Home

Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ ညီမ Randi ကိုယ်တိုင်ကြုံတွေ့ရတဲ့ Facebook ရဲ့ Privacy အားနည်းချက်

 Randi Zuckerberg ရဲ့ public ဖြစ်သွားတဲ့ private photo
                         Facebook တည်ထောင်သူ မက်ဇူကာဘက် (Mark Zuckerberg)  ရဲ့ ညီမ ရန်ဒီ ဇူကာဘတ် (Randi Zuckerberg) ဟာ လွန်ခဲ့တဲ့ ခရစ္စမတ် နေ့က မိသားစုများနဲ့ မိးဖိုခန်းမှာ ရိုက်ခဲ့တဲ့ ပုံတစ်ပုံကို မကြာသေးမီကမှ iTunes မှာ မိတ်ဆက်ပေးလိုက်တဲ့ Poke Application ကို အသုံးပြုပြီး၊ သူမရဲ့ မိသားစုဝင်တွေအတွက် Share လုပ်ခဲ့ပါတယ်။ Poke application ရဲ့ စွမ်းဆောင်ချက်အတိုင်း ပုံမှန်ဆိုရင် သူမပို့ပေးလိုက်တဲ့ ပုံဟာ သတ်မှတ်လိုက်တဲ့ Family Friends တွေပဲမြင်တွေ့ရမှာဖြစ်ပြီး၊ သတ်မှတ်အချိန်အတွင်းမှာ Self-destruct အော်တိုဖျက်ပစ်ရမှာဖြစ်ပါတယ်။ (ဤ နေရာတွင် Poke Application အကြောင်းဖတ်ရန်) သို့ရာတွင် ၄င်းပုံကို ရန်ဒီရဲ့ လုပ်ဖော်ကိုင်ဖက် Callie Schweitzer  ဆိုသူက twitter မှာပြန်လည် share လုပ်လိုက်တဲ့အချိန်မှာတော့ ရန်ဒီ ဟာ Facebook ရဲ့ Privacy အပေါ်မှာ လုံးလုံးသံသယဝင်ခဲ့ရပြီး twitter မှာ share လိုက်တဲ့ သူမရဲ့ပုံကိုလည်း ပြန်လည်ဖျက်ချခိုင်းခဲ့ပါတယ်။  "not sure where you got this photo. I posted it to friends only on FB. You reposting it to Twitter is way uncool." လို့သူမရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။



                                  
                                    ဖြစ်ပုံမှာ Callie ဟာ ရန်ဒီရဲ့ ညီမတစ်ယောက် ရဲ့ Public feed မှာ Subscribe လုပ်ထားပါတယ်။ ပုံထဲမှာ ရန်ဒီရဲ့ ညီမကို tag လုပ်ထားပါတယ်။ Facebook ရဲ့ သတ်မှတ်ထားတဲ့ Tag streaming flow အတိုင်း ရန်ဒီရဲ့ ညီမဟာ tag ခြင်းခံရတဲ့ အတွက် Subscirbe လုပ်ထားသူ Callie Schweitzer ရဲ့ friend feed update စာရင်းမှာ လာပေါ်နေပုံရပါတယ်။ တကယ်တန်းဖြစ်သွားတာကတော့ ရန်ဒီက Private ဖြစ်စေလိုလို့၊ Poke application ကနေ Share လုပ်လိုက်ခါမှ သူမရဲ့သူငယ်ချင်း Callie က Twiter မှာ ပြန်ဖွ လိုက်တဲ့ အတွက် တစ်ကမ္ဘာလုံးက Social media user တွေ မြင်တွေ့သွားရတဲ့အဖြစ်ပါ။ မည်သို့ဆိုစေ အလုံးအရင်းနဲ့ ကြီးထွားလာတဲ့ Facebook ဟာ social media လောကမှာ Facebook အသုံးပြုသူတစ်ယောက်ချင်းစီအနေနဲ့ Privacy control နဲ့ Share ပြုလုပ်တဲ့ streaming feed flow ကတော့ ဟာကွပ်များရှိနေဆဲ လို့ယူဆရပါတယ်။ 

Ref-http://www.buzzfeed.com, http://mashable.com

0 comments:

ဓါတ်ပုံများကို Free Unlimited သိမ်းထားပေးသော Shutterfly Online Service


                          ဓါတ်ပုံများ သီးသန့် Upload လုပ်ခါ သိမ်းထားနိုင်ပြီး၊ ပုံအရေအတွက်၊ Size ပမာဏကို အဓိကမထားပဲ မူရင်း resolution အတိုင်း Unlimited သိမ်းထားပေးသော Free online service တစ်ခုပါ။ Shutterfly ဟာတကယ်တော့ online photo printing site တစ်ခုဖြစ်ပြီး၊ Free image uploading service ကတော့ Shutterfly ရဲ့ Service တွေထဲကတစ်ခုပဲဖြစ်ပါတယ်။

0 comments:

Simon Pierro ရဲ့ ခရစ္စမတ် iPad မျက်လှည့်


IT မျက်လှည့်ပညာရှင် Simon Pierro က iPad ရဲ့ စွမ်းဆောင်ရည်များကို အသုံးပြုခါ၊ ခရစ္စမတ် ရိုးရာများနှင့် ပတ်သက်သည့် မျက်လှည့်ပြကွက်များကို ပြသထားခြင်းဖြစ်ပါတယ်။


0 comments:

Web developer များကို ကူညီနိုင်သော CoffeeCup HTML Editor 12.7

                               HTML ကို အစအဆုံး Coding လုပ်စရာမလိုပဲ၊ လိုအပ်တဲ့ CSS နဲ့ HTML code များကို အဆင်သင့် drag-drop ဆွဲထည့်ပေးခါ အသုံးပြုနိုင်တဲ့ CoffeeCup HTML editor 12.7 ပါ။ HTML Beginner များအတွက် တော့ အသုံးတည့် မှာမဟုတ်သေးပါဘူး။ အခြားအသုံး ပြုနိုင်မယ့် အချက်များကတော့ built-in Validate HTML tool ပါရှိခြင်း၊ ဖန်တီးထားသော Website တစ်ခု၊ Template တစ်ခုကို offline preview ကြည့်နိုင်ခြင်း၊ အခြား Web template source များကို import လုပ်ခါ ပြန်လည်ပြုပြင်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။ 33MB ရှိပြီး၊ အသေးစိတ်ကို CoffeeCup HTML Editor Homepage မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Windows 8, Windows 7, Vista, XP များမှာ အသုံးပြုနိုင်ပါတယ်။

0 comments:

Facebook နှင့် Google+ user များအတွက် Happy New Year 2013 Profile cover များ


Happy new year 2013 :) 
ပုံများပေါ်တွင် Right-Click နှိပ်ခါ "Save image as" မှတစ်ဆင့် သိမ်းလိုသည့် location ကိုရွေးခါ download ရယူနိုင်ပါတယ်။

0 comments:

Apple device များအတွက် ထူးခြားသည့် Facebook ၏ Poke application

                     
                       Facebook ရဲ့ ပြန်လည် ရုပ်သိမ်းသွားတဲ့ Poke function ကို official poke application တစ်ခုအနေနဲ့ iOS device များအတွက် စတင်ဖြန့်ချီ လိုက်ပါပြီ။ ဒီ application မှာ Facebook friend အချင်းချင်း Text message သာမက Picture, Video message များနှင့်ပါ Poke လုပ်နိုင်ပါတယ်။ Poke application ရဲ့ထူးခြားချက်ကတော့ Self destruction ဆိုတဲ့ အလိုအလျောက် ဖျက်စနစ် ပါဝင်ခြင်းဖြစ်ပါတယ်။ ဆိုလိုသည်မှာ Friend list ထဲမှ တစ်စုံတစ်ယောက်ကို Poke လုပ်လိုက်ပါက တစ်ဖက်လူမှ Poke message ကိုစတင်ကြည့် လိုက်သည်နှင့် သတ်မှတ်ထားသော အချိန်ပြည့်လျှင် ၄င်း Message မှာ မိမိ၏ Account မှာရော၊ Poke လုပ်သူရဲ့ Account မှာပါ အပီးအပိုင် ပျောက်ပျက်သွားမှာ ဖြစ်ပါတယ်။

0 comments:

Feature အသစ်များနှင့် free MP3 downloader Songr 2.0

                                  MP3 သီချင်းများကို လွယ်ကူစွာရှာဖွေနိုင်ပြီး၊ Download လုပ်ပေးနိုင်သည့် MP3 downloader software ပါ။ ရှာလိုသည့် သီချင်း Title, Artist, Album စသည်တို့ကို search box မှာထည့်ပြီးရှာနိုင်သည့်အပြင် Lyrics words များနှင့်ပါ တိကျစွာရှာဖွေနိုင်ပါတယ်။ မြန်မာ MP3 သီချင်းများအပါအဝင် အခြားသီချင်းများကို BeeMp3.com, DilanDau.com, Goear.com, Hypster.com Iask.com, JustHearIt.com, YouTube videos,  Kohit.net, Mp3000.net အစရှိသော နာမည်ကြီး MP3 search engine 16 ခုမှ Auto ရှာဖွေပေးပါတယ်။

0 comments:

What the plus! Version 2.0 (Google+ အသုံးပြုပုံ) PDF

                Google အကောင့်ရှိသူတိုင်း အသုံး ပြုနိုင်တဲ့ Facebook အကောင့် ကဲ့သို့သော Social media web base service Google+ အသုံးပြုပုံကို အသေးစိတ်ရေးသားထားသော PDF file စာအုပ်ဖြစ်ပါတယ်။ မိမိ၏ Google+ Profile သို့ဝင်ရောက်၍ လည်း Free download ရယူနိုင်ပါတယ်။

0 comments:

Privacy ကို ပိုမိုလွယ်ကူစွာ ပြောင်းလဲသတ်မှတ်နိုင်မည့် Facebook ၏ New Privacy Shortcut မိတ်ဆက်


                            Facebook အသုံးပြုသူများအနေနဲ့ မိမိ၏ Privacy နှင့် ပတ်သက်သော setting များကို ယခင်က Home menu ၏ ဘေးရှိ drop down menu မှတစ်ဆင့် မိမိ၏ Privacy Settings သို့ဝင်ပြီး သတ်မှတ်ပေးရပါတယ်။ 20/12/2012 ရက်နေ့မှစ၍ Facebook မှ New Privacy Shortcut ကို နိုင်ငံအချို့မှ Facebook user များအတွက် စတင်မိတ်ဆက်လိုက်ပါတယ်။ ပုံမှန်မြင်တွေ့နေကြ Home menu ၏ ညာဘက်နေရာတွင် dropdown ပုံစံ menu ကို Setting icon menu ပုံစံပြောင်းလဲလိုက်ပြီး၊ Home menu နှင့် Setting menu တို့၏ အလယ်တွင် New Privacy Shortcut ကိုရည်ညွန်းသည့် သော့ခလောက်ပုံစံ Icon ကို ထည့်သွင်းပေးလိုက်ပါတယ်။

0 comments:

မှတ်မိလိုသမျှ မပျက်မိစေဖို့ ရှိထားသင့်သည့် Evernote

                                Computer အသုံးပြုသူတိုင်း Window 7 မှာရော Vista မှာ ပါ Note gadget တွေ အသင့်ထည့်ပေးထားတာကို သတိထားမိမှာပါ။ အကြောင်းအရာ အမျိုးမျိုးကို နောင်တစ်ချိန်တွင် ပြန်လည် မှတ်မိနေစေရန်နှင့် ပျောက်ပျက် မသွားစေရန်၊ အထက်တွင် ရေးခဲ့သည့် Window note gadget များမှာ ရေးဖူး၊ မှတ်ဖူး၊ သုံးဖူးကြပါလိမ့်မယ်။ သို့ရာတွင် ၄င်း built-in ပါဝင်သော note gadget များတွင် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပြီး၊ အဓိကပြသနာမှာ Window note gadget များမှာ မြန်မာ Zawgyi font အသုံးပြု၍ အဆင်မပြေခြင်း ပင်ဖြစ်ပါတယ်။ အထက်ပါ အခက်အခဲများကို အဆင်ပြေနိုင်စေရန် 2011 နောက်ပိုင်းမှစ၍ နာမည်ကြီးလာပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိနေပြီဖြစ်သည့်၊ Evernote application လေးက ကူညီနိုင်ပါတယ်။

0 comments: