Home

Internet Download Manager တွင် Toolbar icon အသစ်များထည့်သွင်းပုံ

                                       Internet Download Manager (IDM) တွင် မူရင်းပါဝင်သော Toolbar Icon များအပြင် Icon Set အသစ်များကိုလည်း ပြောင်းလဲထည့်သွင်း အသုံးပြုနိုင်ပါတယ်။ မူရင်း Default အနေနဲ့ Classic Buttons နှင့် 3D Style ဟူ၍ Icon Set ၂ မျိုးပါဝင်ပါတယ်။ Icon Set အသစ်များကို Download လုပ်ရန် Internet Download Manager Menu bar မှ View >> Toolbar >> Look for new ကို Click နှိပ်ပါ။ သင်၏ Browser တွင် Internet Download Manager Toolbar Customization Page ကိုရောက်သွားပါလိမ့်မယ်။ နှစ်သက်ရာ Toolbar Icon Set ကို download လုပ်ပါ။ ပြီးလျှင် Download File ကို Winrar (or) Winzip နှင့် ပြန်ဖြည်၍ ရရှိလာသော file များအားလုံးကို Copy ကူးပါ။ ထို့နောက် C: >> Program Files >> Internet Download Manager >> Toolbar သို့သွားပြီးလျှင် Paste လုပ်ပေးပါ။
                                      ပြီးလျှင် Internet Download Manager ကို Exit လုပ်၍ ပြန်ဖွင့်ပါ။ ထို့နောက် Internet Download Manager Menu Bar တွင် View >> Toolbar အတိုင်းအဆင့်ဆင့် သွားကြည့်လျှင် မူရင်း Default Icon Set များဖြစ်သည့် Classsic Buttons နှင့် 3D Style များ၏အောက်တွင် အသစ်ထည့်လိုက်သည့် Icon Set ကိုတွေ့လျှင် ရွေးချယ်ပေးလိုက်ပါ။ Internet Download Manager Toolbar Icon များပြောင်းလဲသွားသည်ကို တွေ့ရပါလိမ့်မည်။


0 comments: