Home

ကိုရီးယား network လိုင်းသုံးပြထားသော Samsung ၏ Galaxy Altius Smart Watch နာရီ

                               Apple မှ စမတ်နာရီများထုတ်လုပ်မည့် သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ စမတ်ဖုန်းဈေးကွက် မှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ Samsung ကလညှ်းSmart watch စမတ်နာရီတစ်မျိုးကို ထုပ်လုပ်နေတဲ့အနေအထားရှိတယ်လို့ ကိုရီးယား နည်းပညာဝဘ်ဆိုက်တစ်ခုမှာ ပုံ များနှင့်တကွ ဖေါ်ပြထားပါတယ်။ Samsung Galaxy Altius လို့ခေါ်တဲ့ စမတ်နာရီမှာ ပုံမှန် စမတ်ဖုန်းများ တွင် တပ်ဆင်အသုံးပြုထားသည့် Google ၏ Android operating system ကိုအသုံးပြုဖို့ထက် Samsung တို့ကိုယ်ပိုင် ထွင်ထားသည့် Operating system တစ်ခုနှင့် အသုံးပြုနိုင်ဖွယ်ရှိတယ် လို့လည်းဖေါ်ပြထားပါတယ်။

                               နာရီကို Android device တစ်ခုခုနှင့်ချိန်ဆက်ခါ အသုံးပြုနိုင်ရုံတင် မဟုတ်ပဲ ဖေါ်ပြထားသော ပုံ များအရ ကိုယ်ပိုင် network စနစ်ပါ ပါဝင်နေနိုင်ပြီး၊ ပုံများအရ ကိုရီးယားနိုင်ငံရဲ့ network communication ကုပ္မဏီတစ်ခုဖြစ်သည့် SKT (SK Telecom) ၏ network ကိုအသုံးပြုထားရာ Samsung ရဲ့ Smart Watch မှာ မည်သည့် device နှင့်မျှမချိတ်ဆက်ပဲ ၄င်းနာရီသက်သက်ဖြင့် data plan တစ်ခုခုကို သုံး နိုင်မယ်လို့ လည်း ယူဆနေကြပါတယ်။ ထို့အပြင် Glaxy Altius နာရီမှာ Music Player, Map, Messaging စသည်တို့လည်း ပါဝင်နေပါသေးတယ်။ ပုံတွင်ပြထားသည့်အတိုင်း Screen resolution ကတော့ စတုရန်းပုံ အညီဖြစ်ပြီး 500 x 500 pixel resolution ရှိနေနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။ လောလောဆယ်တော့ ပုံတွင်မြင်တွေ့ရသည့် အနေအထားကို ကြည့်ရှုခါ ခန့်မှန်း ဖေါ်ပြနေကြသော်လည်း Samsung ကုပ္မဏီကတော့ ယခု Smart Watch နှင့် ပါတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။

ref: http://www.slashgear.com/samsung-galaxy-altius-smartwatch-leaked-14269391/

0 comments: