Home

Surveillance Camera System အတွက်အသုံးပြုနိုင်မည့် H264 WebCam Deluxe 3.71

                                       IP Network Camera, USB Camera , Capture Card စသော Live Video Recording Hardware များနှင့် တွဲဖက်၍ Surveillance System တစ်ခုကို ဖန်တီးပေးနိုင်မည့် H264 WebCam Deluxe 3.71 Latest Version ပါ။ 30 fps (Frame per second) နှုံးနဲ့ Record လုပ်နိုင်ပြီး၊ တိုက်ရိုက် Local ရော၊ Internet Live Broadcasting  ပါပြုလုပ်ပေးနိုင်သောကြောင့် Internet Explorer ကဲ့သို့ Browser များမှလည်းကောင်း၊ Local Station မှလည်းကောင်း တိုက်ရိုက် ကြည့်ရှုအသုံးပြုနိုင်ပါတယ်။ Motion Detection များကို အသံနှင့်သာမက Email, FTP တို့နှင့်ပါ Alert လုပ်ပေးနိုင်ပါတယ်။ ထို့အပြင် အသုံးပြုသည့် Camera အရည်အသွေးကို H264, XVID နှင့် Flash multimedia stream Quality ဖြစ်အောင် Encode ပြုလုပ်ပေးနိုင်ပါသေးတယ်။
                                         ၎င်း Video Streaming File များကို Flash player, Quicktime, Realplayer, Windows Media Player, IE သို့မဟုတ် Firefox browser on remote PC, Macintosh, iPhone စသည်တို့နှင့် ကြည့်ရှုနိုင်ပါတယ်။ Video Channel အနေနဲ့ ၁၆ ခုတပြိုင်တည်း Record လုပ်နိုင်ပါတယ်။ သိမ်းဆည်းနိုင်တဲ့ Video File Format များကတော့ အသုံးများသည့် ASF, WMV, MP4, MOV, FLV, SWF, AVI စသော format များဖြစ်ပါတယ်။ Audio Format အနေနဲ့ AAC, MP3, WMA Format များနှင့် သိမ်းဆည်းနိုင်ပါတယ်။ IP Camera ကိုအသုံးပြုလိုပါက H264 User Name တစ်ခုကို IP Address နှင့် တွဲ၍ Account တစ်ခုပြုလုပ်ပေးရမည်ဖြစ်ပြီး၊ ၎င်း User Name နှင့် IP Camera များကို Network မှတဆင့် ထိမ်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
                                         Download လုပ်ပြီးနောက် Rar File ကိုဖြည်၍ H264 WebCam ကို Install လုပ်ပေးပါ။ ပြီးလျှင် Exit လုပ်၍ ပြန်ဖွင့်လျှင် အထက်တွင်ပြထားသည့်အတိုင်း Registration Window ကျလာလျှင် Download File တွင်ပါဝင်သော Serial Key ကိုထည့်ပေးလိုက်လျှင် Deluxe Full Version ကိုအသုံးပြုနိုင်ပါပြီ။ 5 MB ကျော်သာရှိ၍ Window XP, 2000, Vista, 7 များမှာ အသုံးပြုနိုင်ပါတယ်။

0 comments: