Home

Photo ပုံများကို Effect များထည့်သွင်း Edit လုပ်နိုင်မည့် Photo Art Studio 2.65 (Portable)

                                    AMS Software ကထုပ်လုပ်ထားတဲ့ Photo ဓါတ်ပုံများကို Effect များစွာ ထည့်သွင်း Edit လုပ်ခါ Save လုပ်နိုင်မည့် Photo Art Studio 2.65 (Portable) ပါ။ အသုံးပြုရလွယ်ကူပြီး၊ Frame, Greeting Card, Collages, Clip Arts, Text  စသည်တို့ကို ရွေးချယ် ပေါင်းစပ်နိုင်ပါတယ်။ Picture File အားလုံးနီးပါးကို Support လုပ်ပေးပြီး၊ Out put File ကို သာမန် Picture File Format များအပြင် ၊ PSD File, AVI File, ICO File စသော အခြား Application များနှင့် တွဲဖက်အသုံးပြုနိုင်သည့် File Format အဖြစ်ပါ Save လုပ်နိုင်ပါတယ်။ Save မလုပ်မှီ၊ Preview ကြည့်နိုင်ပါသေးတယ်။ Skin Design အနေနဲ့ Elegent, Ledenets, MacOs2, Office 2003/2007 စသည်ဖြင့် Skin Design 17 မျိုးကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ 5.1 MB ရှိပြီး၊ Window XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

0 comments:

Driving Speed 2 PC Game


                                      Wheel spin studios မှဖန်တီးထားသော High Quality Car Racing Game တစ်ခုဖြစ်သည့်၊ Driving Speed 2 PC Game ပါ။ PC Offline Mode ကစားနိုင်သည့်အပြင်၊ Internet LAN ချိတ်ဆက်၍လည်း ၈ ယောက်ထိအောင် ကစားနိုင်ပါတယ်။ 103.57 MB ရှိပြီး၊ Window XP, Vista နှင့် 7 များမှာ ကစားနိုင်ပါတယ်။ System Requirement များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments:

Video File များကို အနုစိပ် Edit ပြုလုပ်နိုင်သော Aiseesoft Total Media Converter 5.2.26 (Portable)

                                Video File များကို အနုစိပ် Edit လုပ်ရန်နှင့် Convert ပြုလုပ်ရန် အသုံးပြုနိုင်သည့် Aiseesoft Total Media Converter 5.2.26 (Portable) ပါ။ AVI, MPEG, WMV, MP4, RM, MOV, 3GP, VOB, FLV, MP3, WMA, H.264 HD Video, iPhone, iPod Video Format စသော Video Format များကို အပြန်အလှန် Convert ပြုလုပ်ပေးနိုင်သည့် အပြင် DVD မှ ၎င်း File Format များသို့ပါ Convert လုပ်နိုင်ပါတယ်။ Edit အနေနဲ့၊ Video File တစ်ခုကို မိမိနှစ်သက်ရာ နေရာများကိုသာ ဖြတ်ထုတ်နိုင်ခြင်း (Trim), Video Play Region ကို Crop ဖြတ်နိုင်ခြင်း၊ Watermark ထည့်သွင်း Edit လုပ်နိုင်ခြင်း၊ Output Video File Effect ကိုညှိပေးနိုင်ခြင်း၊ Video Clip တစ်ခုခြင်းစီကို Output Video file တစ်ခုတည်းသို့ ပြောင်းလဲနိုင်ခြင်း များကို ပြုလုပ်ပေးနိုင်ပါတယ်။

0 comments:

Music Convert Master 5.0.1.369 (Portable)

                                     Music file များကို အခြားနှစ်သက်ရာ File Extension များသို့ လွယ်ကူလျှင်မြန်စွာ Convert လုပ်ပေးနိုင်သည့် Music Convert Master Latest Version 5.0.1.369 (Portable) ပါ။ အသုံးပြုနိုင်တဲ့ File Format များကတော့ WAV, OGG, MP3, MP2, RAW, WMA, VOX, MPC, MP+ စသည်တို့ဖြစ်ပါတယ်။ Audio bit rate, Frequency, Parameters စသည်တို့ကိုပါ Customize ပြုလုပ်ပေးနိုင်သောကြောင့် ကောင်းမွန်သော Digital Audio Quality ကိုရရှိစေပါတယ်။ အသုံးပြုရလွယ်ကူသောကြောင့် စတင်အသုံးပြုသူများအတွက်ရော၊ Advanced User များအတွက်ပါ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ 7.8 MB သာရှိပြီး၊ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။ 

0 comments:

GRaiN Desktop Google Reader Notifier Latest Version 1.1.7

                                                 မိမိနှစ်သက်ရာ Web Site များမှ Subscribe ပြုလုပ်ပြီးလျှင် ၎င်း Site များတွင် Post အသစ်တစ်ခုရောက်တိုင်း Auto Update လုပ်ပေးနိုင်တဲ့ Google Reader ကို Notify ပြုလုပ်ပေးမည့် GRaiN Desktop Google Reader Notifier ပါ။ လောလောဆယ်နောက်ဆုံး Version 1.1.7 ကို ရယူနိုင်ပါတယ်။ အထက်ပါပုံတွင် ပြထားသည့်အတိုင်း Subscribe ပြုလုပ်ထားသည့် Google Account User Name နှင့် Password တို့ကို ထည့်သွင်းပေးရပါမယ်။ System Tray တွင် Icon အနေအသုံးပြုထားနိုင်ပြီး၊ Update အရေအတွက်များကို Pop Up Bubble ဖြင့် Notify လုပ်ပေးပါတယ်။ နှစ်သက်ရာအသံနှင့် Notify ပြုလုပ်ပေးနိုင်ရန် သတ်မှတ်ပေးထားနိုင်ပါတယ်။ 118 KB သာရှိ၍ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

0 comments:

Ornagai Mobile Dictionary Version 2.0

                                      Ornagai လို့အမည်ရတဲ့ Java Mobile Phone များမှာ လွယ်ကူစွာ Install လုပ်ခါ အသုံးပြုနိုင်မည့် English to Myanmar Dictionary ပါ။ အသုံးပြုရလွယ်ကူပြီး၊ စကားလုံးပေါင်း 30000 ကျော်ကို English မှ မြန်မာသို့ ဘာသာပြန်ပေးထားပါတယ်။ Memory ပမာဏ သေးငယ်ပြီး၊ လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Custom Dictionary ကိုပါ Support လုပ်ပေးထားတဲ့ အတွက် ကိုယ်ပိုင် Hard drive မှ Data များကို Export လုပ်ခါ အသုံးပြုနိုင်ပါသေးတယ်။ 1.62 MB သာရှိပြီး၊ Nokia, Samsung, Motorola, Sony Ericsson နှင့် အခြား Java Platform Mobile များအားလုံးမှာ အသုံးပြုနိုင်ပါတယ်။ iPhone နှင့် iPod Touch များအတွက် Ornagai Dictionary ကို Apple Store မှာ ရယူနိုင်ပါတယ်။

1 comments:

FIFA World Cup 2010 Live Streaming, Photo and More....!

                                     FIFA World Cup 2010 ကို တိုက်ရိုက် ကြည့်ရှုနိုင်ရန် ဖေါ်ပြပေးလိုက်ပါတယ်။  ပွဲစဉ်မရှိလျှင် ကြည့်ရှုနိုင်မည် မဟုတ်ပဲ၊ ပွဲစဉ်ရှိသည့် အချိန်တွင်သာ လက်ရှိကျင်းပနေသော FIFA World Cup ပွဲများကို တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Full Screen Mode ပါကြည့်ရှုနိုင်ပါတယ်။ Live Streaming အပြင်၊ FIFA မှ နောက်ဆုံး ဓာတ်ပုံများ၊ အခြား FIFA Related Collection များကိုပါ စုစည်း ဖေါ်ပြပေးလိုက်ပါတယ်။ ထပ်မံ Update လုပ်သော FIFA နှင့် ပါတ်သက်သည့် Post များကိုလည်း ဤ Post တွင် ထပ်မံဖြည့်စွပ်ပေးသွားပါမယ်။

0 comments:

FIFA Online Game Free Download

                                      EA Sports မှ 2010 FIFA World Cup အမှီ ဖန်တီးထားတဲ့ FIFA Online Game ပါ။ Email Account တစ်ခုနှင့် Register လုပ်ပြီးလျှင် Online မှာရော၊ Offline မှာပါ ကစားလို့ရတဲ့ Football Game ပါ။ World Cup Mode မှာ လက်ရှိ ကမ္ဘာ့ဖလား ပွဲစဉ်များနှင့် အညီ တပြိုင်နက် အသင်းများကို ရွေးချယ် ကစားနိုင်သည့် အပြင်၊ နာမည်ရ ကစားသမားပေါင်း 15000, Club အသင်းပေါင်း 500 နှင့်အတူ League Mode ပါကစားလို့ ရပါတယ်။ အရင်ဆုံး ၎င်း Official Site သို့သွား၍ Email Account နှင့် နှစ်သက်ရာ Password, Brith Date များနှင့် အတူ Register လုပ်ရပါမယ်။ ပြီးလျှင် Manager Name, Avatar Image (ကစားသမား၏ပုံ)၊ နှစ်သက်ရာ League Team, World Cup Team များကို ရွေးချယ်ပေးရပါမယ်။

1 comments:

နှစ်သက်ရာ စာကြောင်းများ ရေးသား၍ Mobile Phone Animation Wallpaper များပြုလုပ်နိုင်သာ Reddodo


                                      မိမိနှစ်သက်ရာ စာကြောင်းများ၊ နာမည်များ ကို အဆင်သင့် ပေးထားသော Mobile Animation Wallpaper Template များတွင် ထည့်သွင်းခါ Free Download ရယူနိုင်သည့် Reddodo Site ကိုဖေါ်ပြပေးလိုက်ပါတယ်။ Text အရေအတွက် အနေနဲ့ 17 လုံးထိအောင် ရေးသားနိုင်ပြီး၊ Phone Brand နှင့် Model ကိုရွေးချယ်ခါ လွယ်ကူစွာ ဖန်တီးရယူနိုင်ပါတယ်။ Mobile Phone Brand များအနေနဲ့ LG, Motorola, Nokia, Panasonic, Samsung, Sanyo, Sony Ericsson Brand များကို Support လုပ်ပေးပါတယ်။ အခြား Mobile Phone Brand များဖြစ်ပါက Generic ကိုရွေးချယ်၍ Screen Resolution ကို သတ်မှတ်ခါ ဖန်တီးနိုင်ပါတယ်။

0 comments:

Football HD Wallpaper များ (2010 World Cup Special Collection)

                                        2010 FIFA World Cup ဘောလုံးရာသီမှာ Football HD Wallpaper များကို စုစည်း ဖေါ်ပြပေးလိုက်ပါတယ်။ 2560-1600 High Quality Wallpaper များဖြစ်ပြီး၊ JPEG ပုံ 40 ပါဝင်ပါတယ်။ (40MB)

0 comments:

3D Design Funny Animal Wallpaper များ

                                       3D Design Funny Animal Wallpaper ပုံများကို ရှာဖွေ ဖေါ်ပြပေးလိုက်ပါတယ်။ 1280-1024 Full HD JPG ပုံများဖြစ်ပြီး၊ JPG ပုံ 38 ပုံပါဝင်ပါတယ်။ Rar File ကို Download လုပ်၍ ပြန်ဖြည်ပြီးလျှင် အသုံးပြုနိုင်ပါပြီ။ (8MB)

0 comments:

Youtube Video များကို Youtube Site မှတိုက်ရိုက် လွယ်ကူစွာ Download လုပ်နိုင်မည့် 1-Click Youtube Download

                                                 Youtube မှ Video များကို Download ရန်နှင့် Convert လုပ်ရန် အခြား Downloader, Converter စသော မည်သည့် Software များကိုမှ အသုံးပြုစရာမလိုပဲ Youtube Home page မှာတင် တိုက်ရိုက် နှစ်သက်ရာ Video format ကိုရွေးချယ် Download လုပ်ပေးနိုင်တဲ့ 1-Click Youtube Download ပါ။ FireFox Add-on တစ်ခုဖြစ်တဲ့ 1-Click Youtube Download ကို Install လုပ်ပေးထားခြင်းဖြင့်  တိုက်ရိုက် Download Link များကို အထက်ပါပုံတွင် ပြထားသည့်အတိုင်း Youtube Video ၏အောက်ရှိ၊ Embed နှင့် Flag Button များ၏အောက် (သို့မဟုတ်) ဘေးနားတွင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

0 comments:

FIFA 2010 World Cup ပွဲစဉ်များကို စနစ်တကျ Update လုပ်နိုင်သော South Africa 2010 V1.1

                                          လက်ရှိ South Africa တွင်ကျင်းပနေသော FIFA 2010 World Cup ဘောလုံးပွဲစဉ်များကို ပွဲစဉ်များ၊ ရမှတ်များ၊ Group များ၊ ဒုတိယဆင့် ပွဲစဉ်များနှင့် အခြား Schedule များကို စနစ်တကျ Manually သတ်မှတ်နိုင်သည့်အပြင် Online Auto Update ပါရရှိနိုင်သော South Africa 2010 Desktop Software V1.1 ဖြစ်ပါတယ်။ ပွဲစဉ်များကို Stage, Group နှင့် Team အလိုက် ကြိုတင် ကြည့်ရှုနိုင်ပြီး၊ Group များကို Graphical Visualization နှင့် ဖေါ်ပြပေးထားပါတယ်။ ပွဲချိန်များအနေနဲ့ Local Time Zone သို့ Manually သတ်မှတ်ပေးနိုင်သလို၊ Geographical Location ကိုရွေးချယ်ပေးခြင်းဖြင့်လည်း Auto သတ်မှတ်ပေးနိုင်ပါတယ်။

1 comments:

Video Site 75 ခုမှ Video များကို Download လုပ်နိုင်သော xVideoServiceThief Video Downloader

                                           YouTube, Yahoo, Google Videos, Metacafe စသော နာမည်ကြီး Video Site များအပါအဝင် Video Site 75 ခုမှ Video များကို URL Address ရယူပြီး၊ Download လုပ်ပေးနိုင်ရုံသာမက နှစ်သက်ရာ Video Format များသို့ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ xVideoServiceThief Video Downloader ပါ။ 123video, 5min, ATV, Aniboom မှစ၍ Zedge, Zubble စသည်ဖြင့်  အက္ခရာစဉ်အလိုက် Video Site ၇၅ မျိုးမှ Video များကို Download လုပ်နိုင်ပါတယ်။ http:// နှင့် rtmp:// Protocol များကို Support လုပ်ပေးပြီး၊ တချိန်တည်းမှာ Video တစ်ခုထက်ပို၍ Download လုပ်နိုင်ပါတယ်။ Built in Search Box ပါဝင်ပြီး၊ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

0 comments:

Fifa 2010 World Cup Theme For Window 7

                                                           Africa တွင် ကျင်းပမည့် 2010 FIFA World Cup မြင်ကွင်းပုံများကို Electronic Art EA မှ Design ဆွဲပြီး၊ Microsoft မှ ထုတ်လုပ်လိုက်သည့် 2010 FIFA World Cup Window 7 Theme ပါ။ FIFA World Cup မြင်ကွင်းပုံ ၁၀ ပုံပါဝင်သော ၎င်း Window 7 Theme ကို Microsoft Home Page တွင် Officially Free Download ရယူနိုင်ပါတယ်။ Window 7 များအတွက် သီးသန့် ဖန်တီးထားခြင်း ဖြစ်သောကြောင့် အခြား Window System များမှာ အသုံးပြုနိုင်မည် မဟုတ်ပဲ Window 7 မှာ သာအသုံးပြုရန် အဆင်ပြေပါမယ်။ ထို့အပြင် အခြား Window 7 Theme များစွာကိုလည်း၊ Personalization Gallery မှာ Free Download ရယူနိုင်ပါတယ်။

0 comments:

Gmail တွင် Video, Voice နှင့် Group Chat များကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ပါပြီ

                                         Gmail တွင် ယခင်အတိုင်းဆိုလျှင် အသုံးများသော Video Chat , Voice Chat နှင့် Group Chat များကို အသုံးပြုရန်အတွက် Chat Box ၏အောက်ခြေရှိ Video & more Menu မှ တဆင့် သီးခြား သွားရမည် ဖြစ်ပြီး၊ ယခုအခါ ၎င်း Feature များကို လွယ်ကူစွာ တိုက်ရိုက်အသုံးပြုနိုင်ရန် Google နှင့် Gmail Team မှ Update လုပ်ပေးလိုက်ပါပြီ။ ယခုအခါ Gmail တွင် တစ်စုံတစ်ယောက်နှင့် Chat ရန်အတွက် Click နှိပ်လိုက်လျှင် Chat Box ၏ အထက်နားတွင် Video, Voice နှင့် Group Chat များအတွက် Quick Access Button များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

0 comments:

Passport ပုံကို စနစ်တကျ ပြုလုပ်နိုင်သော Passport Photo Studio

                                             ကိုယ်ပိုင် Out door ဓါတ်ပုံများစွာ ရှိပြီး၊ Passport ပုံမရှိသည့် သူများအတွက် Out door ပုံများမှ Passport ပုံကို စနစ်တကျ ပြုလုပ်ပေးနိုင်သော Passport Photo Studio ပါ။ Passport ဓါတ်ပုံ Size ကို United States နှင့် United Kingdom ဟူ၍ စံ ၂ မျိုး သတ်မှတ်ပေးနိုင်ပြီး၊ လွယ်ကူစွာ Edit လုပ်နိုင်ပါတယ်။ JPG File အဖြစ် Save လုပ်နိုင်ပြီး၊ Print ပါ တိုက်ရိုက် ထုတ်နိုင်ပါတယ်။ Contrast , Brightness များကို လည်း ညှိုပေးနိုင်ပါတယ်။

0 comments:

Animated Smile Emoticon ပုံများကို လွယ်ကူစွာ အသုံးပြုနိုင်သော GetSmile Version 1.952

                                        Email, Forum နှင့် MSN ကဲ့သို့သော IM Chat Client များတွင် Animated Smile  Emoticon ပုံများကို လွယ်ကူစွာ အဆင်သင့် ထည့်သွင်းအသုံးပြု နိုင်မည့် GetSmile Emoticon ပါ။ Smile Emoticon များအနေနဲ့ Party, Jolly, Sad, Gibe, Types, Goodies, Baddies, Force, Misc, Love စသည်ဖြင့် Category အလိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ထည့်သွင်း အသုံးပြုလိုက်သော Emoticon ပုံများကို အခြား ထပ်မံ ကြည့်ရှုမည့်သူ၊ လက်ခံမည့်သူအနေနှင့် မည်သည့် Software ကိုမျှ Download လုပ်စရာမလိုပဲ Smile Emoticon များကို တိုက်ရိုက် တွေ့မြင်နိုင်ပါတယ်။ Get Smile Emoticon များကို Gmail မှာပါ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

0 comments:

HD Video, Audio နှင့် Picture File အဖြစ်ပါ Convert လုပ်နိုင်သော Xilisoft HD Video Conveter 6

                                       Video Format တစ်ခုမှ အခြား Video Format များ၊ Audio Format များနှင့် Picture Format များသို့ တိုက်ရိုက် High Quality ဖြင့် Convert လုပ်နိုင်သော Xilisoft Converter 6 ပါ။ Video Format အနေနဲ့၊ AVCHD (mts, m2ts), TS, H.264/AVC, MKV ကဲ့သို့သော HD Video Format များနှင့် အခြား အသုံးများသည့် AVI, MPEG, WMV, MP4, DivX, RM, MOV, နှင့် FLV Format များအပြင် Mobile Phone များ၊ Apple Product များ၊ Sony Game Product များ၊ Microsoft Game Product များနှင့် အခြား Format များကိုပါ လွယ်ကူစွာ ပြောင်းလဲပေးနိုင်ပါတယ်။ ထို့အပြင် Video File မှ MP3, WMA, WAV, OGG, M4A စသော Audio Format များသို့လည်း ပြောင်းလဲနိုင်ပါတယ်။ SWF, FLV ကဲ့သို့သော Flash Video Format ကိုပါ Support လုပ်သည့်အတွက် Picture File များကို စုစည်း၍ Video File အဖြစ် Convert လုပ်နိုင်ပါသေးတယ်။

0 comments:

Google Translation ကိုအခြေခံထားသည့် Portable အဖြစ်ပါအသုံးပြုနိုင်သော Dictionary.Net Translator

                                          Language တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲ Translate လုပ်နိုင်ရန် အထောက်အကူပြုပေးသည့် Google Translation ကို အခြေခံထားသည့် Dictionary.Net ပါ။ Web page သို့မဟုတ် အခြား စာမျက်နှာများမှ Language တစ်ခုကို English to English (သို့မဟုတ်) English မှ အခြားဘာသာ တစ်ခုသို့ အပြန်အလှန် ဘာသာပြန်ရန်အတွက် အသုံးများသော Google Translate သို့မဟုတ် Bing Translate များသို့ သီးခြားသွားစရာ မလိုတော့ပါဘူး။ Translate လုပ်လိုသည့် စကားလုံးပေါ်တွင် Drag ဆွဲ၍ High light လုပ်ပြီး၊ Mouse Wheel ကို Click နှိပ်ခါ Dictionary.Net ကိုအသုံးပြုပြီး၊ လွယ်ကူစွာ ဘာသာပြန်နိုင်ပါတယ်။ Install လုပ်စရာမလိုသောကြောင့် USB ကဲ့သို့သော Flash Drive များမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဘာသာစကားပေါင်း 65 မျိုး ကို လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။

0 comments:

Facebook တွင် Chat History ကိုပြန်လည်ကြည့်ရှုနိုင်မည့် Chat History Manager

                                                      Facebook မှာ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ Chat ထားတဲ့ History ကို ပြန်ကြည့်ဖို့ Facebook Privacy အရ တရားဝင်မဖြစ်နိုင်ပါဘူး။ ယခုဖေါ်ပြမယ့် Chat History Manager ကတော့ Facebook Chat History များကို Save လုပ်ထားနိုင်ပြီး Account တစ်ခုလုပ်ခါ၊ Password နှင့် သိမ်းဆည်း ထားနိုင်ပါတယ်။ Facebook Chat History Manager ကို FireFox နှင့် Google Chrome Browser များမှာ တွဲဖက်အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့ FireFox Browser နှင့် အသုံးပြုပုံကို ဖေါ်ပြပေးသွားပါမယ်။

2 comments:

Russia အာကာသယဉ်အချို့၏ အလုပ်လုပ်ပုံကို တွေ့မြင်နိုင်မည့် Buran 3D Screen Saver

                                           ရုရှားနိုင်ငံမှ လူသားအထောက်အကူပြု Spacecraft ယဉ်များတည်ဆောက် ဖန်တီးနေသည့် အာကာသ နည်းပညာဌာန တစ်ခုမှ ဖန်တီးထားသော Buran Screen saver ပါ။ အာကာသယဉ် ၈ မျိုး၏ ကမ္ဘာ ကိုလှည့်ပါတ် အလုပ်လုပ်နေပုံကို 3D Screen Saver အဖြစ်တွေ့မြင်နိုင်ပါတယ်။ Install လုပ်ပြီးလျှင် Personalize >> Screen Saver >> buran ကိုရွေးချယ်ပြီးလျှင် Setting သို့သွား၍ Screen Saver အဖြစ်အသုံးပြုလိုသည့် အာကာသယဉ်နာမည်များကို ရွေးချယ်နိုင်သလို Random လည်းအသုံးပြုနိုင်ပါတယ်။

0 comments:

ပုံတစ်ပုံချင်းစီကို Password တစ်ခုစီသတ်မှတ်၍ သိမ်းဆည်းနိုင်သော LockImage

                                   JPEG, GIF, PNG, BMP အစရှိသော Image File များကို Password တစ်ခုချင်းစီ ခံ၍ Executable File (.exe) အဖြစ်ဖန်တီးခါ၊ သိမ်းဆည်းပေးနိုင်သော LockImage ပါ။ တစ်ကြိမ်ဖွင့်တိုင်း တစ်ခါ Save လုပ်စဉ်က Password ကို ထည့်ခါ ဖွင့်ရသောကြောင့် အသုံးများပြီး၊ အရေးကြီးသည့် Drawing ကဲ့သို့သော Image File များကိုသိမ်းဆည်းရန် သင့်တော်ပါတယ်။ အသုံးပြုရန်လွယ်ကူပြီး၊ အသုံးဝင်သလောက် Memory ပမာဏ မှာ 8.9 KB သာရှိပါတယ်။ Install လုပ်ပြီးလျှင် Run ပါ။ ပြီးလျှင် File Menu မှ Open ကို နှိပ်ခါ သိမ်းဆည်းလိုသော ပုံကို ရွေးပေးပါ။ ပြီးလျှင် File Menu မှ Save as ကို Click ခါ သိမ်းဆည်းလိုသော Location ကိုရွေး၍ Save ကိုနှိပ်ပါ။ Choose Password Window ကျလာပြီး အသုံးပြုလိုသည့် Password ကို ၂ ကြိမ် ထည့်သွင်းခါ OK ကိုနှိပ်ပါ။

4 comments: