Facebook ကိုအသုံးပြုနိုင်မည့် software ပါ။ Minimize ပြုလုပ်ထားလျှင် Notifier တစ်ခုအဖြစ်၊ System tray မှာရှိနေပြီး၊ New messages, new wall posts, new pokes, new friend requests စသည်တို့ကို notify ပြုလုပ်ပေးပါတယ်။

0 comments:

Web Content တစ်ခုကို One click access ဖြင့်လွယ်ကူစွာ Facebook သို့ပို့လိုလျှင်


                           Social network media တစ်ခုဖြစ်တဲ့ Facebook သို့လွယ်ကူစွာ share ပြုလုပ်နိုင်ရန် Site တော်တော်များများမှာ social bookmark များကို အဆင်သင့်ထည့်ပေးထားတတ်ကြပါတယ်။ အကယ်၍ အဆင်သင့် အသုံးပြုရန် social bookmark များမပါရှိပါက ယခု FacebookThis! java script bookmark ကိုအသုံးပြု၍ အကြောင်းအရာတစ်ခုကို လွယ်ကူစွာ facebook သို့ပို့နိုင်ပါတယ်။ FacebookThis! java script bookmark ကိုအသုံးပြုလိုပါက အောက်တွင်ပြထားသည့် FacebookThis! link ကို drag ဆွဲ၍ သင်၏ browser bookmark bar ပေါ်သို့တင်ပေးလိုက်ရုံပါပဲ။

0 comments:

အိမ်ခန်းတစ်ခု၏ ဖွဲ့စည်းပုံကို ကြိုတင်နေရာချထားနိုင်သည့် Roomful Express (Room Planer)


(ပုံပေါ်တွင် click နှိပ်၍မူရင်းပုံများကို ကြည့်နိုင်ပါသည်)    
                                         အိမ်ခန်းတစ်ခု၏ ဖွဲ့စည်းပုံ၊ ပရိဘောဂများနေရာချထားပုံ၊ အကျယ်အဝန်း စသည်တို့ကို လွယ်ကူစွာ ကြိုတင်နေရာချ၊ တိုင်းတာနိုင်သည့် Roomful Express (Room Planer) Online Editor ပါ။ Living room, Bed room, Dinning room, Kitchen စသည်ဖြင့် Plan ချလိုသည့် အခန်းများကို ရွေးချယ်နိုင်ပြီး၊ ပရိဘောဂများကိုလည်း category အလိုက် ရွေးချယ်နေရာချနိုင်ပါတယ်။ အကျယ်အဝန်း၊ အကွာအဝေးများကိုလည်း feet, inches unit များနှင့် တိုင်းတာနိုင်ပါတယ်။ Register လုပ်ထားလျှင် Plan ဆွဲထားသည့် အခန်းပုံကို share/save လုပ်နိုင်ပြီး၊ Undo, Delete, Zoom function များပါ၊ ပါဝင်ပါတယ်။

0 comments:

MP3 သီချင်းများကို ရှာဖွေ download လုပ်နိုင်မည့် Songr 1.7.3


                                    MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် software ပါ။ ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင် အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com Iask.com, JustHearIt.com, YouTube videos,  Kohit.net, Mp3000.net အစရှိသော MP3 search engine 14 ခုမှ Auto ရှာဖွေပေးပါတယ်။

4 comments:

Web Page တစ်ခုလုံးမှ Picture file များကိုလျှင်မြန်စွာ download လုပ်နိုင်မည့် Mihov Picture Downloader


                              Webpage တစ်ခုလုံးမှ picture file များကို မူရင်း Site သို့သွားရန်မလိုပဲ Site URL လိပ်စာထည့်ပေးရုံနှင့် လျှင်မြန်၊ လွယ်ကူစွာ download လုပ်ပေးနိုင်မည့် software ပါ။ Download လုပ်လိုသည့် picture file အမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။ ပထမဆုံး download လုပ်လိုသည့် Site URL လိပ်စာကို ပုံတွင်ပြထားသည့် အတိုင်းထည့်ပါ။ ပြီးလျှင် download လုပ်လိုသည့် picture file အမျိုးအစားများကို ရွေး၍ Load Page ကိုနှိပ်ပါ။

0 comments:

Facebook Chat Emotion သင်္ကေတများ


                                      Facebook Chat Emotion သင်္ကေတများကို ဖေါ်ပြပေးလိုက်ပါတယ်။ ပုံတွင်ပြထားသည့်အတိုင်း ညာဘက်ခြမ်းမှ သင်္ကေတများကို ရိုက်လျှင် ဘယ်ဘက်မှ Emotion အရုပ်များ ပေါ်မှာဖြစ်ပါတယ်။ ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါတယ်။ အသစ်ထပ်မံတွေ့ရှိလျှင် ဤ post မှာပဲထပ်မံ update ပြုလုပ်ပေးသွားပါမယ်။
Update:
                       Keyboard မှ Num Lock key ကို ON ထားပြီး Alt Key နှင့် Number key များတွဲရိုက်လျှင် အောက်ပါ သင်္ကေတများပေါ်ပါမည်။

2 comments:

Ornagai.com အင်္ဂလိပ်-မြန်မာ-အင်္ဂလိပ် Online Dictionary


                                      Online Dictionary နောက်တစ်မျိုးပါ။ အင်္ဂလိပ်မှမြန်မာ၊ မြန်မာမှအင်္ဂလိပ် ၂ မျိုးစလုံး ရှာဖွေနိုင်ပါတယ်။ Pronunciation ကိုပါ နားဆင်နိုင်ပါတယ်။ Email နှင့် Register လုပ်ထားလျှင် သင်ကိုယ်တိုင် စကားလုံးအသစ်များ ကိုပေါင်းထည့်နိုင်ပါတယ်။ ရှာဖွေထားတဲ့ စကားလုံးများကို history ပြန်ကြည့်နိုင်ပါတယ်။
Apologise: Ornagai မူရင်းနံမည်ကို Ornagi ဟုလွဲမှားစွာ ရေးသားဖေါ်ပြမိသောကြောင့် ဖန်တီးသူ Developer များနှင့် Blog Reader များကို အနူးအညွတ်တောင်းပန်အပ်ပါသည်။

0 comments:

Facebook Online Friend များကို Gmail Window မှ Chat လိုလျှင်




(ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်)

                               သင်၏ Gmail Window မှနေ၍ Facebook IM Chat ကိုအသုံးပြုခါ Facebook Online တွင်ရှိနေသော သူများနှင့် တိုက်ရိုက် Chat နိုင်ပါတယ်။ ထိုသို့ပြုလုပ်နိုင်ရန် Facebook IM Chat gadget ကိုသင့် Gmail မှာထည့်သွင်းရပါမယ်။

0 comments:

Facebook အသုံးပြုသူများအတွက် Silverlight 4 Facebook Desktop Client free download


(ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်)
                               ပုံမှန်အတိုင်းဆိုလျှင် Facebook ကိုအသုံးပြုလိုပါက သင်၏ browser ကိုဖွင့်၍ Facebook.com သို့သွားခါ login လုပ်ရပါတယ်။ ယခု Microsoft Silverlight 4 support ဖြင့် ပြုလုပ်ထားသော Facebook desktop client ကိုအသုံးပြုပါက မည်သည့် browser ကိုမျှအသုံးပြုစရာမလိုတော့ပဲ သင်၏ desktop ပေါ်မှာတင် Facebook မှ photos, feeds, events, friend’s walls နှင့် Inbox mail စသော function များအားလုံးနီးပါးကို အသုံးပြုနိုင်ပါတယ်။

0 comments:

Adobe Flash Player နည်းတူ Microsoft မှထုပ်လုပ်လိုက်သော Flash player Silverlight 4


                          Graphics, animation, video streaming စသော multimedia interactive content များကို Online မှာရော၊ Offline desktop ပေါ်မှာပါ အဆင်ပြေစွာ ဖေါ်ပြပေးနိုင်သည့် Adobe flash player ကဲသို့သော flash player တစ်မျိုးဖြစ်သည့် Microsoft Silverlight flash player ပါ။ နောက်ဆုံး version အနေနဲ့ Silverlight 4 ကို Window နှင့် Mac computer များအတွက် download ရယူနိုင်ပါတယ်။

0 comments:

Album Art cover picture များကို ရှာဖွေပေးမည့် Album Art Downloader 0.34.1


                               သီချင်းနှင့် ရုပ်ရှင် CD, VCD, DVD cover ပုံများဖြစ်သည့် Album Art Picture များကို Artist နှင့် Album နာမည်များရိုက်ထည့်ပြီး၊ Auto ရှာဖွေ download လုပ်နိုင်သည့် software ပါ။ မြန်မာ Artist များနှင့် Album Cover picture များကိုပါ ရှာဖွေပေးနိုင်ပါတယ်။ Options menu မှာ သိမ်းဆည်းလိုတဲ့ location ကို ရွေးချယ်ပေးထားရမည်ဖြစ်ပြီး၊ full size ရော pixel အလိုက်ပါ save လုပ်နိုင်ပါတယ်။ သိမ်းဆည်းလိုသည့် picture ပေါ်ရှိ save button ကိုနှိပ်၍ သိမ်းဆည်းနိုင်ပြီး၊ jpg format အနေနှင့် သိမ်းဆည်းပေးပါတယ်။ 437 KB ရှိပြီး၊ Window XP နှင့် Vista များမှာအသုံးပြုနိုင်ပါတယ်။

0 comments:

Gmail တွင် Attachment file များကို Drag & Drop လွယ်ကူစွာ ထည့်နိုင်ပါပြီ


(ပုံပေါ်တွင် Click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါသည်)
                          Gmail တွင် ယခင်က file တစ်ခုခုကို attach ပြုလုပ်လိုလျှင် attach a file ကို click နှိပ်၍ သင် attach လုပ်လိုသော file ကို သင့် ကွန်ပျူတာ hard disk မှဖြစ်စေ၊ အခြား removable disk များမှဖြစ်စေ ရွေးချယ်၍ attach လုပ်ရပါတယ်။ ယခု Google မှ Drag & Drop function ကို Gmail မှာအသုံးပြုလို့ရအောင် ပြုလုပ်ပေးလိုက်ပါပြီ။ သင် attach ပြုလုပ်လိုသော file ကို Drag ဆွဲ၍ attach a file နေရာတွင် relase ပြုလုပ်ပေးလိုက်လျှင် ၎င်း file ကို auto attach ပြုလုပ်ပေးသွားပါလိမ့်မယ်။

0 comments:

Webpage တစ်ခုမှ text များ (သို့) Webpage တစ်ခုလုံးကို Gmail ဖြင့် One Click Access ပို့လိုလျှင်


                               Webpage တစ်ခု၏ စာမျက်နှာပါ အကြောင်းအရာအချို့ကို ဖြစ်စေ၊ Webpage တစ်ခုလုံးကိုဖြစ်စေ၊ Gmail ဖြင့်ပို့လိုပါက လွယ်ကူစွာ One click access ဖြင့် ပို့နိုင်ပါတယ်။ ပုံမှန်အတိုင်းဆိုလျှင် ပို့လိုသော စာများ (သို့မဟုတ်) Webpage တစ်ခု၏ URL လိပ်စာကို copy ကူး၍ Gmail ကိုဖွင့်ရပါမယ်။ ပြီးလျှင် copy ကူးလာသော စာများနှင့် လိပ်စာများကို Gmail message body တွင် paste လုပ်ပြီးပို့ရပါတယ်။

0 comments:

Internet Download Manager 5.20 (Precracked)



                                       Internet Download Manager 5.20 Precracked (non-official) ပါ။ Hotfile မှ Download လုပ်ပြီးတာနဲ့ rar file ကိုပြန်ဖြည်ပြီး၊ exe file ကို run ပေးလိုက်ပါ။ Original cracked ပြီးသားပါ။ Serial key ထည့်စရာမလိုသလို၊ Path, hack လုပ်စရာလည်းမလိုပါဘူး။ 7.4 MB ရှိပြီး၊ Window 2000, Vista နှင့် 7 များမှာ အသုံးပြုလို့ရပါတယ်။

0 comments:

Rapidshare, Megaupload စသော File Sharing Site များမှ File များကို လျှင်မြန်စွာ download လုပ်နိုင်မည့် SkipScreen



(ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံကိုကြည့်နိုင်ပါသည်)
                                 Firefox browser အသုံးပြုသူများအတွက် Rapidshare, megauplaod, mediafire, 4shared, hotfiles, Zshare အစရှိတဲ့ file hosting/sharing site များမှ file များကို download လုပ်ရာတွင် ကြော်ငြာ၊ countdown time အစရှိသည့် window screen များကိုသွားစရာမလိုပဲ၊ ကျော်နိုင်သလောက် ကျော်၍ (သို့မဟုတ်) တိုက်ရိုက်  download လုပ်ပေးမည့် SkipScreen လို့ခေါ်တဲ့ Firefox Add-on ပါ။ Download လုပ်ပြီး၊ install လုပ်ခါ Firefox browser ကို restart ပြန်လုပ်ပေးလိုက်တာနဲ့ အသုံးပြုဖို့ရာအဆင်သင့်ဖြစ်နေမှာပါ။

0 comments:

Mouse Wheel ဖြင့်အသံအတိုးအလျှော့ လွယ်ကူစွာ ပြုလုပ်နိုင်မည့် Volumouse 1.72



(ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံကိုကြည့်နိုင်ပါသည်)
                               Mouse wheel ကိုအသုံးပြု၍ အသံအတိုး အလျှော့ကို လွယ်ကူစွာပြုလုပ်နိုင်မည့် Software ပါ။ သင်သတ်မှတ်လိုတဲ့ Mouse ရဲ့ နေအထားမှာ ၎င်း function ကို active ဖြစ်အောင် ပြုလုပ်ပေးထားနိုင်ပါတယ်။ ဥပမာ- Volumouse Option မှ Wheel Mouse Rules မှာ Mouse Cursor is over the taskbar ဟူ၍ ရွေးပေးထားလျှင်၊ Mouse cursor ကိုသင့် Desktop teskbar မှာဝဲထားလိုက်လျှင် အသံအတိုးအလျှော ပြုလုပ်နိုင်ဖို့ Mouse Wheel ကိုအသုံးပြုနိုင်ပါတယ်။ Mouse Cursor is over the desktop ဆိုလျှင်တော့ သင့် Mouse ကိုအသုံးပြုနေတဲ့ အချိန်တိုင်းမှာ Mouse Wheel ကိုအသုံးပြု၍ အသံအတိုးအလျှော့ ပြုလုပ်နိုင်ဖို့၊ အဆင်သင့် ဖြစ်နေမှာပါ။

1 comments:

Wireless Network Password ကိုဖေါ်ပြပေးမည့် WirelessKeyView 1.33

 
(ပုံပေါ်တွင် Click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါသည်)
                           
                                 PC တစ်လုံးမှာအသုံးပြုနေတဲ့ Wireless network ရဲ့ login Password Key ကိုဖေါ်ပြပေးမည့် Portable Software ပါ။ Network name, Key type, Key (Hex), Key (Ascii), Adapter name, Adapter guid စသည်တို့ကို ဖေါ်ပြပေးပါတယ်။ Text (.txt) format အဖြစ်လွယ်ကူစွာ သိမ်းဆည်းနိုင်ပါတယ်။ 52.2 KB သာရှိပြီး၊ Window XP, Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။

0 comments:

Voice Pronunciations ပါဝင်သော WordWeb English to English Dictionary


                              English to English ဘာသာပြန်ပေးမည့် WordWeb Dictionary Free edition ပါ။ ရှာလိုတဲ့ English word ကို Search box မှာထည့်ပြီးရှာနိုင်သလို၊ ၎င်းစကားလုံးပေါ်မှာ highlight ဆွဲ၍ Ctrl နှိပ်ခါ၊ highlight ပေါ်တွင် right click နှိပ်ပြီးလည်း ရှာနိုင်ပါတယ်။ စကားလုံးတစ်လုံး၏ အသုံးပြုပုံများကို ဥပမာများဖြင့် ဖေါ်ပြပေးပြီး၊ အခြား နီးစပ်ရာစကားလုံး၊ ဆင်တူရိုးမှားစကားလုံး၊ ဆန့်ကျင်ဘက်စကားလုံး စသည်များကိုပါ ဖေါ်ပြပေးပါတယ်။ တိုက်ရိုက်အသံထွက်ပေးနိုင်မည့် Pronunciations function ပါဝင်ပါတယ်။ (ပုံပေါ်တွင် click နှိပ်၍ မူရင်းပုံကို ကြည့်နိုင်ပါသည်)

2 comments:

Window Logon Screen Picture ကိုပြောင်းလဲနိုင်မည့် Free LogonStudio



                                 Window XP, Vista နှင့် Window 7 များ၏ Logon Screen background ပုံကို သင်နှစ်သက်ရာပုံ ပြောင်းလဲပေးနိုင်မည့် Free LogonStudio software ပါ။ ရှိပြီးသား Window wallpaper များကို auto load ပြုလုပ်ပေးပါတယ်။ ၎င်းပြင် LogonStudio Software မှာပါဝင်တဲ့ ပုံများကိုအဆင်သင့် အသုံးပြုလို့ရသလို Online မှလည်း free download လုပ်လို့ရပါသေးတယ်။  7.5 MB ရှိပြီး၊ Window XP, Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။ System လိုအပ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

ပုရွက်ဆိတ်ကလေးများကိုသင့် Desktop Screen ပေါ်တင်ပေးမည့် 12-Ants 1.20



                        ပုရွက်ဆိပ်ကောင်လေးများကို သင်၏ Desktop Screen ပေါ်မှာပြေးနေအောင် ပြုလုပ်ပေးမည့် funny software တစ်ခုပါ။ ပုရွက်ဆိပ်အကောင်ရေနှင့် အမြန်နှုံးကို preferences window မှာ ရွေးချယ်ပေးနိုင်ပြီး၊ စိတ်ကြိုက်ဖြစ်လျှင် OK ကိုနှိပ်၍ System tray မှာ minimize လုပ်ထားနိုင်ပါတယ်။ ပြန်ပိတ်လိုလျှင်တော့ System tray ပေါ်မှာရှိတဲ့ ပုရွက်ဆိပ်ပုံ Icon လေးပေါ်မှာ click နှိပ်ပြီး၊ preferences မှာ The End ကိုနှိပ်ပေးပါ။ 31 KB သာရှိပြီး၊ Window 2000, 2003, XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။


0 comments:

သင့် Desktop Screen ကိုစိတ်ရှိလက်ရှိ ဖျက်ဆီးနိုင်မည့် Stress Relief 2.0


                              တစ်ခါတလေမှာ စိတ်ထွက်ပေါက်အနေနဲ့ သင့်ရဲ့ Desktop Screen ကြီးကို စိတ်ရှိလက်ရှိထုခွဲ၊ ဖျက်ဆီးပစ်ချင်စိတ်တွေ ပေါက်လာခဲရင် ဒီ Stress Relief version 2.0 က သင့်အတွက် သင့်တော်ပါလိမ့်မယ်။ Install လုပ်ပြီးလျှင် run ၍ keyboard မှ key တစ်ခုကိုနှိပ်လိုက်လျှင် သင့် desktop ကိုဖျက်ဆီးနိုင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ Flash game ပုံစံမျိုးဖြစ်ပြီး၊ အထက်ပါ video တွင်ပြထားသည့်အတိုင်း Hammer, Chainsaw, Gun, Flame Thrower, Color Thrower, Phaser, Stamp, Termites စသည်ဖြင့် သင့် Desktop ကိုဖျက်ဆီးနိုင်မည့် Tools ပေါင်း ၉ မျိုးပါဝင်ပါတယ်။ ၎င်း Tools ၉ မျိုးကို F1 မှ F9 အတွင်း သင်ကြိုက်နှစ်သက်ရာ key ကို ရွေးချယ်၍ အသုံးပြုနိုင်ပါတယ်။ ပြန်ထွက်လိုလျှင် တော့ Esc ကိုနှိပ်ပြီး ပြန်ထွက်ရပါမယ်။ ပြန်ထွက်လိုက်တာနဲ့ သင့် Desktop screen ကမူလအတိုင်းပြန်ရှိနေမှာ ဖြစ်ပါတယ်။ 1.24 MB ရှိပြီး၊ Window 98, 2000, XP နှင့် Vista များမှာ အသုံးပြုလို့အဆင်ပြေပါမယ်။

0 comments:

UK, Australia, Pakistan အပါအဝင် Worldwide ကိုပါ Free SMS ပို့ပေးမည့် SMSRoaming


                               သင့်ကွန်ပျူတာမှနေ၍ UK, Australia, Pakistan စသောနိုင်ငံများအပါအဝင်  Worldwide တကမ္ဘာလုံးကို Free SMS ပို့ပေးမယ့် SMSRoaming Site ပါ။ Parkistan သို့ 500 SMS, England သို့ 50 SMS, Australia သို့ 50 SMS နှင့် အခြား သင်နှစ်သက်ရာ နိုင်ငံများသို့ 25 SMS, စုစုပေါင်း 625 SMS ကို လစဉ်လတိုင်း Free ပို့နိုင်ပါတယ်။ အထက်မှာပြထားသည့်အတိုင်း သင့်အမည်၊ သင့် Email, သင်နှစ်သက်ရာ User name ( ၅ လုံးသာ)၊ သင့်ဖုန်းနံပါတ်(Country Code နှင့် Area Code များမလိုပါ) တို့ကိုအသုံးပြု၍ Register ပြုလုပ်ပေးရပါမယ်။ 

0 comments:

Photo ပုံများကို ပန်းချီပုံများအဖြစ် လွယ်ကူစွာ ဖန်တီးနိုင်မည့် FotoSketcher



                              Photo ပုံများကို ပန်းချီပုံစံ Sketch ဆွဲထားသည့် ပုံများအဖြစ်သို့ လွယ်ကူစွာပြောင်းလဲပေးနိုင်ပါတယ်။ ပုံတစ်ပုံကိုတင်၍ အဆင်သင့်ပေးထားသော Parameter များကို ညှိပေးပြီး၊ စိတ်ကြိုက်ဖြစ်လျှင် Draw it ကိုနှိပ်ခါ Process ပြုလုပ်နိုင်ပါတယ်။ Photo frame နှင့် Text များကိုပါ ပေါင်းစပ်နိုင်ပြီး၊ Color နှင့် Design များကိုပါရွေးချယ်နိုင်ပါတယ်။ JPG နှင့် BMP format များအဖြစ်သိမ်းဆည်းနိုင်ပါတယ်။ 3.7 MB သာရှိပြီး၊ Window 7 အပါအဝင် Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။


1 comments:

Free Webmaster Tools


                      Website တစ်ခု၏ Web Status များကို ကြည့်လိုလျှင် အောက်ပါ Test Box များတွင် သင်၏ Site URL လိပ်စာကို ဥပမာများတွင် ပြထားသည့်အတိုင်း ထည့်သွင်း၍ ကြည့်နိုင်ပါသည်။

2 comments:

Free AMV Video Converter



                      Video format တော်တော်များများကို Anime Music Video လို့ခေါ်တဲ့ memory ပမာဏသေးငယ်တဲ့ AMV video format သို့ပြောင်းလဲပေးနိုင်မယ့် AMV video converter ပါ။ တရုတ်နိုင်ငံဖြစ် MP3, MP4 များအတွက် အသုံးပြုရန်သင့်တော်ပါတယ်။ AVI, MPEG, ASF, MOV, RM, Ram, Rmvb, MPG, WMA, VOB အစရှိတဲ့ video format များကို AMV format လွယ်ကူစွာပြောင်းလဲပေးနိုင်ပါတယ်။ Build in player ပါဝင်ပါတယ်။ 7.1 MB ရှိပြီး Window98, XP, Vista များမှာအသုံးပြုနိုင်ပါတယ်။

0 comments:

Gmail တွင် ပို့ပြီးသား Email တစ်စောင်ကို စက္ကန့်ပိုင်းအတွင်း Cancel ပြုလုပ်လိုလျှင်

 





                              သာမန် default setting အတိုင်းဆိုလျှင် Gmail မှာ Email တစ်စောင်ကို ပို့ရန်အတွက် Send button ကို click နှိပ်လျှင် Sending... Cancel ၊ ထို့နောက် Your message has been sent. ဟူ၍ အစဉ်လိုက် သင့် Email ကို ပို့လိုက်သည့်အကြောင်းကို ဖေါ်ပြပါလိမ့်မယ်။ ထိုသို့ Your message has been sent. ဖေါ်ပြပြီးသည့်နောက် စက္ကန့်ပိုင်းအတွင်း ၎င်း Email ပို့ခြင်းကို cancel ပြုလုပ်နိုင်ပါတယ်။ ၎င်း Your message has been sent. ဟူသောစာတန်း၏နောက်မှာ Undo ဟူသော စာတန်းပေါ်လာအောင်ပြုလုပ်၍ ထို Undo ကိုနှိပ်ခါ၊ သင့် Email ပို့ခြင်းကို cancel ပြုလုပ်နိုင်ပါတယ်။

3 comments:

ပုံတစ်ပုံ၏ အလင်းအမှောင်ကို စိတ်ကြိုက် ပြုပြင်နိုင်မည့် Light Artist Software



                               ပုံတစ်ပုံရဲ့ lighting အလင်းရောင် effect ကို သင့်စိတ်ကြိုက် ကောင်းကောင်းပြန်လည်ပြုပြင်ပေးနိုင်တဲ့ software ပါ။ Light effect အတွက် သီးသန့် ပြုလုပ်ထားသည့် software တစ်ခုဖြစ်ပြီး၊ Light setting များအနေနဲ့ Golden engraving, Pupple light, Spring sun, Engraved in blue, Deep blue, Floodlights, Flying colors, Glow of fire, Jupiter rising, Stage lights စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ Actual size နှင့် Window fit size ကို zoom ဆွဲ၍ လွယ်ကူစွာ Preview ကြည့်နိုင်ပါတယ်။

0 comments:

Desktop Wallpaper ပုံများကို auto ပြောင်းလဲပေးမည့် John's Background Switcher


                                       Desktop နောက်ခံ Wallpaper ပုံများကို သတ်မှတ်ထားသည့် အချိန်တိုင်းတွင် Auto ပြောင်းလဲပေးမည့် John's Background Switcher ပါ။ သင့်ကွန်ပျူတာတွင်ရှိသော ပုံများကို အသုံးပြုနိုသလို၊ Flickr, Facebook, Picasa စသော Service များမှ ပုံများကိုလည်း အသုံးပြုနိုင်ပါတယ်။ ပုံတစ်ပုံချင်းစီကို full screen ပြောင်းလဲအသုံးပြုနိုင်သလို ၊ group ပုံများကို တစ်ပြိုင်နက်တည်း အသုံးပြုလို့လည်းရပါတယ်။ ပုံတစ်ပုံ၏ scale, effect, size များကိုလည်း More Settings မှာသွားရောက်ပြီး သတ်မှတ်ထားနိုင်ပါသေးတယ်။ 1.7 MB သာရှိပြီး၊ Windows 7, Vista, XP, 2008, 2003, 2000, 98, ME နှင့် NT4 အားလုံးမှာ အသုံးပြုနိုင်ပါတယ်။


Update (23/5/2010): John's Background Switcher Latest Version 4.2.1 ကို download လုပ်ရန်

2 comments: