Home

နိုင်ငံ (၆) နိုင်ငံကို on line မှ မိုဘိုင်းဖုန်းများသို့ free sms ပို့ပေးမယ့် 160by2

                              စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ UAE နဲ့ ကူဝိတ်နိုင်ငံများအတွင်း on line မှ free sms ပို့လိုသူများအတွက်ပါ။ သင့် Email account နှင့် ဖုန်းနံပါတ်ကို အထက်မှာပြထားသောပုံအတိုင်း register လုပ်ရုံပါပဲ။ သင့်ဖုန်းနံပါတ်နဲ့ သင့်နာမည်နဲ့ကိုလည်း save လုပ်ထားလို့ရပါတယ်။ သင် on line ကနေ ဖုန်းနံပါတ်တစ်ခုကို sms ပို့လိုက်ရင် တစ်ဖက်လူဆီမှာ သင့် ဖုန်းနံပါတ်နဲ့ပဲသွားပေါ်မှာပါ။

                              My contacts menu ကိုသင့် account မှာထည့်သွင်းပေးထားတဲ့အတွက် သင်မှတ်ထားလိုတဲ့ ဖုန်းနံပါတ်နဲ့ နာမည်များကိုလည်း သင့် account မှာပဲ မှတ်ထားလို့ရပါတယ်။ ကြော်ငြာအနည်းငယ် ပါတာကလွဲလို့ အားလုံးက သင့်ဖုန်းနဲ့ တိုက်ရိုက်ပို့သလိုပါပဲ။ ပြည်တွင်း free ပို့လို့ ရသလို၊ အထက်ပါ ၆ နိုင်ငံသို့လည်း free ပို့လို့ရပါတယ်။ သင် register လုပ်ပြီးတာနဲ့ သင့် Email ကို verify လုပ်ရန် Email တစ်စောင် ပို့ပါမယ်။ သင့် Email inbox သို့ဝင်ပြီး verify လုပ်ပေးလိုက်ပါ။ သင့်ဖုန်းကိုလည်း sms တစ်စောင်ပို့ပါလိမ့်မယ်။ ဒါဆိုရင် ပို့လို့ရပါပြီ။ သင်ပို့မယ့်ဖုန်းနံပါတ်ရဲ့ နိုင်ငံကုတ်ကိုထည့်ရေးစရာမလိုပါဘူး။ ဤ post ရေးနေတဲ့အချိန်ထိ free ရတုန်းပါ။

0 comments: