Home

Evasi0n Tool ဖြင့် iOS 6 မှ 6.1 အထိ Jailbreak ပြုလုပ်ပုံ အသေးစိတ်

                            iOS 6, iOS 6.0.1, iOS 6.0.2 နှင့် iOS 6.1 သုံး iDevice များအတွက် Eavasi0n ရဲ့ Untethered Jailbreak tool ထွက်ရှိလို့လာပါပြီ။ ၄င်းတို့ကြေညာထားသည့် ရက်မှ အနည်းငယ် နောက်ကျထွက်ရှိခဲ့ပေမယ့် လောလောဆယ် iOS 6 ကနေ 6.1 အထိ untethered jailbreak လုပ်ဖို့အတွက်တော့ ပထမဦးဆုံး tools တစ်ခုဖြစ်နေပါတယ်။ Jailbreak လုပ်လို့ရမယ့် မော်ဒယ်တွေကတော့  iPhone 3GS, iPhone 4, iPhone 4S နှင့် iPhone 5, iPad 2, iPad 3, iPad 4 နှင့် iPad mini, iPod Touch 4G နှင့် iPod Touch 5G, Apple TV 2 တို့ပဲဖြစ်ပါတယ်။ 

Download Evasi0n 1.4 Jailbreak tools (updated for iOS 6.1.2)




Jailbreak မပြုလုပ်မီ လိုအပ်ချက်များ
                             အနဲဆုံး အသုံးပြုမည့် ကွန်ပျူတာများမှာ Windows XP နှင့်အထက် , Mac OS 10.5 နှင့်အထက်, Linux နှင့် မိမိ၏ iDevice ကိုဆက်သွယ်ရန် USB cable တို့ရှိနေရပါမယ်။ ပြီးလျှင် အထက်တွင်ပေးထားသော တိုက်ရိုက် link များမှ မိမိကွန်ပျူတာနှင့် သင့်တော်သည့် Evasi0n tool ကိုရွေးချယ်ခါ download လုပ်ထားရပါမယ်။ ထုံးစံအတိုင်း မိမိတို့၏ iDevice ကို backup လုပ်ပေးထားရမည်ဖြစ်ပြီး၊ backup file ကို encrypt ပြုလုပ်ခါ Password ပေးထားပါက ပြန်ဖြုတ်ထားပေးရပါမယ်။ User Passcode lock ပေးထားတယ်ဆိုရင် setting မှတစ်ဆင့် Turn Passcode off ခဏပိတ်ပေးထားရပါမယ်။ မိမိကွန်ပျူတာတွင် iTunes သို့မဟုတ် xCode များကို လုံးဝ ဖွင့်မထားရပါဘူး။ အသုံးပြုလက်စ ဖွင့်ထားမိပါက Task bar notification area မှ icon များပေါ်တွင် right click နှိပ်ခါ Exit ဖြင့်ထွက်ပေးရပါမယ်။

Jailbreak ပြုလုပ်ပုံ (Updated for iOS 6.1.2)
                            အထက်တွင်ဖေါ်ပြထားသော အချက်များပြည့်စုံလျှင် download လုပ်ထားသော ဖိုင်ကိုဖြည်၍ evasi0n.exe (Window အသုံးပြုသူများအတွက် .exe, အခြား Operating System များအတွက် သီးခြား file) ကို double click နှိပ်ခါ ဖွင့်ပါ။  ပြီးလျှင် USB cable ကို iDevice တွင်ဆက်ပါ။ (power ပိတ်စရာမလိုပါ၊ လက်ရှိသုံးနေသည့်အတိုင်း Standby အနေအထားဖြင့် ဆက်ပါ) အောက်ပါပုံတွင် ပြထားသည့်အတိုင်း Evasi0n tool မှ iDevice အမျိုးအစားနှင့် iOS version များကို အလိုအလျှောက် detect လုပ်ခါ jailbreak လုပ်နိုင်သည့် အနေအထားဖြစ်ပါက "Click Jailbreak to begin" ဟူ၍ပြောလာပြီးလျှင် Jailbreak button နေရာတွင် active ဖြစ်လာပါမယ်။


                               အဆင်သင့်ဖြစ်လျှင် jailbreak button ကို click နှိပ်ခါ စတင် jailbreak ပြုလုပ်နိုင်ပါပြီ။
jailbreak ပြုလုပ်နေစဉ်အတွင်း မကြာခန restart ပြုလုပ်နေမည်ဖြစ်ပြီး၊ မည်သည့်ခလုတ်ကိုမျှ မနှိပ်ပဲ ခနစောင့်ပါ။
မိနစ်အနည်းငယ်ကြာလျှင်  Evasi0n မှ သင်၏ iDevice အား Unlock ပြုလုပ်ပေးရန် ပြောလာပါမယ်။ lock screen မှ slide to unlock ကိုဖွင့်ပေးလိုက်ပြီးနောက် အောက်တွင်ပြထားသကဲ့သို့ Jailbreak icon ကို တွေ့ရမည်ဖြစ်ပြီး၊ ၄င်း icon လေးကို တစ်ချက် နှိပ်ပေးရပါမယ်။
                         Jailbreak icon ကို နှိပ်လိုက်လျှင် စက္ကန့်ပိုင်းကြာပြီးနောက် အနက်ရောင် screen နှင့် home screen များတလှည့်စီပေါ်လာပြီးလျှင် Evasi0n မှ Jailbreak process မိနစ်အနည်းငယ်ကြာအောင် ဆက်လက်လုပ်ဆောင်ပါမယ်။ နောက်ဆုံးအဆင့် ကွန်ပျူတာတွင် evasi0n မှ done ဟူသည့်စာသားပေါ်လာမည်ဖြစ်ပြီး iDevice မှ restart ပြန်ကျမှာဖြစ်ပါတယ်။
                            ပြန်တက်လာပါက ယခင် cache ဝင်နေသော background (ဥပမာ- home screen) များ၏ ပုံရိပ်များပေါ်လာနိုင် မည်ဖြစ်ပြီး၊ ၄င်းပုံရိပ်များ မိနစ်အနည်းငယ်ကြာလျှင် ပျောက်ကွယ်သွားပြီးနောက် lock screen ပြန်ပေါ်လာပါက သင်၏ iDevice မှာ Cydia ဟူသည့် icon ပေါ်နေပြီး၊ jailbroken ဖြစ်သွားမည် ဖြစ်ပါသည်။
 အောက်တွင် ပြထားသော Video တွင်လည်း အသေးစိတ် လေ့လာနိုင်ပါသည်။

0 comments: