Home

iOS 6.0 မှ 6.1 iDevice များအတွက် Evasi0n ၏ Untertnered jailbreak တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၁၂ ခွဲ ထွက်မည်

                                    iOS 6.1/6.0.2/6.0.1/6.0 သုံး Apple iDevices များအားလုံးအတွက် Untethered Jailbreak software ကို Evasi0n မှ လာမယ့် တနင်္ဂနွေနေ့ (3/2/13) မြန်မာစံတော်ချိန် ည ၁၂ နာရီခွဲ မှာ စတင် မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။ Evasi0n iOS 6.1 untethered jailbreak tool ကိုအသုံးပြုပြီး၊ iPhone 5,iPhone 4S, iPhone 4, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4, Apple TV 2 များအားလုံး ကို jailbreak ပြုလုပ်နိုင်မှာဖြစ်ပြီး Apple TV 3 အတွက်တော့ ယခု version နှင့်မရသေးကြောင်း Evasi0n ရဲ့ blog မှာ ဖေါ်ပြထားပါတယ်။ အခြားနိုင်ငံများအတွက် Evasi0n Jailbreak tool ကို ထုတ်ဖေါ်ပြသမည့် အချိန်ကိုတော့ အထက်ပါပုံတွင် ကြည့်ရှုနိုင်ပါတယ်။

                                  Jailbreak ပြုလုပ်လိုတဲ့ iDevice များမှာ အနဲဆုံး iOS version 6.0 မှ 6.1 ထိ ရှိနေရမည်ဖြစ်ပြီး၊ အနဲဆုံး Windows XP, Mac OS X (10.5) နှင့် Linux (x86 / x86_64) တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Evasi0n iOS 6.1 Untethered Jailbreak tool ကို download လုပ်ရန် (3/2/13 ည ၁၂နာရီ ခွဲ )

0 comments: