Home

Mail.Ru နှင့် GuardMailRu module stop working ဖြေရှင်းရန်


                              GuardMailRu Module ဆိုတာကတော့ ရုရှားနိုင်ငံ LLC Mail.Ru မှ ထုတ်လုပ်တဲ့ mail နှင့် messenger program တစ်ခု၏ Process တစ်ခုဖြစ်ပါတယ်။ Mail.ru မှာ ICQ, Skype အစရှိသော messenger များကဲ့သို့ Video, Audio, Text message များပေးပို့နိုင်သလို PC to PC free call service လည်းပေးထားပါတယ်။ Mail.ru software ကို ကွန်ပျူတာတစ်လုံး မှာ install လုပ်လိုက်သည်နှင့် ၄င်း program ၏ ရှေ့ပြေး module အဖြစ် GuardMailRu.exe ကို နောက်ခံ Process background မှာ အလိုအလျှောက်ပွင့်နေစေပါတယ်။ အချို့ antivirus site များမှာဖေါ်ပြထားတာကတော့ GuardMailRu.exe ကိုယ်တိုင်ဟာ Spyware တစ်ခုမဟုတ်ပေမယ့်လို့ အချို့သော Spyware များမှာ GuardMailRu နာမည်နဲ့ပဲ ရောက်လာတတ်ပြီး Spywarevirus.Win32.Backdoor.AMN!UI, SUI/ Tool.Keygen.980, Win32:MailKey-gen, Win32/WormAV.Mail application စတဲ့ နာမည်ကြီး Spyware များနဲ့ ဆပ်စပ်နေတယ်လို့ဆိုပါတယ်။

                               ယနေ့ခေတ်မှာ စိတ်ချရပြီး၊ လူသုံးများတဲ့ messenger တွေများစွာ အခမဲ့ အသုံးပြုနိုင်သောကြောင့် ယခု လုံခြုံမှုနဲပြီး၊ မိမိနှင့် အဆင်မပြေသော Mail.ru mail/messenger ကို အသုံးမပြုသင့်တော့ပါဘူး။ GuardMailRu module stop working ပြသနာအတွက်တော အောက်ပါ အဆင့်များ အတိုင်း ဖြေရှင်းနိုင်ပါတယ်။

၁။ မိမိ၏စက်တွင် ကိုယ်တိုင် Mail.Ru application ကို install ပြုလုပ်ခဲ့ခါ အသုံးပြုနေပြီး၊ လက်ရှိလည်း အသုံးပြုနေဆဲဖြစ်ပါက ၄င်း Application ကို Control pannel မှ ဝင်၍ Uninstall Programs တွင်သွားကာ Uninstall ပြုလုပ်ပေးပါ။ ပြီးလျှင် restart/ reboot ပြုလုပ်ပါ။ Register Reviver 2.1.6 ကိုအသုံးပြုခါ registry များကို ပြုပြင်ပေးပြီး Mail.Ru application ကိုပြန်လည် Install ပြုလုပ်ပါ။

၂။ မိမိစက်တွင် Mail.Ru software ကို Install မပြုလုပ်ပဲ၊ Web browser တစ်ခုခုဖြင့် mail.ru website ကို အသုံးပြု၍သော်လည်းကောင်း၊ ICQ ကဲ့သို့ messenger ကိုအသုံးပြု၍သော်လည်းကောင်း Mail.ru ကိုအသုံးပြုဖူးပါက Mail.Ru နှင့် ပါတ်သက်သည့် tool bar များ၊ search engine များ ကို နောက်ကွယ်မှ install လုပ်ထားနိုင်ပါတယ်။ Toolbar remover ကို အသုံးပြု၍ စစ်ဆေးခါ ဖယ်ရှားပေးနိုင်ပါတယ်။

၃။ Malware, Spyware အတော်များများမှာ GuardMailRu အမည်ဖြင့် ဝင်ရောက်နေခြင်းလည်း ဖြစ်နိုင်သည့်အတွက် Malwarebytes Pro ကိုအသုံးပြုခါ စစ်ဆေးပြီး ဖယ်ရှားပစ်နိုင်ပါတယ်။

၎။ Toolbar remover ကိုအသုံးပြု၍ ဖယ်ရှားသည်ဖြစ်စေ၊ Malwarebytes Pro ကို ဖယ်ရှား၍ ဖြစ်စေ restart/reboot ပြန်လည်ပြုလုပ်ခါ Registry များကိုပြန်လည်ပြုပြင်ရန် Registry Reviver 2.1.6 ကိုအသုံးပြုနိုင်ပါတယ်။

လိုအပ်သော software များကို အောက်တွင် download ရယူပါ။

  1. Registry Reviver
  2. Toolbar Remover
  3. Malwarebytes Pro

0 comments: