Home

ပုံတစ်ပုံချင်းစီကို Password တစ်ခုစီသတ်မှတ်၍ သိမ်းဆည်းနိုင်သော LockImage

                                   JPEG, GIF, PNG, BMP အစရှိသော Image File များကို Password တစ်ခုချင်းစီ ခံ၍ Executable File (.exe) အဖြစ်ဖန်တီးခါ၊ သိမ်းဆည်းပေးနိုင်သော LockImage ပါ။ တစ်ကြိမ်ဖွင့်တိုင်း တစ်ခါ Save လုပ်စဉ်က Password ကို ထည့်ခါ ဖွင့်ရသောကြောင့် အသုံးများပြီး၊ အရေးကြီးသည့် Drawing ကဲ့သို့သော Image File များကိုသိမ်းဆည်းရန် သင့်တော်ပါတယ်။ အသုံးပြုရန်လွယ်ကူပြီး၊ အသုံးဝင်သလောက် Memory ပမာဏ မှာ 8.9 KB သာရှိပါတယ်။ Install လုပ်ပြီးလျှင် Run ပါ။ ပြီးလျှင် File Menu မှ Open ကို နှိပ်ခါ သိမ်းဆည်းလိုသော ပုံကို ရွေးပေးပါ။ ပြီးလျှင် File Menu မှ Save as ကို Click ခါ သိမ်းဆည်းလိုသော Location ကိုရွေး၍ Save ကိုနှိပ်ပါ။ Choose Password Window ကျလာပြီး အသုံးပြုလိုသည့် Password ကို ၂ ကြိမ် ထည့်သွင်းခါ OK ကိုနှိပ်ပါ။
                                    Save လုပ်လိုက်သော Image File ကို .EXE File အဖြစ် ပြန်လည် တွေ့မြင်ရမည်ဖြစ်ပြီး၊ အသုံးပြုရန် ဖွင့်လိုက်ပါက Save လုပ်စဉ်က Password ကို တောင်းပါလိမ့်မယ်။ Password မှန်ကန်မှသာ သိမ်းဆည်းလိုက်သော Image File အဖြစ်ပွင့်လာမည် ဖြစ်ပြီး၊ Password မမှန်လျှင် ပွင့်လာမည်မဟုတ်ပေ။ 8.9 MB သာရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

4 comments:

  1. ဒါကြီးဒေါင်းပြီး save လိုက်လို့ မေ့ကုန်ရင်ရော ဘယ်နှယ့်လုပ်မလဲ ဘော်ဘော်ရေ ဟီး
    ခင်တဲ့
    ကိုကြီး

    ReplyDelete
  2. မေ့ကုန်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ ဘော်ဘော်ရေ.. :) ဘယ်လိုပဲဖြစ်ဖြစ် ပုံတစ်ပုံကို ကြည့်မယ်ဆို file lock တို့၊ file hide တို့လို software တွေမှာ သွားပီးတော့ lock / unlock လုပ်ပေးနေရတာနဲ့ စာရင် ကျနော်ကတော့ ဒါလေးကို ကြိုက်တယ်ဗျာ.. :)

    ReplyDelete
  3. ကျေးဇူးအထူးတင်ပါတယ်ဗျာ
    စမ်းကြည့်လိုက်ပါအုန်းမယ်

    ReplyDelete
  4. အဆင်ပြေ ပါစေ ကိုphoneရေ.. ကျေးဇူးပါ.. :)

    ReplyDelete