Home

အနက်ရောင် နောက်ခံ Facebook Application နှင့် Facebook Messenger Application (modified versions)


                          Android ဖုန်းများအတွက် နောက်ဆုံးထွက် Official facebook Application 2.2.1 နှင့် Facebook Messenger 2.2.5 ကို မသုံးပဲ ပိုမိုထူးခြားသည့် နောက်ခံ ဒီဇိုင်းဖြင့် အသုံးပြုလိုသူများအတွက် အနက်ရောင် နောက်ခံဒီဇိုင်းများဖြင့် ပိုမိုထူးခြားသည့် modified version များဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ feature များကတော့ နောက်ဆုံး official ထွက် version ကဲသို့ပင်ဖြစ်ပြီး နောက်ခံ ဒီဇီုင်းလေးတစ်ခု သာ ပြောင်းလဲထားခြင်းဖြစ်ပါတယ်။ Facebook application အတွက် အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားနှင့် အပြာရောင်စာသားများဖြင့် နှစ်မျိုးရရှိနိုင်ပြီး Facebook Messenger အတွက် တော့ အနက်ရောင်နောက်ခံတွင် အဖြူရောင်စာသားဖြင့် ရယူနိုင်ပါတယ်။ ယခင် official version များကို Uninstall ပြုလုပ်ပြီးမှသာ ယခု Modified version များကို install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

0 comments:

Android ဖုန်းများအတွက် Dropbox 2.3.2 modified version များ

               
                            Android ဖုန်းများအတွက် Dropbox application ကို ဆန်းသစ်တဲ့ နောက်ခံ background များနဲ့ အသုံးပြုလိုသူများအတွက် Black Dropbox (အနက်ရောင်နောက်ခံ) နှင့်
Xparent Dropbox (Transformer design) များကို ပြန်လည်မျှဝေ လိုက်ပါတယ်။ နောက်ဆုံးထွက် Version 2.3.2 ကိုပြန်လည် modified ပြုလုပ်ထားခြင်းဖြစ်ပြီး၊ install ပြုလုပ်ရန် အတွက် ယခင် ရှိပြီးသား official dropbox version ကို ပြန်လည် uninstall ပြုလုပ်ပြီးမှသာ install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Sign in ပြုလုပ်ရာတွင် ယခင်ရှိပြီးသား အကောင့်ကိုအသုံးပြုပြီး၊ ပုံမှန် sign in ဝင်နေကြအတိုင်း ဝင်ပေးရမှာဖြစ်ပါတယ်။ 5 MB ခန့်ရှိပြီး Android Version 2.2 နှင့် အထက်မှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments:

ဆယ်မိနစ် အားသွင်းရုံဖြင့် တစ်လသုံးနိုင်သည့် ကမ္ဘာ့အပါးလွှာဆုံး နာရီ


                         Central Standard Timing လို့ခေါ်တဲ့ Electronic ကုမ္ပဏီတစ်ခုမှ 0.8 မီလီမီတာသာ အထူရှိသော ကမ္ဘာ့အပါးလွှာဆုံးနာရီကို စမ်းသပ်ထုပ်လုပ်နေပါတယ်။ နာရီကို ကိုယ်ထည်ကို ကွေးညွတ်နိုင်သော ပြော့ပြောင်းတဲ့ Stainless Steel စတီးဖြင့်ပြုလုပ်ထားပြီး၊ display ကိုတော့ Electronic Ink လို့ခေါ်တဲ့ E-ink Electronic paper တစ်မျိုးဖြင့် ပြုလုပ်ထားပါတယ်။ သာမန် Credit Card အကြွေးဝယ်ကဒ် တစ်ခုလောက်သာ အထူရှိတဲ့ ဒီ CST-01 နာရီမှာ သော့သီးကဲ့သို့သော ခလုပ်တစ်ခုမျှ မပါဝင်ပဲ အချိန်တိုက်ခြင်း၊ ၁၂ နာရီနှင့် ၂၄ နာရီ စနစ်ပြောင်းလဲခြင်းများကို Base Station လို့ခေါ်တဲ့ အားသွင်းနိုင်တဲ့ ထိမ်းချုပ်တုံးလေးမှ တစ်ဆင့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Micro-Energy Cell လို့ခေါ်တဲ့ အလွန်သေးငယ်ပြီး၊ လေးလံသော ဓါတုပစ္စည်းများ၊ အဆိပ်သင့် စေနိုင်သော ပစ္စည်းများမပါဝင်သည့် ဓါတ်ခဲကို အသုံးပြုထားပါတယ်။ ဆယ်မိနစ်အားသွင်းရုံဖြင့် တစ်လတိုင်အောင် အသုံးပြုနိုင်တဲ့ ၄င်း MEC စနစ်ဓါတ်ခဲမှာ အကြိမ် ၁၀၀၀၀ ခန့်အားပြန်လည်ဖြည့်သွင်းနိုင်ပြီး၊ ၁၅ နှစ်ခန့်ထိအောင်အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။

0 comments:

အံ့ဖွယ် အစွမ်းများနဲ့ Google glass ကို Website နှင့်တကွ တရားဝင်မိတ်ဆက်ပြီ

                       လွန်ခဲ့တဲ့ လပိုင်းလောက်ထိအောင် ဒီဇိုင်နာများ၊ အိုင်တီဆိုင်ရာ ခန့်မှန်းအဖြေရှာသူများ အားလုံး မှန်းဆခဲ့ကြသည့် Google Glass project ကို အခုတော့ တရားဝင် Google website မှာ စတင်မိတ်ဆက်ဖေါ်ပြလိုက်ပါပြီ။ Google Glass ရဲ့ တကယ်တမ်းထွက်ရှိလာတဲ့ပုံကတော့ အထက်တွင်ပြထားသည့်အတိုင်း Video camera နှင့် laser projector အသေးစားလေးများကို မျက်မှန်၏ ညာဘက်ပိုင်းတွင် ပေါ့ပါး ကျစ်လစ်စွာ တပ်ဆင်ပေးထားပြီး၊ ညာဘက် နားနောက်ဘက်မှ မျက်မှန်ကိုင်း ထိပ်တွင် ဘက်ထရီ၊ CPU chips များ၊ network card များကို တပ်ဆင်ပေးထားပါတယ်။ ကင်မရာ၏နောက်ဘက် တည့်တည့်တွင် photo နှင့် video များကို သိုလှောင်ထားပေးနိုင်မည့် flash memory စနစ် ပါဝင်နေနိုင်ပါတယ်။ ကင်မရာ၏ နောက်ဘက် အတွင်းဘက်တွင်တော့ အသံဖြင့် အမိန့်ပေးစေခိုင်းနိုင်မည့် microphone စနစ်တပ်ဆင်ထားပါတယ်။ မျက်မှန်ကိုင်းမှာ ကွေးနိုင်ဆန့်နိုင်အောင် ပြောင်းသော ပလက်စတစ် (သို့) material အမျိုးအစားတစ်ခုဖြင့် ပြုလုပ်ပေးထားပြီး၊ အနီ၊ အနက်၊ အပြာ၊ ခဲ စသည့် အေ၇ာင်များနှင့် ထုပ်လုပ်ထားပါတယ်။

0 comments:

ကိုရီးယား network လိုင်းသုံးပြထားသော Samsung ၏ Galaxy Altius Smart Watch နာရီ

                               Apple မှ စမတ်နာရီများထုတ်လုပ်မည့် သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ စမတ်ဖုန်းဈေးကွက် မှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ Samsung ကလညှ်းSmart watch စမတ်နာရီတစ်မျိုးကို ထုပ်လုပ်နေတဲ့အနေအထားရှိတယ်လို့ ကိုရီးယား နည်းပညာဝဘ်ဆိုက်တစ်ခုမှာ ပုံ များနှင့်တကွ ဖေါ်ပြထားပါတယ်။ Samsung Galaxy Altius လို့ခေါ်တဲ့ စမတ်နာရီမှာ ပုံမှန် စမတ်ဖုန်းများ တွင် တပ်ဆင်အသုံးပြုထားသည့် Google ၏ Android operating system ကိုအသုံးပြုဖို့ထက် Samsung တို့ကိုယ်ပိုင် ထွင်ထားသည့် Operating system တစ်ခုနှင့် အသုံးပြုနိုင်ဖွယ်ရှိတယ် လို့လည်းဖေါ်ပြထားပါတယ်။

0 comments:

ဘက်ထရီအားမခံသည့် အချက်နှင့် contact application ပြဿနာကို ဖြေရှင်းပေးမည့် iOS 6.1.2 update နှင့် jailbreak


                    နောက်ဆုံးထွက်ခဲ့တဲ့ iOS 6.1.1 မှာ အဓိကအားဖြင့် iPhone 4S အသုံးပြုသူများအနေနဲ့ ဘက်ထရီအားကုန်လွယ်ခြင်း၊ Exchange Calendar နှင့် Contact application များမှာ ပြသနာအချို့ရှိနေခြင်း၊ Wifi network ချိတ်ဆက်ရာတွင် အဆင်မပြေခြင်း များကို ဖြေရှင်းနိုင်ဖို့ Apple မှ iOS 6.1.2 ကို ထပ်မံ ထုပ်လုပ်လိုက်ပါတယ်။ ယခုထွက်ရှိလာတဲ့ update iOS 6.1.2 ကို ယခင် iOS 6.1 တင်ထားသည့်မည်သည့် iDevice မဆို update လုပ်နိုင်ပြီး၊ iPhone 3GS နှင့်အထက်, iPad 2 နှင့် အထက်, iPod touch 4G နှင့်အထက် အပါအဝင် iPhone 5 တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments:

built-in PDF reader ပါပြီး၊ လေးလံခြင်းမရှိတော့သည့် Firefox 19 update

                          လူသုံးများတဲ့ browser တစ်ခုဖြစ်တဲ့ Mozilla firefox မှ PDF file များကို မည်သည့် Third-party Plug-in မျှအသုံးပြုစရာမလိုပဲ ဖတ်နိုင်အောင် HTML5 ကိုအခြေခံထားသည့် built-in PDF reader ကိုထည့်သွင်းခါ Updated version 19 ထပ်မံထုပ်လုပ်လိုက်ပါပြီ။ နောက်ဆုံး Version 18 ထိအောင် firefox စတင်ဖွင့်လိုက်ချိန်တွင် နှေးကွေးလေးလံနေစေသော အမှားအယွင်း များကိုလည်း ပြန်လည် ပြင်ဆင်ပေးလိုက်တဲ့အတွက် ယခု version 19 မှာ Start-up time ကိုလည်း ပိုမိုလျှင်မြန်လာစေပါတယ်။ ထို့အပြင် Private browsing mode မှာ ပါဝင်နေတဲ့ bug အချို့ကိုလည်း ပြန်လည် ပြုပြင်ပေးထားတဲ့အတွက် ယခင် Version များထက် ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments:

ကြိုးမဲ့စနစ်ဖြင့် မျှဝေအသုံးပြုနိုင်မည့် Adata ၏ DashDrive Air AE400 (Wireless card reader)

                            စမတ်ဖုန်း များနှင့် tablet ကွန်ပျူတာများမှ desktop ကွန်ပျူတာခေတ်ကို တဖြည်းဖြည်း အစားထိုးနေရာယူ လာသည့်အနေအထားတွင် တိုင်ဝမ် အခြေစိုက် flash memory device များထုပ်လုပ်သည့် နည်းပညာကုမ္ပဏီ ADATA Technology မှ ကြိုးမဲ့ Card reader တစ်ခုကဲ့သို့ အသုံးပြုနိုင်မည့် DashDrive Air AE 400 ကို စတင်မိတ်ဆက်လိုက်ပါတယ်။ USB flash drive, SD card, External Hard disk ကဲ့သို့သော portable device များကို ယခု AE 400 တွင်ချိတ်ဆက်ခါ ၄င်း portable device များတွင်ထည့်သွင်းထားသော သီချင်းများ၊ ဗွီဒီယိုများ နှင့် အခြား file များကို mobile device များမှ အင်တာနက် လိုင်းမလိုပဲ ကြိုးမဲ့ စနစ်ဖြင့် မျှဝေ သုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။ AE 400 မှာ 802.11 b/g/n wireless hotspot စနစ်ကို အသုံးပြုထားပြီး၊ internet ချိတ်ဆက်ခါ ၄င်း device မှတစ်ဆင့် အခြား device ၁၀ ခုအထိ internet connection ကို တပြိုင်တည်း ဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments:

Online video ဆိုက်များစွာ မှ Video များကို HD quality ဖြင့် download လုပ်နိုင်သော Save2PC Ultimate 5.2.6.1429

                           Youtube, Facebook, Tangle, Godtube, Vimeo, Myspace, Break.com, Megavideo.com, TeacherTube, Blip.TV, DailyMotion စတဲ့ video ဆိုက်များစွာမှာ video များကို အကောင်းဆုံး အရည်အသွေးဖြင့် download လုပ်ပေးနိုင်မည့် Save2PC Ultimate နောက်ဆုံးထွက် version 5.2.6.1429 ပါ။ Internet download manager နှင့် real player ကဲ့သို့သော pop-up flash detector addon များကို အသုံးပြု၍  အွန်လိုင်း ဗွီဒီယိုများကို download လုပ်နိုင်သော်လည်း flash browser plug-in ၏ ရံဖန်ရံခါ crash ဖြစ်ခြင်း၊ browser update နှင့် flash ပူးတွဲသုံး၍ အဆင်မပြေခြင်းများကြောင့် အထက်တွင်ဖေါ်ပြခဲ့သော internet download manager နှင့် real player pop-up addon များမှာ တစ်ခါတစ်ရံ အလုပ်မလုပ်နိုင်ပါဘူး။

0 comments:

အကောင်းဆုံး Register cleaner Registry Reviver 3.0.1.112 (Update)

                                     ကွန်ပျူတာတစ်လုံးတွင် Program တစ်ခုကို Install သို့မဟုတ် Uninstall ပြုလုပ်စဉ်တွင် ကျန်ရှိနေသော Registry Signature များ ကြောင့်မိမိ၏ ကွန်ပျူတာ နှေးကွေးခြင်း၊ Crash ဖြစ်ခြင်း၊ Errorတက်ခြင်း စသောအခြေအနေများကို တွေ့ကြုံရတတ်ပါတယ်။ ထိုသို့သော Registry Error များကို ဖြေရှင်းပေးနိုင်ရန် အတွက် မိမိအသုံးပြုသော ကွန်ပျူတာတွင် Registry Cleaner တစ်မျိုးမျိုး အသုံးပြုရန်လိုအပ်ပါတယ်။ ယခု နောက်ဆုံးထွက် Registry Reviver 3.0.1.112  တွင် အထက်တွင်ဖေါ်ပြခဲ့သော Error များကို ဖြေရှင်းနိုင်သည့် အပြင်၊ အခြား Registry Cleaner Software များထက်အားသာသည့်အချက်မှာ Registry Error Scan ဖတ်ချိန်လျှင်မြန်ခြင်းပင်ဖြစ်ပါတယ်။ Registry Error များကို Scan ဖတ်ပြီးနောက် Fix မပြုလုပ်မှီ Auto Backup ပြုလုပ်ပေးပါတယ်။

0 comments:

Android ဖုန်းများတွင် Free voice call, video call, message ပေးပို့နိုင်သော Tango (update 2.6.3)


                                   နိုင်ငံတကာသို့ အခမဲ့ SMS , Voice နှင့် Video call ခေါ်ဆိုနိုင်မယ့် Android application တစ်ခုပါ။ 3G သို့မဟုတ် Wifi အင်တာနက်လိုင်းတစ်ခုခု ကိုအသုံးပြုပြီး မိမိ၏ ဖုန်းနံပါတ်ဖြင့် register လုပ်ပေးခါ အသုံးပြုရမှာဖြစ်ပါတယ်။ Message ပို့ဆောင်ရာမှာ Animation ရုပ်ပုံများ၊ Avatar များ၊ Emotion ရုပ်ပုံလေးများကိုပါ ထည့်သွင်း ပေးပို့နိုင်ပါတယ်။ ယခုနောက်ဆုံးထွက်လာတဲ့ update 2.6.37045 မှာ Tango Chat အတွင်းမှာ အသုံးပြုခဲ့တဲ့ Picture များနှင့် video များကို Central Gallery မှာ အလွယ်တကူပြန်လည်ရှာဖွေ နိုင်အောင် စီစဉ်ပေးထားပါတယ်။

0 comments:

Mail.Ru နှင့် GuardMailRu module stop working ဖြေရှင်းရန်


                              GuardMailRu Module ဆိုတာကတော့ ရုရှားနိုင်ငံ LLC Mail.Ru မှ ထုတ်လုပ်တဲ့ mail နှင့် messenger program တစ်ခု၏ Process တစ်ခုဖြစ်ပါတယ်။ Mail.ru မှာ ICQ, Skype အစရှိသော messenger များကဲ့သို့ Video, Audio, Text message များပေးပို့နိုင်သလို PC to PC free call service လည်းပေးထားပါတယ်။ Mail.ru software ကို ကွန်ပျူတာတစ်လုံး မှာ install လုပ်လိုက်သည်နှင့် ၄င်း program ၏ ရှေ့ပြေး module အဖြစ် GuardMailRu.exe ကို နောက်ခံ Process background မှာ အလိုအလျှောက်ပွင့်နေစေပါတယ်။ အချို့ antivirus site များမှာဖေါ်ပြထားတာကတော့ GuardMailRu.exe ကိုယ်တိုင်ဟာ Spyware တစ်ခုမဟုတ်ပေမယ့်လို့ အချို့သော Spyware များမှာ GuardMailRu နာမည်နဲ့ပဲ ရောက်လာတတ်ပြီး Spywarevirus.Win32.Backdoor.AMN!UI, SUI/ Tool.Keygen.980, Win32:MailKey-gen, Win32/WormAV.Mail application စတဲ့ နာမည်ကြီး Spyware များနဲ့ ဆပ်စပ်နေတယ်လို့ဆိုပါတယ်။

0 comments:

Apple မှ iWatch ခေါ် Smart Watch ဖုန်းနာရီများ လာတော့မည်

                                   နာမည်ကျော် iDevice ပစ္စည်းများထုပ်လုပ်သည့် Apple ကုပ္မဏီမှ ထပ်မံ၍ iWatch ခေါ် Smart watch နာရီတစ်မျိုးကို ထုပ်လုပ်ဖို့ သတင်းများထွက်ရှိနေပါတယ်။ iWatch နာရီကို ကွေးနိုင်ဆန့်နိုင်တဲ့ မှန်တမျိုးဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ နာရီကို iOS operating system ထည့်သွင်းခါ လက်ရှိ iDevice များထက်မနဲသော လုပ်ဆောင်ချက်များဖြင့် ထွက်ရှိလာမည် (သို့မဟုတ်) iPhone, iPod touch, iPad များမှ ကြိုးမဲ့ချိတ်ဆက်ခါ ကြားခံ ပစ္စည်းတစ်ခု အဖြစ်သာ ထွက်ရှိလာမည် ကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိလူအများအသုံးပြုနေသော iPod nano ကိုလည်း နာရီတစ်လုံးကဲ့သို့ လက်တွင်ပါတ်ခါ အသုံးပြုနိုင်ပြီး၊ ယခု ထပ်မံထွက်ရှိမည့် iWatch မှာမူ ထို့ထက်ပိုမိုသည့် လုပ်ဆောင်ချက်များအပြင် ဖုန်းပြော၍ပါ ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ အောက်တွင် အချို့ဒီဇိုင်နာ ဖန်တီးရှင်များ ခန့်မှန်းပုံဖေါ်ထားသော Apple iWatch များကို ကြည့်ရှုနိုင်ပါတယ်။ iWatch အတွက် ဖြစ်လာနိုင်ဖွယ်ရှိသည့် ကွေးနိုင်ဆန့်နိုင်သည့် မှန်များကို Apple မှ စတင်ထုတ်လုပ်နေပြီဟု Times မဂ္ဂဇင်းမှာ ဖေါ်ပြထားပါတယ်။

0 comments:

Malwares, Spywares များအတွက် အကောင်းဆုံး Malwarebytes Pro 1.70 (direct download)

                               လက်တလောအသုံးများလာတဲ့ ပေါ့ပေါ့ပါးပါး anti-malware program တစ်ခုဖြစ်တဲ့ Malwarebytes Pro နောက်ဆုံးထွက် Version 1.70 ပါ။ viruses, worms, trojans, rootkits, dialers, spyware များကို ကွန်ပျူတာကို မလေးစေပဲ scan ဖတ်ခါ ရှာဖွေပေးနိုင်ပြီး၊ အခြား နာမည်ကြီး anti-virus program များ နှင့်မရသည့် malwares များကို ပင် Malwarebytes Pro ဖြင့် အပြီးသတ် ရှင်းလင်းပေးနိုင်တယ်လို့ သူ့ရဲ့ homepage မှာဖေါ်ပြထားပါသေးတယ်။ အခြား anti-malware, anti-spyware program များနှင့် မတူပဲပိုမိုကောင်းမွန်သည့်အချက်ကတော့ malware definition update ကိုနေ့စဉ်နီးပါး ပြုလုပ်ပေးခြင်း၊ အချိန်နှင့် သတ်မှတ်ပေးထားခါ scan ဖတ်ပေးနိုင်သော Scheduler စနစ်ပါရှိခြင်း၊ Anti-virus program ကြီးများကဲ့သို့ပင် real time protection စနစ် မှာတိကျသေချာစွာပြုလုပ်ပေးနိုင်ခြင်းတို့ ပဲဖြစ်ပါတယ်။

0 comments:

Facebook, Hotmail အကောင့်များဖြင့် sign in ဝင်နိုင်သော နောက်ဆုံးထွက် Skype 6.1.0.129 (offline installer)

                             Window live messenger ကို Microsoft ကနေရပ်နားသွားလို့ friend တွေ ဆုံးရှုံးသွားရသူများအတွက် ပြန်လည်အစားထိုးပေးမယ့် Skype update version 6.1.0.129 ပါ။ ယခု Skype update မှာ Microsoft office outlook နှင့် တွဲဖက်အသုံးပြုနိုင်သော add-in ပါဝင်လာပြီး၊ User interface ကိုလည်း ပိုမိုသေသပ်လာခါ shortcut tool များကိုလည်း toolbar မှာ ထပ်မံထည့်သွင်းပေးထားပါသေးတယ်။ ပြီးခဲ့သည့် version မှစတင်ခါ Facebook Log in ပါပါဝင်လာပြီးနောက် ယခုဗားရှင်းမှာ hotmail နှင့် Outlook အကောင့်များနှင့်ပါ log in ဝင်နိုင်ရန် ထည့်သွင်းပေးထားပါတယ်။

0 comments:

Firefox အပါအဝင် Browser များ update ပြုလုပ်သင့်တဲ့ Adobe Flash Plug-in Security Update

                                  အွန်လိုင်း အသုံးပြုသူအများစု ကွန်ပျူတာတစ်လုံးရှေ့ရောက်လျှင် စတင်အသုံးပြုတဲ့ Program က browser တစ်ခုခု ပဲဖြစ်ပြီး၊ လက်ရှိအချိန်ထိ ပြည်တွင်းရော ပြည်ပမှာပါ Mozilla ရဲ့ Firefox ကို အသုံးများကြပါတယ်။ ၄င်း firefox အသုံးပြုသူအများစု လက်တလော ရင်ဆိုင်နေကြရသည်မှာ ရံဖန်ရံခါ crash ဖြစ်ခါ ပြုတ်ကျခြင်း၊ freeze, not responding ဖြစ်ခါ အသုံးပြု၍ မရတော့ပဲ ရပ်ဆိုင်းနေခြင်း များပဲဖြစ်ပါတယ်။ Firefox အပါအဝင် browser များတွင် video နှင့် flash ဖိုင်များကို အဆင်ပြေစွာ ကြည့်ရှုနိုင်စေသော plug-in တစ်ခုဖြစ်သည့် flash player plugin update 11.5.502.146 မှာ browser တော်တော်များများကို crash ဖြစ်စေသည့် malicious Flash SWF file များအလွယ်တကူ ဝင်ရောက်စေနိုင်တဲ့ အားနည်းချက်များရှိနေခဲ့တယ်လို့ Adobe ရဲ့ support page မှာ ဖေါ်ပြထားပါတယ်။

0 comments:

PC screen ကို Photo ရော Video ပါရိုက်ကူးနိုင်ပြီး၊ color picker ပါပါဝင်သည့် Ashampoo snap 6 (latest & direct download)

                            ကွန်ပျူတာ screen တစ်ခုမှာပေါ်နေသမျှ window အားလုံးကို နှစ်သက်ရာပုံစံ ဖြင့် Screen capture ဗွီဒီယိုရော ဓါတ်ပုံပါ ရိုက်နိုင်သော software တစ်ခုပါ။ အသုံးပြုနိုင်တဲ့ function များကတော့ ဝဘ်ဆိုက်စာမျက်နှာ တစ်ခုလုံးကို scroll ဆွဲ၍ ရိုက်နိုင်ခြင်း၊ main menu များ၊ hover menu များကို ပါ ရိုက်ကူးပေးနိုင်ခြင်း၊ အချိန်သတ်မှတ်ပေးထားပြီး ရိုက်ကူးနိုင်သော timer mode ပါဝင်ခြင်း၊ မိမိနှစ်သက်သကဲ့သို့ ရိုက်ကူးနိုင်သော free rectangle capture နှင့် free style capture များပါဝင်ခြင်း နှင့် ယခုနောက်ဆုံးထွက် version 6.0.2 မှာ Color picker လို့ခေါ်တဲ့ အရောင် ကုဒ်များကို မှတ်သားခါ ပြန်လည်အသုံးပြုနိုင်သော function နှင့် တစ်ကြိမ်တည်း ပုံများစွာရိုက်ကူးနိုင်သည့် Multishot on/off function များပါဝင်လာပါတယ်။

0 comments:

ကွန်ပျူတာတစ်လုံး ၏ start-up time နှင့် performance ကို ပိုမိုမြန်ဆန်စေသော PC Cleaner Pro 2013 (V10.11) (direct download)

                                PC Cleaner Pro လို့ခေါ်တဲ့ ကွန်ပျူတာတစ်လုံး၏ start-up အချိန် နှင့် performance ကို ပိုမိုမြန်ဆန်စေမည့် software တစ်ခုပါဖြစ်ပါတယ်။ System registry များကို စစ်ဆေးပေးခါ ပြင်ဆင်ပေးခြင်း၊ မလိုလားအပ်သော Junk file များကို ရှင်းလင်းပေးခြင်း၊ နောက်ခံ background process တွင်ပွင့်နေသော အသုံးမပြုသည့် task process များ (ဥပမာ- program updater) ကို သတ်ပေးခြင်း၊ worms, spyware, adware အစရှိတဲ့ antivirus များကို ရှင်းလင်းပေးခြင်း၊ Privacy ပိုင်းနှင့် Security ပိုင်းတွင်လည်း မလိုအပ်သည့် ActiveX file များကို ရှင်းလင်းပေးခြင်း စသည်တို့ကို one click ဖြင့် ဆောင်ရွက်ပေးနိုင်ပါတယ်။

1 comments:

မလိုအပ်သော browser toolbar များကို အလွယ်တကူရှင်းနိုင်သော Toolbar Remover

                               Software တစ်ခုခုကို install ပြုလုပ်ရင်းမှ နောက်ခံ background မှ ၄င်း တို့၏ Browser Toolbar များကို အသုံးပြုသူ မသိအောင် silent install လုပ်သွားတတ်ကြပါတယ်။ လက်တွေ့အသုံးဝင်သည့် toolbar များရှိပေမယ့် သေချာတာတစ်ခုကတော့ မိမိအသုံးပြုနေတဲ့ browser ရဲ့အလုပ်လုပ်မှုကို သိသိသာသာနှေးကွေးစေခါ Crash ဖြစ်ရတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်နေပါတယ်။ ယခု taskbar remover software ကတော့ ၄င်း toolbar များအားလုံးကို auto detect ပြုလုပ်ခါ အသုံးမပြုလိုသည့် toolbar များကို အလွယ်တကူ uninstall ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

0 comments:

လေးလံနှေးကွေးသော Android ဖုန်းများအတွက်ရှိထားသင့်သည့် Advaned Mobile Care 2.01

                           လေးလံနှေးကွေးနေသော Android device များအတွက် အသုံးဝင်သည့် Application တစ်ခုပါ။ Antivirus application, System booster application များစွာရှိသည့်အနက် ယခု iObit မှထုတ်လုပ်သည့် Advanced Mobile Care application ကတော့ Antivirus, နောက်ခံ background တွင်ပွင့်နေသော application များကို သတ်ပေးနိုင်သည့် Task Killer, Game ကစားရာတွင် ပိုမိုလျှင်မြန်စေမည့် Game booster, System repair, ဖုန်းနံပါတ်များ ကို သိမ်းဆည်းထားပေးနိုင်မည့် Cloud backup နှင့် ဖုန်းအတွင်းပါဝင်သည့် photo, video အပြင် အခြား file များကိုပါ encrypt လုပ်ခါ password ဖြင့် lock ချပေးထားနိုင်သော Privacy locker, Battery သက်တမ်းကို ကြာရှည်ခံစေနိုင်သည့် Battery saver စသည့်အလုံးစုံပါဝင်သော  all-in-one application တစ်ခုဖြစ်ပါတယ်။

0 comments:

Internet download manager ထက်ပိုမြန်တဲ့ Mass downloader 3.9 (direct download)

                              Download လုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ function များ ၊ ပိုမိုမြန်ဆန်တဲ့ speed များနဲ့ download လုပ်ပေးနိုင်တဲ့ download manager များထဲမှ တစ်ခုဖြစ်တဲ့ Mass Downloader 3.9 နောက်ဆုံးထွက် version ပါ။ Internet download manager ထက်ကို ပိုမိုမြန်ဆန်စွာ download လုပ်နိုင်တယ့်လို့ Mass downloader ရဲ့ home page မှာ ဖေါ်ပြထားပါတယ်။ Internet download manager ထက်ပိုကောင်းတဲ့ အချက်ကတော့ download capture လုပ်ရာမှာ built-in browser download window နဲ့ ဖေါ်ပြပေးတဲ့အတွက် internet download manager ကဲ့သို့ browser အလုပ်လုပ်မှုသိသိသာသာ နှေးကွေးသွားခြင်း၊ Crash ဖြစ်သွားခြင်း စသည်တို့ မရှိခြင်းပင်ဖြစ်ပါတယ်။ download speed ကတော့ သိပ်မကွာပဲ၊ 3 priority project လို့ခေါ်တဲ့ IDM scheduler ကဲ့သို့သော function လည်းပါပြီး၊ အခြား downloader များမှာ ပါဝင်တတ်တဲ့ Site grabber function များလည်းပါဝင်ပါတယ်။

0 comments:

Evasi0n Tool ဖြင့် iOS 6 မှ 6.1 အထိ Jailbreak ပြုလုပ်ပုံ အသေးစိတ်

                            iOS 6, iOS 6.0.1, iOS 6.0.2 နှင့် iOS 6.1 သုံး iDevice များအတွက် Eavasi0n ရဲ့ Untethered Jailbreak tool ထွက်ရှိလို့လာပါပြီ။ ၄င်းတို့ကြေညာထားသည့် ရက်မှ အနည်းငယ် နောက်ကျထွက်ရှိခဲ့ပေမယ့် လောလောဆယ် iOS 6 ကနေ 6.1 အထိ untethered jailbreak လုပ်ဖို့အတွက်တော့ ပထမဦးဆုံး tools တစ်ခုဖြစ်နေပါတယ်။ Jailbreak လုပ်လို့ရမယ့် မော်ဒယ်တွေကတော့  iPhone 3GS, iPhone 4, iPhone 4S နှင့် iPhone 5, iPad 2, iPad 3, iPad 4 နှင့် iPad mini, iPod Touch 4G နှင့် iPod Touch 5G, Apple TV 2 တို့ပဲဖြစ်ပါတယ်။ 

0 comments:

လက်တွေ့ လက်ဆောင်ပေးနိုင်မယ့် Facebook ရဲ့ Gift Card လာတော့မည်

                                 Facebook သူငယ်ချင်းများ အတွက် မွေးနေ့လိုနေ့မျိုးတွေမှာ Facebook built-in application တွေသုံးပီး လက်ဆောင်ပေး၊ မွေးနေ့ဆုတောင်း ပြုလုပ်နေသူများအတွက် ထို့ထက်ပိုမိုလက်တွေ့ဆန်သော လက်ဆောင်ပေးခြင်း တစ်ခုကို Facebook မှ စတင်စမ်းသပ်နေပါပြီ။ Newyork မြို့မှာရှိတဲ့ Target, Jamba Juice နှင့် Olive Garden အစရှိတဲ့ အထင်ကရ ဆိုင်တွေမှာ ဝယ်ယူသုံးစွဲနိုင်မယ့် facebook gift card ကိုစတင် စမ်းသပ်သုံးစွဲမှုတွေပြုလုပ်နေပါပြီ။ လက်ဆောင်ပေးတဲ့ အပိုင်းမှာ facebook အသုံးပြုသူ သူငယ်ချင်းများအချင်းချင်း ချောကလတ်များ၊ ပန်းစည်းများ အစရှိသည့် ပစ္စည်းများကို ပေးပို့နိုင်မျာဖြစ်ပါတယ်။ နောက်တစ်ပါတ် ကြာသာပတေးနေ့ကနေစတင်ပြီးတော့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းအသုံးပြုနိုင်မယ့် facebook gift ကဒ်များကို စတင်အသုံးပြုနိုင်မယ် လို့ ကြေငြာထားပါတယ်။

0 comments:

USB drive အသုံးများသော ကွန်ပျူတာများအတွက် Smadav 2013 (V9.2.1) (latest version & direct download)

                             USB flash drive များ အသုံးများသည့် ကွန်ပျူတာတစ်လုံးမှာ ရှိထားသင့်တဲ့ ပေါ့ပါးပြီး အစွမ်းထက်သည့် USB antivirus software တစ်ခုပါ။ အခြား Antivirus နှင့် Internet Security တစ်ခုခုနှင့်ပါ တွဲသုံးနိုင်သည့်အတွက် System ကို ပိုမိုလုံခြုံမှုရှိစေပါတယ်။ အခြား USB antivirus software များနှင့် မတူသည့်အချက်ကတော့ System registry ကိုပါ ပြုပြင်ထိမ်းသိမ်းပေးနိုင်ခြင်း၊ အမြဲတမ်း နီးပါး update ပြုလုပ်စရာမလိုပဲ အသုံးပြုနိုင်သည့်အတွက် offline အသုံးပြုသူများအတွက် သင့်တော်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။

0 comments:

ကွန်ပျူတာတစ်လုံးကို ၃၀၀% ပိုမိုလျှင်မြန်စေမည့် Advanced SystemCare 6 PRO 6.1.9 (direct download)

                                   Advance SystemCare လို့ခေါ်တဲ့ ကွန်ပျူတာ System တစ်ခုကိုပြုပြင် ထိမ်းသိမ်းပေးတဲ့ software တစ်ခုပါ။ Window Registry ကို error စစ်ပေးပြီး၊ defragment ပြုလုပ်ပေးခြင်း၊ Hard drive performance ကို မြှင့်တင်ပေးခြင်းစသည်တို့အပြင် ယခု Pro version မှာ Malware များပါစစ်ပေးခြင်း၊ အင်တာနက် အသုံးပြုမှုကို ပိုမိုမြန်ဆန်စေခြင်း နှင့် အဆင်ပြေဆုံးအချက်မှာ ကွန်ပျူတာတစ်လုံးအတွက် system registry ပိုင်းဆိုင်ရာများကို မှန်ကန်စွာဖြေရှင်းပေးနိုင်သည့်အတွက် System speed ကို ၃၀၀% ပိုမိုမြန်ဆန်စေ စေနိုင်ခြင်း ပင်ဖြစ်ပါတယ်။

0 comments:

Valentine day အထိမ်းအမှတ် Facebook, Google+ profile cover picture များ

                             Facebook နှင့် Google Plus အသုံးပြုသူများအတွက် Valentine day အထိမ်းအမှတ် Profile cover picture များကို စုစည်း ပေးထားပါတယ်။ ပုံများပေါ်တွင် right click နှိပ်ခါ "Save Image As" ဖြင့် download ရယူနိုင်ပါတယ်။

0 comments:

iOS 6.0 မှ 6.1 iDevice များအတွက် Evasi0n ၏ Untertnered jailbreak တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၁၂ ခွဲ ထွက်မည်

                                    iOS 6.1/6.0.2/6.0.1/6.0 သုံး Apple iDevices များအားလုံးအတွက် Untethered Jailbreak software ကို Evasi0n မှ လာမယ့် တနင်္ဂနွေနေ့ (3/2/13) မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲ မှာ စတင် မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ Evasi0n iOS 6.1 untethered jailbreak tool ကိုအသုံးပြုပြီး၊ iPhone 5,iPhone 4S, iPhone 4, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4, Apple TV 2 များအားလုံး ကို jailbreak ပြုလုပ်နိုင်မှာဖြစ်ပြီး Apple TV 3 အတွက်တော့ ယခု version နှင့်မရသေးကြောင်း Evasi0n ရဲ့ blog မှာ ဖေါ်ပြထားပါတယ်။ အခြားနိုင်ငံများအတွက် Evasi0n Jailbreak tool ကို ထုတ်ဖေါ်ပြသမည့် အချိန်ကိုတော့ အထက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။

0 comments:

iPhone, iPad, iPod touch အသုံးပြုသူများအတွက် Ornagai 2 မြန်မာအင်္ဂလိပ် အဘိဓါန် version အသစ်

 

                               မြန်မာ mobile ဖုန်းအသုံးပြုသူများ အားလုံးအားသုံးပြုဖူးကြတဲ့ Ornagai 2 update ထွက်ရှိလာပါပြီ။ Ornagai 2 မှာ စကားလုံးတစ်လုံး၏ အဓိပ္ပါယ်ကို မြန်မာမှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာ အပြန်အလှန် ပြန်ဆိုပေးနိုင်ပြီး၊ အင်္ဂလိပ် စကားလုံးများအတွက် Text to Speech လို့ခေါ်တဲ့ အသံထွက်ပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ မြန်မာ မှ အင်္ဂလိပ်သို့ ရှာဖွေနိုင်ရန် မြန်မာစာ ကီးဘုတ် ကိုထည့်သွင်းပေးထားပြီး၊ ၄င်း ကီးဘုတ်ကို အသုံးပြုနိုင်ရန် ဇော်ဂျီ မြန်မာစာစနစ် သီးခြားထည့်သွင်းထားစရာ မလိုအပ်ပါဘူး။

0 comments: