Home

Gtalk မှာ invisible mode ပြပေးမယ့် google talk labs edition

                               အများစုအသုံးပြုနေကြသော Official Gtalk client မှာ invisible mode မပါပါဘူး။ Available အစိမ်းရောင်ပြရင်ပြ ၊ မပြရင် busy အနီရောင်ပြ ။ အဲလိုမှမဟုတ်လို့ ကွန်ပျူတာကို ပစ်ထားရင် အဝါရောင် idle ပေါ်ပါတယ်။Gtalk မှာ Invisible mode နဲ့ ဘာရောင်မှမပြပဲ off line လိုလိုလုပ်ထားပြီး ကိုယ် ပြောချင်တဲ့သူနဲ့ပဲပြောနေလို့မရပါဘူး။ Gmail မှာပဲရပါတယ်။ ဒါပေမယ့်တချို့ Gtalk မှာသုံးလို့ရတဲ့ function တွေကြတော့ Gmail မှာ သုံးလို့မရပြန်ပါဘူး။
                              အခုတင်ပြမယ့် Gtalk labs edition မှာတော့ invisible mode လို့ခေါ်တဲ့ off line ပြထားလို့ရတဲ့ function ပါပါတယ်။ ပုံမှန်အတိုင်း Available mode နဲ့ Busy mode ကိုလည်းပြလို့ရပါတယ်။ ထို့အပြင် Orkut နဲ့ Google calendar ကိုပါဖွင့်ဖို့ link ပါပါတယ်။ Group လိုက်လည်း chat လို့ရပါတယ်။ Official Gtalk နဲ့ ကွာခြားတာတွေကတော့ Call မပါတဲ့အတွက် စကားပြောလို့မရပါဘူး။ File တွေကို ပို့လို့မရပါဘူး။ သူ့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ off line ပြပြီး ကိုယ်ပြောချင်တဲ့သူနဲ့ပဲ ပြောနေဖို့ပါ။ Off line ပြထားတဲ့အတွက် ကိုယ်မပြောမချင်း သူများကပြောမှာမဟုတ်ပါဘူး။ မိမိအနေနဲ့ကတော့ on line မှာရှိနေတဲ့ သူအားလုံးကို တွေ့နေရမှာပါ။


                              Download လုပ်ရန်အတွက် "Help us improve Google Talk, Labs Edition by allowing us to collect anonymous usage statistics." ဆိုတဲ့ စာကြောင်းရဲ့ ရှေ့က check box မှာ အမှန်ခြစ် ခြစ်ပေးပါ။ ပြီးလျှင် "Agree and download" ကိုနှိပ်ပြီး download လုပ်ပါ။

8 comments:

  1. Anonymous14/5/10

    ကျေးဇူးပါ...
    ဒါလေးကို ရှာနေတာ ကြာပါပြီ
    ခုတော့ မျက်စိလည်လာရကျိုး နပ်သွားတယ်
    တစ်ခု သိချင်တာက IP လိပ်စာတွေ
    ချိန်းလို့ ရတဲ့ ဆော့ဝဲ သို့မဟုတ် နည်းလမ်း လေး
    သိချင်ပါသေးတယ်

    ReplyDelete
  2. Anonymous14/5/10

    ကျေးဇူးပါ မမေပယ်လ်ခမျာ ... IP လိပ်စာချိန်းပေးနိုင်တဲ့ Software ကို အောက်က Link မှာသွားရောက် download လုပ်နိုင်ပါတယ်ခမျာ... :)
    http://stamedia.blogspot.com/2010/05/ip-address-platinum-ip-hider-2082-pre.html

    ReplyDelete
  3. Dear,,,

    thx soo much

    Moht

    ReplyDelete
  4. Reply to han
    Thank you .. :)

    ReplyDelete
  5. အကို ၁ခုလောက်မေချင်လို့ gtalk labs edition install လုပ်ထားပြီးရင် ရိုးရိုး gtalk ရောသုံးလို့ရပါ့မလားအကို ကျနော်မေချင်တာက ၂ခုတပြိုင်ပြီးသုံးချင်တာမဟုတ်ပါဘူး ၁ခါ၁ လေမှာ ပုံ:ပြီးနေချင်လို့ပါ ရိုးရိုး gtalk ကိုလဲမသုံးလို့လဲမရလို့ပါအကို

    ReplyDelete
  6. အကိုရတယ်ဗျကျနော်လုပ်ကြည်.တာ ဒါပေမယ့် မြန်မာလိုမပေါ်လို့ဘယ်လိုလုပ်ရမလဲ? ကူညီပေးပါဦး အကို

    ReplyDelete
  7. Reply for BO
    ဟုတ်တယ် အစ်ကို BO ရေ.. အဲဒါက သူ့ရဲ့အားနဲချက်ပဲဗျာ.. အဲဒါသာ မြန်မာလိုပေါ်ရင် တော်တော် အဆင်ပြေမယ်ဗျာ.. Labs Edition ဖြစ်လို့ နောက်ပိုင်း Version မြှင့်လိုက်ရင်တော့ Unicode ပါလာကောင်းပါရဲ့ဗျာ.. ကျေးဇူးပါအစ်ကိုရေ.. :)

    ReplyDelete