Home

Gtalk မှာအမြဲတမ်း idle status အဝါရောင်ပြပေးမယ့် galwaysidle

                                   သင့်ကွန်ပျူတာကို ဖွင့်ထားပြီး မသုံးပဲ အချိန်အတန်ကြာ ထားလိုက်မယ်ဆိုရင် Gtalk ရဲ့ status မှာ အဝါရောင် idle ကိုအလိုလို ပြောင်းသွားပါတယ်။ သင်ကွန်ပျူတာရဲ့ အဝေးမှာ ရောက်နေတယ်လို့ သင့်သူငယ်ချင်းများကို ယူဆစေပါတယ်။ သင်ကွန်ပျူတာကို ပြန်မသုံးသေးသမျှ အဝါရောင်ပဲပြနေမှာပါ။ သုံးလိုက်ပြီဆိုတာနဲ့ ချင်ချင်း အဝါရောင်ကနေ အစိမ်းရောင် Available ဒါမှမဟုတ် အနီရောင် Busy ကိုပြန်ပြောင်းသွားမှာပါ။ သင်သုံးနေသမျှ အဝါရောင် idle ပေါ်မှာမဟုတ်ပါဘူး။ ကွန်ပျူတာကိုလည်းသုံးချင်တယ်၊ Gtalk ရဲ့ status မှာလည်း အဝါရောင် ပြထားချင်တယ် ဆိုရင် သင်လက်ရှိုသုံးနေတဲ့ Official Gtalk ကို "galwaysidle" လို့ခေါ်တဲ့ plug in တစ်ခုနဲ့ တွဲပြီး ဖွင့်ရပါမယ်။

                                    Galwaysidle ကို download လုပ်ပြီး install လုပ်ပါ။ ၎င်းနောက် Gtalk ကို ပြန်ဖွင့်ပါ။ ပြီးလျှင် toolbar မှာရှိတဲ့ သင့် Gtalk icon ပေါ်မှာ right click နှိပ်ပါ။ Normal idle , Always idle နဲ့ Never idle ဆိုပြီး တွေ့ရပါလိမ့်မယ်။ ပုံမှန် Gtalk အတိုင်း သင်ကွန်ပျူတာကို မသုံးလျှင် အဝါရောင်၊ သုံးလျှင် အစိမ်းရောင် သို့မဟုတ် အနီရောင် ပေါ်လိုပါက Normal idle ကိုရွေးပါ။ သုံးသုံး မသုံးသုံး အဝါရောင် အမြဲပြထားချင်တယ် ဆိုရင် Always idle ကို ရွေးပါ။ ဘယ်တော့မှ အဝါရောင်မပြချင်ဘူးဆိုရင်တော့ Neveridle ကိုရွေးပါ။

1 comment:

  1. ယခု--download လုပ်၍ရသွားပါပြီ၊
    ကျေးဇူးအထူးတင်ပါသည်ခင်ဗျား။

    ReplyDelete