Home

Gmail inbox မှာ Mark as read button ကိုအလွယ်ထားလိုလျှင်

                                  သင့် Gmail မှာပုံမှန်အတိုင်းဆိုရင် သင် အချိန်ကုန်ခံပြီး မဖတ်ချင်တဲ့ mail (ဒါမှမဟုတ်) သင် mark as read လုပ်ချင်တဲ့ mail ကို အရင်ရွေးပြီးမှ More action ဆိုတဲ့ button ကိုနှိပ်ပြီး mark as read ကို click နှိပ်ရပါတယ်။ အဲဒီ Mark as read ဆိုတဲ့ button လေးကို More action button ကဲ့သို့ အမြဲတမ်း အဆင်သင့် သုံးလို့ရအောင် လုပ်ထားလို့ရပါတယ်။

                                သင့် Gmail သို့ဝင်ပါ။ Gmail window ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Settings ကိုနှိပ်ပါ။ ထို့နောက် Labs menu ကိုသွားပါ။ Labs menu ရဲ့အောက်မှာ Mark as Read ဆိုတဲ့ နေရာကိုသွားပြီး enable ကိုရွေးပါ။ ပြီးလျှင် End key ကိုနှိပ်၍ အောက်ဆုံးသို့သွားပါ။ Save changes ကိုနှိပ်ပါ။ သင့် Gmail window က auto reload ပြန်လုပ်ပြီး Mark as read button လေးက delete button ရဲ့ဘေးမှာ ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ Mail တစ်စောင်စောင်ရဲ့ subject (ဒါမှမဟုတ်) ပို့တဲသူ ကိုကြည့်လိုက်လို့ သင်မဖတ်ချင်ဘူး ဆိုရင်  ၎င်း mail ကိုရွေးပြီးတော့ mark as read button ကိုအလွယ်နှိပ်လိုက်ရုံပါပဲ။

0 comments: