Gtalk တွင် မိမိပြောလိုသော စာကြောင်းကို ထင်ရှားစွာပေါ်လိုလျှင်
Gtalk မှာ မိမိ ပြောလိုသော အကြောင်းအရာကို အခြားစာလုံးမျာထက် ထင်ရှားစွာပေါ်လိုပါက မိမိစာကြောင်းရဲ့ ရှေ့နဲ့ နောက်မှာ "_" သို့မဟုတ် " * " key များကို ကပ်ရေးပေးလိုက်ပါ။ "_" key ကိုစာကြောင်း၏ရှေ့နှင့်နောက်တွင် ရေးလျှင် Italic ပုံစံပေါ်မည်ဖြစ်ပြီး " * " key ကိုရေးပါက Bold ပုံစံပေါ်မည်ဖြစ်ပါသည်။
ဥပမာ။ ။ _your text_ ဟုရေးလျှင် your text ဟု Italic ပုံစံပေါ်မည်။ *your text* ဟုရေးလျှင် your text ဟု Bold ပုံစံပေါ်ပါမည်။ နှစ်မျိုးစလုံးပေါ်လိုပါက "_*your text*_" ဟုရေးပါ။ your text ဟုပေါ်ပါလိမ့်မည်။
မှတ်ချက်။ ။ မြန်မာစာတွင် ပေါ်မည်မဟုတ်ပါ။

0 comments: