Home

Gmail window မှာ နိုင်ငံတကာမှအချိန်များကို ဖေါ်ပြပေးမည့် clock gadget

                               နိုင်ငံတကာမှ အချိန်များကို သင့်ရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သင့်လက်ရှိအချိန်နှင့်အညီ ဂရင်းနစ်စံတော်ချိန်အတိုင်း သင်သတ်မှတ်ထားတဲ့ နိုင်ငံတကာမှ အချိန်များအားလုံးကို ကြည့်နိုင်ပါတယ်။ Gadget လို့ခေါ်တဲ့ window အသေးစားလေးကိုသင့် Gmail မှာ ထည့်လိုက်ရုံပါပဲ။
                              သင့် Gmail မှာ clock gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။
                     http://gad.getpla.net/poly/clock.xml

                              ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး clock window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ Add a clock ကိုနှိပ်ပြီး သင်ကြည့်လိုတဲ့မြို့နံမည်များကို ရွေးလိုက်ပါ။ ဒါဆိုရင် သင့် Gmail window မှာသင်ကြည့်လိုတဲ့ နိုင်ငံ (သို့မဟုတ်) မြို့ကြီးများမှ အချိန်များကို အလွယ်တကူသိနိုင်ပါပြီ။
                              သင့် Gmail window ရဲ့ ညာဘက်မှာ window အသေးလေးတွေနဲ့ များပြီး ရှုပ်နေတယ်ဆိုရင် chat window ကို ညာဘက်ကိုရွှေနိုင်ပါတယ်။ ဒီနေရာမှာ Chat window ကိုညာဘက်ကိုဘယ်လို ရွေ့ရမလဲဆိုတာကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

0 comments: