Home

Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ ညီမ Randi ကိုယ်တိုင်ကြုံတွေ့ရတဲ့ Facebook ရဲ့ Privacy အားနည်းချက်

 Randi Zuckerberg ရဲ့ public ဖြစ်သွားတဲ့ private photo
                         Facebook တည်ထောင်သူ မက်ဇူကာဘက် (Mark Zuckerberg)  ရဲ့ ညီမ ရန်ဒီ ဇူကာဘတ် (Randi Zuckerberg) ဟာ လွန်ခဲ့တဲ့ ခရစ္စမတ် နေ့က မိသားစုများနဲ့ မိးဖိုခန်းမှာ ရိုက်ခဲ့တဲ့ ပုံတစ်ပုံကို မကြာသေးမီကမှ iTunes မှာ မိတ်ဆက်ပေးလိုက်တဲ့ Poke Application ကို အသုံးပြုပြီး၊ သူမရဲ့ မိသားစုဝင်တွေအတွက် Share လုပ်ခဲ့ပါတယ်။ Poke application ရဲ့ စွမ်းဆောင်ချက်အတိုင်း ပုံမှန်ဆိုရင် သူမပို့ပေးလိုက်တဲ့ ပုံဟာ သတ်မှတ်လိုက်တဲ့ Family Friends တွေပဲမြင်တွေ့ရမှာဖြစ်ပြီး၊ သတ်မှတ်အချိန်အတွင်းမှာ Self-destruct အော်တိုဖျက်ပစ်ရမှာဖြစ်ပါတယ်။ (ဤ နေရာတွင် Poke Application အကြောင်းဖတ်ရန်) သို့ရာတွင် ၄င်းပုံကို ရန်ဒီရဲ့ လုပ်ဖော်ကိုင်ဖက် Callie Schweitzer  ဆိုသူက twitter မှာပြန်လည် share လုပ်လိုက်တဲ့အချိန်မှာတော့ ရန်ဒီ ဟာ Facebook ရဲ့ Privacy အပေါ်မှာ လုံးလုံးသံသယဝင်ခဲ့ရပြီး twitter မှာ share လိုက်တဲ့ သူမရဲ့ပုံကိုလည်း ပြန်လည်ဖျက်ချခိုင်းခဲ့ပါတယ်။  "not sure where you got this photo. I posted it to friends only on FB. You reposting it to Twitter is way uncool." လို့သူမရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။



                                  
                                    ဖြစ်ပုံမှာ Callie ဟာ ရန်ဒီရဲ့ ညီမတစ်ယောက် ရဲ့ Public feed မှာ Subscribe လုပ်ထားပါတယ်။ ပုံထဲမှာ ရန်ဒီရဲ့ ညီမကို tag လုပ်ထားပါတယ်။ Facebook ရဲ့ သတ်မှတ်ထားတဲ့ Tag streaming flow အတိုင်း ရန်ဒီရဲ့ ညီမဟာ tag ခြင်းခံရတဲ့ အတွက် Subscirbe လုပ်ထားသူ Callie Schweitzer ရဲ့ friend feed update စာရင်းမှာ လာပေါ်နေပုံရပါတယ်။ တကယ်တန်းဖြစ်သွားတာကတော့ ရန်ဒီက Private ဖြစ်စေလိုလို့၊ Poke application ကနေ Share လုပ်လိုက်ခါမှ သူမရဲ့သူငယ်ချင်း Callie က Twiter မှာ ပြန်ဖွ လိုက်တဲ့ အတွက် တစ်ကမ္ဘာလုံးက Social media user တွေ မြင်တွေ့သွားရတဲ့အဖြစ်ပါ။ မည်သို့ဆိုစေ အလုံးအရင်းနဲ့ ကြီးထွားလာတဲ့ Facebook ဟာ social media လောကမှာ Facebook အသုံးပြုသူတစ်ယောက်ချင်းစီအနေနဲ့ Privacy control နဲ့ Share ပြုလုပ်တဲ့ streaming feed flow ကတော့ ဟာကွပ်များရှိနေဆဲ လို့ယူဆရပါတယ်။ 

Ref-http://www.buzzfeed.com, http://mashable.com

0 comments: