Home

Desktop Screen ကို လျို့ဝှက်စွာ Auto ဓာတ်ပုံရိုက်ထားနိုင်မည့် AutoScreenShoot (Portable)

                                      ကွန်ပျူတာ Desktop Screen (full screen) ကို သတ်မှတ်ပေးထားတဲ့ အချိန်တိုင်းမှာ Automatic လျို့ဝှက်စွာ ဓာတ်ပုံရိုက်ပေးနိုင်သည့် Software ပါ။ Run ပြီးသည့်နောက် Minimize လုပ်ထားလျှင်တောင် ၎င်း Application နှင့်သက်ဆိုင်သည့်၊ မည်သည့် icon, မည်သည့် signal မျှ ပြမည်မဟုတ်သောကြောင့် လက်ရှိအသုံးပြုနေသည့် User ကိုယ်တိုင်တောင် ၎င်း Application ကို run နေမှန်း သိရှိနိုင်မည်မဟုတ်ပါ။ Full size (သို့မဟုတ်) Thumbnail size ကို JPG format အဖြစ် save လုပ်ထားနိုင်ပြီး၊ save လုပ်မည့် folder location ကို နှစ်သက်ရာ သတ်မှတ်ပေးထားနိုင်ပါတယ်။ ပုံအဟောင်းများကို Auto delete လုပ်ပေးပါတယ်။

                                     Auto Capture လုပ်ထားသည့် ပုံများကို ပြန်ကြည့်လိုပါက မူလသတ်မှတ်ထားသည့် Folder တွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Auto Capture ပြုလုပ်ခြင်းကို ရပ်လိုပါက Option menu ရှိ Delay between two Shoots မှာ "0" Zero ရိုက်ထည့်ပေးရပါမယ်။ Minimize လုပ်ထားလျှင် System Tray တွင် icon ပုံပေါ်စေလိုပါက Display a tray icon တွင် tick လုပ်ပေးထားရပါမယ်။ အကယ်၍ Display a tray icon တွင် tick မလုပ်ပဲ၊ Run ခဲ့ပါက Application ကိုပြန်၍ Exit လုပ်ရန် Task Manager မှသွား၍ End Task ကိုအသုံးပြုခါ၊ Exit လုပ်နိုင်ပါတယ်။ 1.9 MB သာရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာအသုံးပြုနိုင်ပါတယ်။

0 comments: