Home

ကြိုးမဲ့စနစ်ဖြင့် မျှဝေအသုံးပြုနိုင်မည့် Adata ၏ DashDrive Air AE400 (Wireless card reader)

                            စမတ်ဖုန်း များနှင့် tablet ကွန်ပျူတာများမှ desktop ကွန်ပျူတာခေတ်ကို တဖြည်းဖြည်း အစားထိုးနေရာယူ လာသည့်အနေအထားတွင် တိုင်ဝမ် အခြေစိုက် flash memory device များထုပ်လုပ်သည့် နည်းပညာကုမ္ပဏီ ADATA Technology မှ ကြိုးမဲ့ Card reader တစ်ခုကဲ့သို့ အသုံးပြုနိုင်မည့် DashDrive Air AE 400 ကို စတင်မိတ်ဆက်လိုက်ပါတယ်။ USB flash drive, SD card, External Hard disk ကဲ့သို့သော portable device များကို ယခု AE 400 တွင်ချိတ်ဆက်ခါ ၄င်း portable device များတွင်ထည့်သွင်းထားသော သီချင်းများ၊ ဗွီဒီယိုများ နှင့် အခြား file များကို mobile device များမှ အင်တာနက် လိုင်းမလိုပဲ ကြိုးမဲ့ စနစ်ဖြင့် မျှဝေ သုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။ AE 400 မှာ 802.11 b/g/n wireless hotspot စနစ်ကို အသုံးပြုထားပြီး၊ internet ချိတ်ဆက်ခါ ၄င်း device မှတစ်ဆင့် အခြား device ၁၀ ခုအထိ internet connection ကို တပြိုင်တည်း ဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

                            Wireless storage ပစ္စည်းတစ်ခုအဖြစ်အသုံးပြုနိုင်သည့်အပြင် mobile device များကို အားသွင်းပေးနိုင် သည့် စနစ်ပါ ပါဝင်ပါတယ်။ 5000 mAh အားသိုလှောင်နိုင်တဲ့ AE 400 ရဲ့ ဓါတ်အားသိုလှောင်ပေးနိုင်တဲ့ စနစ်က iPhone 4S ကဲ့သို့သော စမတ်ဖုန်း ၂ လုံးလောက်ကို အားပြည့်တဲ့အထိ ပြန်လည်ဖြည့်ဆည်း ပေးနိုင်မယ်လို့ ဆိုပါတယ်။ 1080 P အရည်အသွေးရှိ ဗွီဒီယိုဖိုင်များကို တစ်ပြိုင်နက်တည်း device ၃ ခုမှ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး၊ 720 P အရည်အသွေး ဗွီဒီယိုကိုတော့ device ၅ ခုမှာ ကြည့်ရှုနိုင်မှာဖြစ်လို့ ဗွီဒီယိုဖိုင် ၏ အရည်အသွေးကိုလိုက်ခါ တပြိုင်တည်း တိုက်ရိုက် အသုံးပြုနိုင်မယ့် device အရေအတွက် ကွာခြားသွားမှာဖြစ်ပါတယ်။ DashDrive Air AE400 နှင့် တွဲဖက်ပြီးအသုံးပြုလိုသော device များမှာ DashDrive Air Elite App ဟုခေါ်သော application ကို install ပြုလုပ်ထားရမည်ဖြစ်ပြီး၊ Apple iOS 5 နှင့် အထက်, Android 2.3 နှင့်အထက်, Windows (XP, Vista, 7, 8 ) OS X, နှင့် Linux 2.4 အထက် device များမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ DashDrive Air AE400 ရဲ့ တန်ဖိုးကတော့ ပေါင် £52.99 ကျသင့်မည်ဖြစ်ပြီး မြန်မာကျပ်ငွေ ခြောက်သောင်းခွဲကျော် ကျသင့်မှာဖြစ်လို့ 1000GB External Hard disk တစ်လုံး ၏ တန်ဖိုး နှင့် ညီမျှနေပါတော့တယ်။

ref: Adata UK

0 comments: