Home

Wondershare USB Drive Encryption ကိုအသုံးပြု၍ USB, Memory Card နှင့် External Hard Disk များကို Lock ချနည်း

                                    USB, Memory Stick, External Hard Disk စတဲ့ Portable Flash Device များရှိ Data များကို Encrypt လုပ်ခါ Password ဖြင့် Lock ချပေးသည့် Wondershare USB Drive Encryption 1.0 ပါ။ Device တစ်ခုလုံးကို Lock ချမည်မဟုတ်ပဲ၊ မိမိနှစ်သက်သလောက် Memory ပမာဏ ကို Secure Area အဖြစ် ဖန်တီးခါ ၎င်း Secure Area ကို Password ဖြင့် Lock ချပေးမှာဖြစ်ပါတယ်။ သေးငယ်သည့် Standalone Portable Software တစ်ခုကို Device အတွင်းထည့်သွင်းပေးပြီး၊ ၎င်း Device အတွင်းရှိ Secure Area ကိုဖွင့်တိုင်း Password ထည့်ပေးရမှာဖြစ်ပါတယ်။ Secure Area Memory ပမာဏကို မိမိလိုအပ်သလို ချိန်ညှိပေးနိုင်ပြီး၊ Lock ချလိုသည့် Data များကို ၎င်း Secure Area အတွင်းသို့ Drag ဆွဲ၍သော်လည်းကောင်း၊ Copy/Paste လုပ်၍သော်လည်းကောင်း ထည့်ထားပေးရမှာဖြစ်ပါတယ်။
                                    Download File ထဲရှိ Setup File ကို Install အရင်လုပ်ပါ။ Register လုပ်စရာ၊ Serial Key ထည့်စရာမလိုသေးပါဘူး။ ပြီးလျှင် Password ထည့်သွင်းလိုသည့် USB Flash Device/ Memory Card/ External Hard Disk ကို PC တွင်ဆက်သွယ်၍ Data များကို Back Up လုပ်ဖြစ်အောင် အရင်လုပ်ပါ။ (Install လုပ်သည့်အချိန်တွင် Device တစ်ခုလုံးကို တချိန်တည်း Auto Format ချသွားမှာဖြစ်ပါတယ်။) Back Up လုပ်ပြီးလျှင် အထက်ပါပုံတွင်ပြထားသည့်အတိုင်း PC တွင်ဆက်သွယ်လိုက်သည့် Flash Device ကို Auto Detect လုပ်ပေးနိုင်ရန် Refresh Button ကို နှိပ်ပေးပါ။ ပြီးလျှင် Secure Area Size (Memory ပမာဏ) ကို ဘယ်၊ ညာရွေ့၍ မိမိလိုအပ်သလောက် ညှိပေးပါ။ ထို့နောက် Install Button ကိုနှိပ်ပေးလျှင် User Name နှင့် Password သတ်မှတ်ရန်အတွက် Account Information Window ကျလာပါလိမ့်မယ်။  အသုံးပြုလိုသည့် User Name နှင့် Password များကိုသတ်မှတ်၍ OK ကိုနှိပ်လိုက်လျှင် Device ကို Format ချ၍ Install လုပ်တော့မည့် အကြောင်းနှင့် Data များကို Back Up လုပ်ပြီး၊ မပြီး သတိပေးသည့် Window ကျလာပါလိမ့်မယ်။ Back Up မလုပ်ရသေးလျှင် Cancel ကိုနှိပ်၍ Back Up ပြန်လုပ်ပါ။ Back Up လုပ်ပြီးလျှင် OK ကိုနှိပ်ပေး၍ Install လုပ်ပါ။
                                      Install လုပ်ပြီးလျှင် Device အတွင်း Secure Area ကို ဖန်တီးပြီးဖြစ်ကြောင်း ဖေါ်ပြပါလိမ့်မယ်။ OK ကိုနှိပ်ပေးလိုက်ပြီးနောက် Install လုပ်လိုက်သည့် Device ပွင့်လာပြီး၊ Secure Area Icon ကိုတွေ့ရမှာဖြစ်ပါတယ်။ Secure Area ကိုဖွင့်၍ User Account Control ကို Allow ကိုနှိပ်ပေးပါ။ User Account Login Window ကျလာပြီးနောက် အထက်တွင်သက်မှတ်ခဲ့သည့် Password ကိုထည့်ပေး၍ Open ကိုနှိပ်ပေးပါ။ အထက်ပါပုံအတိုင်း Register Window ကျလာပါလိမ့်မယ်။ Licensed Email နေရာတွင် သင်၏ Email သို့မဟုတ်၊ အခြား Email တစ်ခုခုကို ထည့်ပေးပါ။ Registration Code နေရာတွင် Download File ထဲတွင်ပါဝင်သော Serial Text File အတွင်းရှိ Registration Code များကို Copy ကူး၍ ထည့်ပေးပြီးလျှင် Register Button ကို နှိပ်ပေးပါ။
                                       System Tray တွင် အထက်ပါပုံတွင် ပြထားသည့် အတိုင်း USB Drive Encryption Agent Icon ပေါ်လာပြီးလျှင် သင်၏ Secure Area Window ပွင့်လာပါလိမ့်မယ်။ Password ဖြင့် Lock ချ၍ သိမ်းဆည်းလိုသော Data များကို ၎င်း Secure Area အတွင်းသို့ Drag/Drop (သို့မဟုတ်) Copy/Paste လုပ်၍ ထည့်ပေးလိုက်ပါ။ Public ထားလိုသည့် Data များကို Secure Area ၏ပြင်ပတွင်ထားရမည့်ဖြစ်ပြီး၊ နောက်တစ်ကြိမ် သင်၏ Flash Device ကိုဖွင့်တိုင်း Public Data များနှင့် Secure Area ကို တွဲလျက်အောက်ပါပုံအတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။ Public Data များကို သာမန်အတိုင်းဖွင့်နိုင်ပြီး၊ Secure Area တွင်ထည့်သွင်းထားသော Data များကို ဖွင့်ရန် Secure Area ကို ဖွင့်၍ User Account Control ကို Allow ပေးခါ Password ထည့်ပေးပြီး အသုံးပြုရမှာဖြစ်ပါတယ်။
                                        Flash Device ကို PC မှပြန်ဖြုတ်လိုပါက အသုံးပြုနေသည့် Flash Device Data Window များကိုပိတ်ပြီးလျှင် System Tray ရှိ Agent of USB Drive Icon ပေါ်တွင် Right Click နှိပ်၍ Exit ကိုနှိပ်ခါ Device ကိုဖြုတ်ယူနိုင်ပါတယ်။
                                        Password များကို ပြောင်းလိုပါက အထက်ပါပုံတွင်ပြထားသည့်အတိုင်း Password တောင်းသည့် Window တွင် Setting ကို Click နှိပ်၍ ယခင် Password များကို မှန်ကန်စွာထည့်ခါ Password အသစ်ကို ထည့်ပေးပြီး၊ Change ကိုနှိပ်ပေးရပါမယ်။
                                        Flash Device တွင်ထည့်သွင်းထားသော Secure Area ကိုပြန်လည် Uninstall လုပ်လိုပါက အရင်ဆုံး Secure Area အတွင်းရှိ Data များကို Back Up လုပ်ထားပေးရပါမယ်။ ထို့နောက် Wondershare USB Drive Encryption (Desktop Software) ကို ဖွင့်၍ Uninstall လုပ်လိုသည့် Device ကိုဆက်သွယ်ခါ Refresh Button ကိုနှိပ်ပေးပါ။ ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း Uninstall Button ကိုနှိပ်ပေးပါ။ ထို့နောက် Are you sure to continue ? မေးလာလျှင် OK ကိုနှိပ်၍ User Name နှင့် Password ကိုမှန်ကန်စွာ ထည့်ပြီး၊ Uninstall လုပ်နိုင်ပါတယ်။
                                          အခြား Flash Device များတွင် Secure Area ထည့်သွင်းလိုပါကလည်း အထက်ပါအတိုင်း Back Up လုပ်ခါ Wondershare USB Drive Encryption (Desktop Software) ကို အသုံးပြု၍ Install လုပ်ပေးရပါမယ်။ ၎င်း Desktop Software မှာ Flash Device အတွင်းသို့ Secure Area Install လုပ်ရန်နှင့် Uninstall လုပ်ရန်အတွက်သာအသုံးပြုခြင်းဖြစ်ပြီး၊ Flash Device အတွင်းမှ Secure Area ကိုဖွင့်ရန် အတွက် အသုံးပြုစရာမလိုပါဘူး။ အခြား Device များတွင် Install လုပ်ပေးလျှင် Register ထပ်မံပြုလုပ်ပေးရမည်ဖြစ်ပြီး၊ Download File ထဲတွင်ပါဝင်သော Registration Code ကိုပဲထပ်မံအသုံးပြုနိုင်ပါတယ်။ User Account ကို ပြောင်းလဲနိုင်သောကြောင့် အခြားသူများ၏ Flash Device များကိုပါ Install လုပ်ပေး၍ အသုံးပြုစေနိုင်ပါတယ်။ မိမိမှ Install လုပ်ပေးပြီးလျှင် နောက်ပိုင်း ၎င်း Device ပိုင်ရှင်ကိုယ်တိုင် Password ကိုပြောင်းလဲပြီး၊ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

0 comments: