Home

Help

Rar (သို့မဟုတ်) Zip File ကိုပြန်ဖြည်ပုံ
                                    Rar (သို့မဟုတ်) Zip နှင့် ဆုံးသော File များကို ပြန်ဖြည်နိုင်ရန်အတွက် Winzip (သို့မဟုတ်) Winrar Software တစ်ခုခုရှိရန် လိုအပ်ပါသည်။ Winzip Software ကို ဤနေရာတွင် လည်းကောင်း၊ Winrar Software ကို ဤနေရာတွင် လည်းကောင်း Free Trial Download ရယူနိုင်ပါသည်။ (နောက်ပိုင်း Full Version အသုံးပြုလိုပါကလည်း အချိန်မရွေး ပြန်လည် Uninstall ပြုလုပ်ပေးနိုင်ပါသည်။) ၎င်း Software တစ်ခုခုကို Window တွင် Install ပြုလုပ်ပြီးလျှင်၊ Rar (သို့မဟုတ်) Zip File များကို ပြန်ဖြည်နိုင်ပါပြီ။ ပထမဦးစွာ ပြန်ဖြည်လိုသော File တည်ရှိရာ Folder ကို အရင်ဖွင့်ပါ။ ပြီးလျှင် အောက်ပါ Video တွင် ပြထားသည့်အတိုင်း ဖြည်လိုသည့် Rar (သို့) Zip File ပေါ်တွင် Right Click နှိပ်၍ ၎င်း Right Click Menu ရှိ Winzip (သို့မဟုတ်) Winrar သို့သွားပါ။ ပြီးလျှင် Extract to here ကို Click နှိပ်လိုက်လျှင် အောက်ပါ Video တွင်ပြထားသည့်အတိုင်း Window နှင့် အသုံးပြုရန် သင့်တော်သော မူရင်း File များ ရရှိလာပါလိမ့်မည်။



                                       * တိကျပြတ်သားစွာ ကြည့်ရှုလိုပါက Keyboard မှ F Key ကိုနှိပ်၍ Full Screen Mode ကိုအသုံးပြုပါ။

0 comments: