Home

နှစ်သက်ရာ စာကြောင်းများ ရေးသား၍ Mobile Phone Animation Wallpaper များပြုလုပ်နိုင်သာ Reddodo


                                      မိမိနှစ်သက်ရာ စာကြောင်းများ၊ နာမည်များ ကို အဆင်သင့် ပေးထားသော Mobile Animation Wallpaper Template များတွင် ထည့်သွင်းခါ Free Download ရယူနိုင်သည့် Reddodo Site ကိုဖေါ်ပြပေးလိုက်ပါတယ်။ Text အရေအတွက် အနေနဲ့ 17 လုံးထိအောင် ရေးသားနိုင်ပြီး၊ Phone Brand နှင့် Model ကိုရွေးချယ်ခါ လွယ်ကူစွာ ဖန်တီးရယူနိုင်ပါတယ်။ Mobile Phone Brand များအနေနဲ့ LG, Motorola, Nokia, Panasonic, Samsung, Sanyo, Sony Ericsson Brand များကို Support လုပ်ပေးပါတယ်။ အခြား Mobile Phone Brand များဖြစ်ပါက Generic ကိုရွေးချယ်၍ Screen Resolution ကို သတ်မှတ်ခါ ဖန်တီးနိုင်ပါတယ်။
                                    အသုံးပြုပုံမှာ Redodo Site သို့သွား၍ နှစ်သက်ရာ Mobile Phone Template ကို အရင်ရွေးချယ် ပေးရပါမယ်။ ပြီးလျှင် ထည့်သွင်းအသုံးပြုလိုသည့် Mobile Phone ၏ Brand ကိုသတ်မှတ်၍ Model နံပါတ် ကို ရွေးချယ်ရပါမယ်။ ပြီးလျှင် ထည့်သွင်းလိုသည့် Text စာသားကို ပုံတွင်ပြထားသည့်အတိုင်း Enter a Text ၏အောက်ရှိ ကွပ်လပ်တွင် ရေးသား၍ Refresh Preview ကို နှိပ်ပေးပါ။ Still Wallpaper ကို ရယူလိုပါက Static Wallpaper Check Box တွင် Check ပေးပြီးလျှင် Refresh Preview ကိုနှိပ်ပေးရပါပမယ်။ Preview ပုံကို ကြည့်၍ ကြိုက်နှစ်သက်ရာ ပုံကို ရရှိလျှင် ၎င်းပုံပေါ်တွင် Right Click နှိပ်ခါ Save Image As ကိုရွေးချယ်၍ မိမိ၏ ကွန်ပျူတာတွင် Save လုပ်နိုင်ပါတယ်။ ပြီးလျှင် Save လုပ်ထားသော ပုံကို သင်၏ Mobile Phone သို့ Bluetooth (သို့မဟုတ်) USB Cable ကိုအသုံးပြုခါ ထည့်သွင်း၍ အသုံးပြုနိုင်ပါပြီ။

                                      အဆင်သင့် ပေးထားသော Mobile Phone Template များကို အသုံးပြုနိုင်ရုံသာမက သင်၏ မျက်နှာကိုပါ Web Cam ဖြင့် ဓါတ်ပုံရိုက်၍ Animated Screen Saver/ Wallpaper များဖန်တီး ရယူနိုင်ပါသေးတယ်။ အသုံးပြုပုံမှာ ၎င်း Site သို့သွားပြီးနောက် Adobe Flash Player Setting မှ Web Cam ကိုအသုံးပြု/ မပြုမေးလာလျှင် Allow ကို နှိပ်ပေး၍ Still ရုပ်ပုံတစ်ပုံချင်းစီကို Take Snapshot Button ကိုနှိပ်ခါ ရယူရပါမယ်။ Still ရုပ်ပုံ ၅ ပုံအထိဖန်တီးနိုင်ပြီး၊ Your Screen Saver တွင် Preview ကြည့်၍ ကြိုက်နှစ်သက်ရာ အနေအထား ရောက်လျှင် အထက်ပါအတိုင်း ပုံပေါ်တွင် Right Click နှိပ်ခါ Save လုပ်နိုင်ပါတယ်။

0 comments: