Home

FIFA Online Game Free Download

                                      EA Sports မှ 2010 FIFA World Cup အမှီ ဖန်တီးထားတဲ့ FIFA Online Game ပါ။ Email Account တစ်ခုနှင့် Register လုပ်ပြီးလျှင် Online မှာရော၊ Offline မှာပါ ကစားလို့ရတဲ့ Football Game ပါ။ World Cup Mode မှာ လက်ရှိ ကမ္ဘာ့ဖလား ပွဲစဉ်များနှင့် အညီ တပြိုင်နက် အသင်းများကို ရွေးချယ် ကစားနိုင်သည့် အပြင်၊ နာမည်ရ ကစားသမားပေါင်း 15000, Club အသင်းပေါင်း 500 နှင့်အတူ League Mode ပါကစားလို့ ရပါတယ်။ အရင်ဆုံး ၎င်း Official Site သို့သွား၍ Email Account နှင့် နှစ်သက်ရာ Password, Brith Date များနှင့် အတူ Register လုပ်ရပါမယ်။ ပြီးလျှင် Manager Name, Avatar Image (ကစားသမား၏ပုံ)၊ နှစ်သက်ရာ League Team, World Cup Team များကို ရွေးချယ်ပေးရပါမယ်။




                                                    ပြီးလျှင် FIFA Online Game ကို Download လုပ်လိုက်ရုံပါ။ Download လုပ်ရာတွင် အသုံးပြုနေသည့် Browser ပေါ်တွင် မူတည်၍ Download လုပ်ရပါမယ်။ (ဥပမာ-FireFox Browser ကိုအသုံးပြုပါက FIFA Online Web Luncher Add on ကို Install လုပ်ပြီးလျှင် Restart ပြန်လုပ်၍ FIFA Online Setup Exe File ကို Download လုပ်ရပါမယ်။) Download လုပ်ပုံအဆင့်ဆင့်ကို Home Page မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ ထို့နောက် FIFA Online Setup Exe File ကို Run ၍ Install လုပ်ပြီးလျှင် ကစားနိုင်ပါပြီ။ 950 MB ရှိ၍ Window XP, Vista နှင့် 7 များမှာ ကစားနိုင်ပါတယ်။

1 comment:

  1. ကျေးဇူးအထူးတင်ပါတယ်ဗျာ။

    ReplyDelete