Home

Video Site 75 ခုမှ Video များကို Download လုပ်နိုင်သော xVideoServiceThief Video Downloader

                                           YouTube, Yahoo, Google Videos, Metacafe စသော နာမည်ကြီး Video Site များအပါအဝင် Video Site 75 ခုမှ Video များကို URL Address ရယူပြီး၊ Download လုပ်ပေးနိုင်ရုံသာမက နှစ်သက်ရာ Video Format များသို့ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ xVideoServiceThief Video Downloader ပါ။ 123video, 5min, ATV, Aniboom မှစ၍ Zedge, Zubble စသည်ဖြင့်  အက္ခရာစဉ်အလိုက် Video Site ၇၅ မျိုးမှ Video များကို Download လုပ်နိုင်ပါတယ်။ http:// နှင့် rtmp:// Protocol များကို Support လုပ်ပေးပြီး၊ တချိန်တည်းမှာ Video တစ်ခုထက်ပို၍ Download လုပ်နိုင်ပါတယ်။ Built in Search Box ပါဝင်ပြီး၊ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
                                          Convert လုပ်နိုင်တဲ့ Format များကတော့ AVI, WMV, MPEG1/2, 3GP, MP4, MP3, စသည်တို့အပြင် Sony PSP နှင့် Apple iPod များအတွက်ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်ပါတယ်။ Screen  Resoulation , Audio Sample Rate (Hz) နှင့် Video Sample Rate (Hz) များကိုလည်း အသုံးပြုမည့် Player နှင့် သင့်တော်သည့် အချိုးအစားအလိုက် ရွေးချယ်နိုင်ပါတယ်။ Add Video ကို Click နှိပ်ခါ Download လုပ်လိုသည့် URL ကိုထည့်၍ Download လုပ်နိုင်သည့် အပြင် Drag and Drop function ပါပါဝင် ပါတယ်။ Download လုပ်နိုင်သော Video Site များထဲတွင် Adult Video Site များလည်း ပါဝင်သည် ဖြစ်ရာ ၎င်း Site များကို အသုံးမပြုစေလိုပါက Password ခံ၍ Block လုပ်ထားနိုင်ပြီး၊ Unblock ပြန်လည်ပြုလုပ်လိုပါက Block လုပ်စဉ်က Password ကို ပြန်လည်အသုံးပြုရပါမယ်။ Portable ကိုပါရယူနိုင်၍ 9.6 MB သာရှိပြီး၊ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

0 comments: