Home

Apple မှ iWatch ခေါ် Smart Watch ဖုန်းနာရီများ လာတော့မည်

                                   နာမည်ကျော် iDevice ပစ္စည်းများထုပ်လုပ်သည့် Apple ကုပ္မဏီမှ ထပ်မံ၍ iWatch ခေါ် Smart watch နာရီတစ်မျိုးကို ထုပ်လုပ်ဖို့ သတင်းများထွက်ရှိနေပါတယ်။ iWatch နာရီကို ကွေးနိုင်ဆန့်နိုင်တဲ့ မှန်တမျိုးဖြင့် ပြုလုပ်မည်ဖြစ်ပြီး၊ နာရီကို iOS operating system ထည့်သွင်းခါ လက်ရှိ iDevice များထက်မနဲသော လုပ်ဆောင်ချက်များဖြင့် ထွက်ရှိလာမည် (သို့မဟုတ်) iPhone, iPod touch, iPad များမှ ကြိုးမဲ့ချိတ်ဆက်ခါ ကြားခံ ပစ္စည်းတစ်ခု အဖြစ်သာ ထွက်ရှိလာမည် ကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိလူအများအသုံးပြုနေသော iPod nano ကိုလည်း နာရီတစ်လုံးကဲ့သို့ လက်တွင်ပါတ်ခါ အသုံးပြုနိုင်ပြီး၊ ယခု ထပ်မံထွက်ရှိမည့် iWatch မှာမူ ထို့ထက်ပိုမိုသည့် လုပ်ဆောင်ချက်များအပြင် ဖုန်းပြော၍ပါ ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ အောက်တွင် အချို့ဒီဇိုင်နာ ဖန်တီးရှင်များ ခန့်မှန်းပုံဖေါ်ထားသော Apple iWatch များကို ကြည့်ရှုနိုင်ပါတယ်။ iWatch အတွက် ဖြစ်လာနိုင်ဖွယ်ရှိသည့် ကွေးနိုင်ဆန့်နိုင်သည့် မှန်များကို Apple မှ စတင်ထုတ်လုပ်နေပြီဟု Times မဂ္ဂဇင်းမှာ ဖေါ်ပြထားပါတယ်။















ref: http://bits.blogs.nytimes.com, http://mashable.com/                                    

0 comments: