Home

Gmail တွင် Video, Voice နှင့် Group Chat များကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ပါပြီ

                                         Gmail တွင် ယခင်အတိုင်းဆိုလျှင် အသုံးများသော Video Chat , Voice Chat နှင့် Group Chat များကို အသုံးပြုရန်အတွက် Chat Box ၏အောက်ခြေရှိ Video & more Menu မှ တဆင့် သီးခြား သွားရမည် ဖြစ်ပြီး၊ ယခုအခါ ၎င်း Feature များကို လွယ်ကူစွာ တိုက်ရိုက်အသုံးပြုနိုင်ရန် Google နှင့် Gmail Team မှ Update လုပ်ပေးလိုက်ပါပြီ။ ယခုအခါ Gmail တွင် တစ်စုံတစ်ယောက်နှင့် Chat ရန်အတွက် Click နှိပ်လိုက်လျှင် Chat Box ၏ အထက်နားတွင် Video, Voice နှင့် Group Chat များအတွက် Quick Access Button များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
                                        ၎င်း Short cut Button များမှတဆင့် လွယ်ကူစွာ တိုက်ရိုက် အသုံးပြုနိုင်ရုံသာမက၊ လက်ရှိ Chat နေသောသူသည် Video Chat Plugin အသုံးမပြုလျှင်၊ Video Chat Button ကိုနှိပ်ပေးခြင်းအားဖြင့် ၎င်း Plug in ကို ထည့်သွင်း အသုံးပြုရန် တဖက်လူထံသို့ Invite လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

0 comments: