Home

Firefox အပါအဝင် Browser များ update ပြုလုပ်သင့်တဲ့ Adobe Flash Plug-in Security Update

                                  အွန်လိုင်း အသုံးပြုသူအများစု ကွန်ပျူတာတစ်လုံးရှေ့ရောက်လျှင် စတင်အသုံးပြုတဲ့ Program က browser တစ်ခုခု ပဲဖြစ်ပြီး၊ လက်ရှိအချိန်ထိ ပြည်တွင်းရော ပြည်ပမှာပါ Mozilla ရဲ့ Firefox ကို အသုံးများကြပါတယ်။ ၄င်း firefox အသုံးပြုသူအများစု လက်တလော ရင်ဆိုင်နေကြရသည်မှာ ရံဖန်ရံခါ crash ဖြစ်ခါ ပြုတ်ကျခြင်း၊ freeze, not responding ဖြစ်ခါ အသုံးပြု၍ မရတော့ပဲ ရပ်ဆိုင်းနေခြင်း များပဲဖြစ်ပါတယ်။ Firefox အပါအဝင် browser များတွင် video နှင့် flash ဖိုင်များကို အဆင်ပြေစွာ ကြည့်ရှုနိုင်စေသော plug-in တစ်ခုဖြစ်သည့် flash player plugin update 11.5.502.146 မှာ browser တော်တော်များများကို crash ဖြစ်စေသည့် malicious Flash SWF file များအလွယ်တကူ ဝင်ရောက်စေနိုင်တဲ့ အားနည်းချက်များရှိနေခဲ့တယ်လို့ Adobe ရဲ့ support page မှာ ဖေါ်ပြထားပါတယ်။

                                  အခြား plug-in များ ကြောင့်လည်း browser crash ဖြစ်ခြင်းများ ဖြစ်စေနိုင်သော်လည်း Adobe မှ အရေးပေါ် critical security update အဖြစ် ယခု နောက်ဆုံး 11.5.502.149 ကို install ပြုလုပ်ခါ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အောက်တွင်ပေးထားသော Link များမှ download ပါ။ ထို့နောက် အသုံးပြုလက်စ browser များကို ပိတ်၍ install ပြုလုပ်ပေး လိုက်လျှင် browser များ ရံဖန်ရံ့ခါ crash, freeze, not responding ဖြစ်ခြင်းများမှ လျော့နဲသွားမှာ ဖြစ်ပါတယ်။



0 comments: