သင့် desktop screen ကို 3D desktop screen အဖြစ်ပြောင်းလဲပေးမယ့် BumpTop
               သင့်ကွန်ပျူတာ desktop screen ကို 360 ဒီဂရီ 3D desktop screen အဖြစ်ဒီ BumpTop software ကပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အထက်ပါ video တွင်ပြထားသည့်အတိုင်း သင်နှစ်သက်ရာ shortcut များ၊ ရုပ်ပုံများနှင့် အခြား file များကို သင့်စိတ်ကြိုက် အရွယ်အစားအလိုက် နေရာချထားနိုင်သလို၊ စနစ်တကျလည်း စီစဉ်ထားနိုင်ပါတယ်။ Facebook, Twitter အစရှိတဲ့ social media များကိုလည်း shortcut များအဖြစ်စီစဉ်ပေးထားပါတယ်။ Print ထုတ်ရန် printer shortcut နှင့် note အလွယ်တကူရေးနိုင်ရန် sticky note များလည်းပါဝင်ပါတယ်။ BumpTop ကို install လုပ်၍ စပြီး run တဲ့အချိန်မှာ tutorial များနှင့်ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက် အသုံးပြုရလွယ်ကူစေပါတယ်။


ဒီထက်မကအောင်မြင်ပါစေကျေးဇူးပါ
ReplyDelete